ယခင် ဆောက်လုပ်ထားသော အထပ်မြင့် အဆောက်အအုံ အများစု မီးဘေးအန္တရာယ် လုံခြုံ စိတ်ချရမှု အားနည်း - Property News in Myanmar from iMyanmarHouse.com
939 Views

ယခင် ဆောက်လုပ်ထားသော အထပ်မြင့် အဆောက်အအုံ အများစု မီးဘေးအန္တရာယ် လုံခြုံ စိတ်ချရမှု အားနည်း

ရန်ကုန်မြို့အတွင်းရှိ ယခင် ဆောက်လုပ်ထားသော အထပ်မြင့် လူနေအိမ်များ အပါအ၀င် ကုန်တိုက်များနှင့် ဟိုတယ်များတွင် မီးဘေး အန္တရာယ် လုံခြုံမှု စနစ်ထောက်ခံချက် လက်မှတ် ရရှိသော အဆောက်အအုံ ရာခိုင်နှုန်း နည်းပါးပြီး လုံခြုံရေး စနစ်အားနည်းနေကြောင်း မြန်မာနိုင်ငံ မီးသတ်ဌာန အဖွဲ့ချုပ်မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးတင်မင်းက ပြောသည်။
““၂၀၁၀ အရှေ့ပိုင်းမှာ ဆောက်ထားတဲ့ အဆောက်အဦး တော်တော် များများပေါ့။ ကျွန်တော်တို့ မီးသတ် ဌာနက ထုတ်ပေးတဲ့ မီးဘေး အန္တရာယ် လုံခြုံမှု စနစ်ရှိကြောင်း ထောက်ခံချက် လက်မှတ် ရထားတဲ့ အဆောက်အဦး သိပ်မရှိဘူး။ အခုနောက်ပိုင်း အဆောက်အဦးတွေမှသာ မီးဘေး လုံခြုံရေး စနစ်တွေ လုပ်ထားတာ တွေ့ရတယ်”” ဟု ၎င်းက ဆိုသည်။
ပြည်ထဲရေး ၀န်ကြီးဌာန လက်အောက်ရှိ မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့၏ မီးဘေးအန္တရာယ် လုံခြုံမှု စနစ်ရှိကြောင်း ထောက်ခံချက် လက်မှတ် ရရှိစေရန် အထပ်မြင့် အဆောက်အဦးများ ဆောက်လုပ်ရာတွင် မီးဘေး လုံခြုံမှုစနစ် ပါဝင်ရေး အတွက် အဆောက်အဦး မဆောက်လုပ်ခင် မီးသတ်ဌာန၏ အကြံပြုချက်များ ရယူရန် လိုအပ်ကြောင်းနှင့် ဆောက်လုပ် ပြီးစီးပါက မီးဘေး လုံခြုံမှုရှိ၊ မရှိ စစ်ဆေးမှုများ ပြုလုပ်ရန် လိုအပ်ကြောင်း ဦးတင်မင်းက ဆက်လက် ရှင်းပြသည်။
““အဆောက်အဦး ဆောက်တော့မယ် ဆိုရင် မီးသတ်နဲ့ နှစ်ကြိမ် တွေ့ရမယ်။ မဆောက်ခင် အဲဒီ အဆောက်အဦးမှာ မီးဘေး လုံခြုံမှု စနစ်အတွက် ဘာတွေ တပ်ရမယ် ဆိုတာ အကြံပေးမယ်။ ပြီးတော့ လနေခါနီး စစ်ဆေးမှု ပြုလုပ်မယ်။ မီးဘေး လုံခြုံမှုအတွက် လုပ်၊ မလုပ်။ ပြီးမှသာ ကျွန်တော်တို့ ဌာနက ထောက်ခံချက် လက်မှတ် ထုတ်ပေး တာပါ”” ဟု၎င်းကဆိုသည်။
ထိုသို့ မီးဘေး အန္တရာယ် လုံခြုံမှုရှိစေရန် အတွက် အထပ်မြင့် အဆောက်အဦများတွင် အရေးပေါ် လှေကား၊ အရေးပေါ် တံခါး၊ ပင်မ တံခါးတို့ အပြင် အဆောက်အဦး အထပ် အနိမ့်အမြင့် အပေါ် မူတည်၍ ရေဂါလန် ငါးထောင်မှ ဂါလန် သုံးသောင်း အထိ ထားရှိရန် လိုအပ်ကြောင်း မီးသတ်ဌာနမှ သိရသည်။
ရန်ကုန်မြို့တွင် အများပြည်သူ နေထိုင်နေသော အဆောက်အအုံများရှိ အရေးပေါ် ကယ်ဆယ်ရေး လှေခါးများ နှစ်အနည်းငယ် အတွင်းမှာပင် ပျက်စီးမှုများ ကြုံတွေ့နေရ သောကြောင့် ယင်းလှေခါးများမှာ အသုံးပြု၍ မရရှိသည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။ အများပြည်သူ မှာလည်း အသုံးပြု၍ မရတော့သည့် အရေးပေါ် လှေခါးများကို ပြုပြင်ပေးရန် ဆန္ဒရှိနေကြောင်း သိရသည်။

Credit: messenger

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

imyanmarmarket
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service