ပုသိမ်အိမ်ခြံမြေဈေးကွက် အရောင်းအဝယ်အေးပြီး အငှားသွက်နေ - Property News in Myanmar from iMyanmarHouse.com
1187 Views

ပုသိမ်အိမ်ခြံမြေဈေးကွက် အရောင်းအဝယ်အေးပြီး အငှားသွက်နေ

ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့နယ် အိမ်ခြံမြေ ဈေး ကွက်တွင် ယခုနှစ်ဆန်းပိုင်းအ တွင်း မြို့တွင်း အိမ်ခြံမြေ အရောင်း အဝယ်အေးနေ ပြီး ရပ်ကွက်သစ်များ တွင်သာ အရောင်းအဝယ်အနည်း ငယ်ဖြစ်နေ ကာ အိမ်အငှားဈေး ကွက် ကောင်းနေကြောင်း အိမ်ခြံမြေ အကျိုး ဆောင်များထံမှ သိရသည်။

ပုသိမ်မြို့တွင် အထည်ချုပ်စက် ရုံများတိုးလာခြင်းနှင့် ရွှေ့ပြောင်းလုပ် သားများလာခြင်းတို့ကြောင့် အငှား ဈေးကွက်ကောင်း မွန်နေခြင်းဖြစ် ကြောင်း ပုသိမ် မြို့မှ မြန်မာနိုင်ငံအိမ် ခြံမြေလုပ်ငန်း ရှင်များအသင်းဝင် အိမ် ခြံမြေအကျိုးဆောင် ကိုဝင်းလေး က ပြောသည်။

”ဒီနှစ်ပိုင်းအတွင်း ပုသိမ်အိမ် ခြံမြေဈးကွက်က အဓိကအားဖြင့် မြို့ တွင်း နဲ့ဝေးတဲ့နေရာတွေ၊ ရပ်ကွက်တွေ မှာပဲ အရောင်း အဝယ်ပိုဖြစ်ပါတယ်။ မြို့ထဲကတော့ အရမ်းအရောင်းအေး တယ်။ နယ်က အလုပ်လာလုပ်တဲ့ သူ တွေ စုပြီးတော့ အရင်က ငှားနေပြီး အ ခုမှနည်းနည်းသက်သာ တဲ့ မြေလေး ဝယ်နေမယ်ဆိုတဲ့ မိသားစုတွေ ဝယ် တာများပါတယ်။

အိမ် အငှားဈေး ကွက် ကတော့ တော်တော်လေးကောင်း တယ် လို့ဆိုရမှာပါ” ဟု ကိုဝင်းလေး က ပြော သည်။

မြို့တွင်းပိုင်းရှိ အိမ်ခြံမြေဈေး ကွက်မှာ ဈေးနှုန်းမြင့်မားခြင်းနှင့် စီး ပွားရေး လုပ်ငန်းများ တည်ထောင် ထားခြင်းကြောင့် ပြန် လည်ရောင်း ချ မှု နည်း ပါးခြင်းဖြစ်သည်ဟု သိရသည်။

ထို့အပြင် ပုသိမ်မြို့ပတ်ဝန်းကျင် တွင် မြေယာနှင့်ပတ်သက်သော အ ငြင်းပွား မှုများ၊ ပြဿ နာများရှိသဖြင့် လုပ်ငန်းရှင်များမှာ အိမ်ခြံမြေများ ရင်းနှီးမြှုပ်နှံ ရာတွင် နည်းပါးလာခြင်း ဖြစ်ကြောင်း အိမ်ခြံမြေအကျိုးဆောင် များက သုံးသပ်ကြသည်။

အိမ်ခြံမြေအရောင်းအဝယ်နှင့် ပတ်သက်ပြီး ဥပဒေအရ တိကျသေ ချာ စွာ ရောင်း ဝယ်သင့်ပြီး ယခုနှစ် ဆန်းပိုင်းအတွင်း အိမ်ခြံမြေအရောင်း အဝယ်နှင့်ပတ်သက်သော အမှုအခင်း များရှိခဲ့သည်ဟု ပုသိမ်မြို့မှ အထက် တန်းရှေ့နေ ကိုဇော်ထိုက် က ပြော သည်။

”အိမ်ခြံမြေရောင်းဝယ်ရင် ဥပဒေအရ တိကျဖို့ မှတ်ပုံတင်တာ၊ စာချုပ်ချုပ်တာ တို့ လုပ်ပြီးမှ ရောင်း ဝယ်သင့်ပါတယ်။ တချို့က နားလည် မှုနဲ့ အရောင်း အဝယ် လုပ်ကြတယ်။ ပြီးတော့ ပြဿ နာတွေတက်တယ်။ ကျွန်တော် သိသလောက် ပုသိမ်မှာ အိမ်ခြံမြေ နဲ့ ပတ်သက်တဲ့အမှုတွေ ပြဿ နာတွေ တော်တော်လေးရှိပါ တယ်။

ဒါကြောင့် ကျွန်တော်တို့အမြင် က အိမ်ခြံမြေ အရောင်းပြု လုပ်ရင် ဥပဒေကြောင်းအရ တရားဝင် သေချာ လုပ်ဆောင်သွားသင့်တယ်လို့ ထင်ပါ တယ်”ဟု ကိုဇော်ထိုက်က ပြောသည်။

လက်ရှိတွင် အရောင်းအဝယ် ဖြစ်သောနေရာများမှာ မြို့ပြင်ဖြစ် သည့် ပန်းဆက်၊ ရွှေဝါထွန်း၊ ဆင်း သီရိရပ်ကွက် စသည့်နေရာ များဖြစ် ပြီး အငှားဈေးကွက်တွင် မြိ့တွင်းရပ် ကွက်အချို့နှင့် ဆင်ခြေဖုံးရပ်ကွက် ဖြစ်ပြီး အထည်ချုပ်စက်ရုံနှင့်နီးသည့် ကင်မလင်း ကျွန်း ရပ်ကွက်တို့တွင် အ ငှားဖြစ်နေကြောင်း သိရသည်။

မြို့ပြင်ရှိရပ်ကွက်များတွင် အိမ် ခြံမြေ အရောင်းဈေးကွက်မှာ ပေ ၆၀ * ပေ ၄၀ ပတ်လည်တစ်ကွက်လျှင် ကျပ်သိန်း ၂၀ မှ ကျပ်သိန်း ၂၀၀ အ တွင်းရှိပြီး မြို့တွင်းတွင် တစ်ဧကဝန်း ကျင်လျှင် ကျပ်သိန်းထောင်ကျော် ပေါက်ဈေးရှိ ကာ အငှားဈေးမှာ တစ် လလျှင် အိမ်ငှားခ ကျပ် ၄၀၀၀၀ မှ ကျပ်သုံးသိန်း အထိ အသီးသီးရှိ ကြောင်း အိမ်ခြံမြေအကျိုးဆောင်များ ထံမှ သိရသည်။

Credit: ‎Democracytoday‬

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service