စစ်တွေပွိုင့်အငူကို ယခုနှစ်ကုန်တွင် အပန်းဖြေစခန်းဖွင့်ရန် စီစဉ်
အဆိုပါနေရာကို ပြည်နယ်အစိုးရအစီအစဉ်ဖြင့် ယခုလမှ စတင်ကာ ဆောက်လုပ်ရေးလုပ် ငန်းများ ဆောင်ရွက်နေပြီး ရင်းနှီးမြှုပ်နှံမှုငွေ ကျပ်သိန်း ၇၀၀ ကျော် ဖြင့် တည်ဆောက်သွားမည်ဖြစ် ကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင်သဘာဝရှုခင်းလှပသော နေရာများနှင့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် များရှိသည့်အတွက် ဤကဲ့သို့ သောအပန်းဖြေစခန်းများတည် ဆောက်ခြင်းသည် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းတိုးတက်လာ စေရန် အထောက်အကူဖြစ်နိုင် ကြောင်း ရခိုင်ပြည်နယ်ဝန်ကြီး ချုပ် ဦးမောင်မောင်အုန်းကပြော သည်။
၂၀၁၂ က ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ရခိုင်ပြည် နယ်သို့ သွားရောက်လည်ပတ်မှု နည်းပါးခဲ့ပြီး ယခုနှစ်ပိုင်းမှသာ ပြည်တွင်းခရီးသွားလုပ်ငန်းအချို့ က ရခိုင်ပြည်နယ်ခရီးစဉ်များကို ပြန်လည်စတင်ခဲ့ခြင်းဖြစ်သည်။
‘‘စစ်တွေဘက်ကို အရင် တုန်းကတော့ ခရီးစဉ်တွေဆွဲခဲ့ဖူး တယ်။ပဋိပက္ခတွေဖြစ်ပြီးတဲ့ နောက်ပိုင်းနယ်မြေတည်ငြိမ်သွား တော့လည်း နိုင်ငံခြားသားတွေ သာသွားကြတာများတယ်။ ခု နောက်ပိုင်းမှ ခရီးသွားလုပ်ငန်း တွေက နေရာသစ်တွေရှာကြ တော့ ရခိုင်ပြည်နယ်ခရီးစဉ်က ပြန်ပြီးအသက်ဝင်လာသလို ဖြစ် လာတာ’’ဟု Tour Diamond အေဂျင်စီမှ မနန်းမြတ်သန္တာလွင် ကပြောသည်။
ထိုကမ်းခြေ နေရာသည် ဘင်္ဂလားပင်လယ်အော်နှင့် ထိစပ်လျက်ရှိပြီး ကမ်းခြေအရှည်မှာ ၁၀ မိုင်ခန့်ရှိကြောင်းသိရသည်။ စစ်တွေမြို့သို့ ရန်ကုန်မြို့မှ လေယာဉ်ဖြင့်သွားပါက တစ်နာရီခန့် ကြာမြင့်ပြီး ကားလမ်းဖြင့်လည်း သွားနိုင်သည်။ ယခုနောက်ပိုင်း တွင် စစ်တွေသို့ သွားရာကားလမ်း သည် ယခင်နှစ်များကထက် ပိုမိုကောင်းမွန်နေပြီဖြစ်ကြောင်း စစ်တွေမြို့သို့ ကမ္ဘာ့လှည့်ခရီး သည်များအား လိုက်ပါ ပို့ဆောင် ပေးသူ ဧည့်လမ်းညွှန်ကိုအောင် မျိုးမျိုးကပြောသည်။
Credit : 7Daydaily