ငွေကြေးအခက်အခဲကြောင့် ကန်ထရိုက်တာများ အခန်းအပေါင်ထားပြီး လုပ်ငန်းလည်ပတ်နေရဟုဆို - Property News in Myanmar from iMyanmarHouse.com
3462 Views

ငွေကြေးအခက်အခဲကြောင့် ကန်ထရိုက်တာများ အခန်းအပေါင်ထားပြီး လုပ်ငန်းလည်ပတ်နေရဟုဆို

ဆောက်လုပ်ရေးလုပ် ငန်းများတွင် ငွေလည်ပတ်ရန် ခက်ခဲလာသဖြင့် ကန်ထရိုက်တာ များက ဆောက်လုပ်ပြီးသား အ ခန်းများကို အပေါင်ထားပြီး လုပ်ငန်း လည်ပတ်နေရကြောင်း သတင်းရရှိသည်။

‘‘စာချုပ်ချုပ်ထားပြီးသား မြေကွက်ကို ဆက်မဆောက်နိုင် တော့လို့ ဆောက်ပြီးသား အခန်း တွေကိုလိုက်ပြီး အပေါင်ထားနေ ရတယ်။ အခန်းတွေကို အပေါင်ခံ နေတဲ့သူတွေလည်း ရှိနေပြီ’’ဟု စမ်းချောင်းမြို့နယ်မှ လိုင်စင်ရ ကန်ထရိုက်တာတစ်ဦးက ပြော ကြားသည်။

ကြိုပွိုင့်ဖြင့် မရောင်းချနိုင် တော့သည့် တိုက်ခန်းများကို ကန် ထရိုက်တာများက ပေါင်နှံနေရ ခြင်းဖြစ်ပြီး ရေရှည်တွင် အတိုး နှုန်းကြီးမြင့်ခြင်း၊ တိုက်ခန်းပြန် မရွေးနိုင်ခြင်းများ ဖြစ်ပေါ်လာပါ က ကန်ထရိုက်တာများအတွက် အခက်ခဲဆုံးအချိန်နှင့် ကြုံတွေ့နေရပြီ ဖြစ်သည်။

တိုက်ခန်းများ ၀ယ်ယူရောင်း ချခြင်းကို အခွန်စည်းကြပ်မည်ဆို ခြင်း၊ ကွန်ဒိုဈေးကွက် ပူဖောင်း ပေါက်မည်ဟု သတင်းများ ထွက် ပေါ်နေခြင်းနှင့် ဆောက်လုပ်ရေး လုပ်ငန်းငယ်များ ငွေမလည်ပတ် မှုတို့ကြောင့် ရန်ကုန်မြို့၏ တိုက် ခန်းများ အရောင်းအ၀ယ် အေး စက်နေသည်ဟု ကြယ်စင်မြေ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း ရှင်က ပြောသည်။

‘‘ရေရှည်မှာ ကန်ထရိုက် တွေဆက်ပြီး မရပ်တည်နိုင်ရင် ထွက်ပြေးတဲ့ အခြေအနေတွေ တောင် ဖြစ်လာနိုင်တယ်။ ကန်ထ ရိုက်လောကအတွက်တော့ စိုးရိမ် စရာပဲ’’ ဟု မြန်မာနိုင်ငံဆောက် လုပ်ရေးလုပ်ငန်းရှင်များအသင်း မှ ဗဟိုအလုပ်အမှုဆောင်တစ်ဦး က သုံးသပ်သည်။

ရပ်ကွက်အတွင်း တည် ဆောက်သည့် ဆောက်လုပ်ရေး လုပ်ငန်းငယ်လေးများမှာ တိုက် ခန်းကို ကြိုပွိုင့်စနစ်ဖြင့် ၀ယ်ယူသူများ၏ ငွေပေးသွင်းမှုများမှ အများဆုံးရရှိသည့်ငွေကို အသုံးပြုပြီး လုပ်ငန်း လည်ပတ်သော ကြောင့် အဓိကအခက်အခဲများ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

ယင်းကဲ့သို့ ဖြစ်ပေါ်နေခြင်း ကို နိုင်ငံတကာတွင် ဆောက်လုပ် ရေးနှင့် ပတ်သက်သည့် ဘဏ်တစ်ခုခုက ၀င်ရောက်ထိန်းသိမ်းခြင်း၊ လုပ်ငန်းဆက်လက် လည်ပတ်ရန် ငွေချေးခြင်းများ ပြုလုပ်ပေးလေ့ ရှိပြီး မြန်မာနိုင်ငံတွင် ယင်းကဲ့သို့ အခြေအနေမျိုး မလုပ်ပေးနိုင်ပါ က ရေရှည်တွင် ကန်ထရိုက်တာ အငယ်များ ပြိုလဲနိုင်သည်ဟု စီး ပွားရေးပညာရှင် ဦးလှမောင်က သတိပေး ပြောကြားသည်။

ရန်ကုန်မြို့တွင် လွန်ခဲ့သည့် ၁၉၉၇ သည် ဆောက်လုပ်ရေးများ အားကောင်းခဲ့သည့် နှစ်ဖြစ်ခဲ့သည်။

လက်ရှိ အစိုးရလက်ထက် ၂၀၁၄ သည် အထပ်မြင့် အဆောက်အအုံ တည်ဆောက်ရန် ခွင့်ပြုမိန့်အများဆုံးရရှိသည့် နှစ်တစ် နှစ် ဖြစ်ခဲ့ပြီး ယခု ၂၀၁၅ တွင်မူ ဆောက်လုပ်ရေး လုပ်ငန်းများ အားကောင်းလာမှုကြောင့် ဈေး ကွက်တွင် ၀ယ်လိုအားနှင့် ရောင်း လိုအား မမျှတသည့် ပြဿနာ ဖြစ်လာနိုင်ကြောင်း စင်ကာပူအ ခြေစိုက် VDB Loi အတိုင်ပင်ခံ ကုမ္ပဏီက မြန်မာ အစိုးရအား တိုက်တွန်းပြောကြားထားသည်။

Credit: 7 day daily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

Upcoming Property Events

The Rich Villa
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service