တန်ဖိုးနည်းတိုက်ခန်း ကျပ်သိန်း ၁၀၀ ခန့်ဖြင့် ရောင်းချနိုင်ရန် အိုးအိမ်နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ ညှိနှိုင်းနေ - Property News in Myanmar from iMyanmarHouse.com
2068 Views

တန်ဖိုးနည်းတိုက်ခန်း ကျပ်သိန်း ၁၀၀ ခန့်ဖြင့် ရောင်းချနိုင်ရန် အိုးအိမ်နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ ညှိနှိုင်းနေ

တန်ဖိုးနည်း အိမ်ရာတိုက်ခန်းများကို ကျပ်သိန်း ၁ဝဝ အောက်ဖြင့် ရောင်းချနိုင်ရန် စီစဉ်နေကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုး မှုဦးစီးဌာနမှ တာဝန်ရှိသူက ပြောသည်။

မြို့ရွာနှင့်အိုးအိမ်ဌာနက အကောင်အထည်ဖော်နေသည့် တန်ဖိုးနည်းတိုက်ခန်း တစ်ခုလျှင် ကျပ်သိန်း ၁၂ဝ ဝန်းကျင်အထိရှိနေရာ သာမန်ပြည်သူများ ဝယ်ယူရန် လက်လှမ်းမမီခြင်းကြောင့် စီမံကိန်းအတွင်း ပါဝင် သည့် လမ်းနှင့် လျှပ်စစ်မီး စီမံကိန်းများကို အစိုးရ ဘတ်ဂျက်ဖြင့်ကျခံ၍ တိုက်ခန်းဈေးလျှော့ချရန် စီစဉ်နေခြင်း ဖြစ်သည်ဟု အဆိုပါဌာန စီမံကိန်း ဦးစီးဌာနမှ ဒု-ညွှန်ကြားရေးမှူး ဦးနေမင်းထက်က ဆိုသည်။

”ကျွန်တော်တို့ တိုက်ခန်းဆောက်တဲ့ ကြမ်းခင်းဈေးက ကျပ်သိန်း ၇ဝ ကျော်ပဲရှိပေမယ့် လမ်းတို့၊ ရေမြောင်းတို့၊ လျှပ်စစ်မီးသွယ်ဖို့တွေပါ ထပ်ပေါင်းချိန်မှ ကျပ်သိန်း ၁ဝဝ ကျော်သွားတာပါ။ အခု အဲဒီစရိတ်တွေကို အစိုးရ ဘတ်ဂျက်ကနေကျခံပြီး လျှော့ချဖို့ ဝန်ကြီးဌာနချင်း ညှိနှိုင်းနေတာပါ” ဟု ၎င်းက ပြောသည်။

တန်ဖိုးနည်းအိမ်ရာဟု အမည်တပ်သော်လည်း အဆောက်အအုံများ၏ အရည်အသွေးပိုင်းကို လျှော့ချခြင်းမရှိဘဲ အင်ဂျင်နီယာ ပညာရှင်များ၏ ကြီးကြပ်မှုဖြင့် တည်ဆောက်နေခြင်းဖြစ်သည်ဟု အဆိုပါ တာဝန်ရှိသူက ထပ်မံရှင်းပြသည်။

လက်ရှိ ရန်ကုန်မြို့ပတ်ဝန်းကျင်တွင် ရွှေလင်ဗန်း၊ ယုဇနနှင့် ဒဂုံဆိပ်ကမ်း တန်ဖိုးနည်းအိမ်ရာအပါအဝင် အိမ်ရာစီမံကိန်း ရှစ်ခုကို နှစ်အလိုက်ပြီး စီးရန် ဆောင်ရွက်နေကြောင်းလည်း မြို့ရွာနှင့် အိုးအိမ်ဦးစီးဌာန စီမံကိန်းဌာနခွဲက ထုတ်ပြန်ထားသည်။

ယင်းစီမံကိန်းများထဲမှ ရွှေလင်ဗန်း တန်ဖိုးနည်းတိုက်ခန်းအားလုံးကို ရောင်းချပေးထားပြီးဖြစ်ကာ ကျန်ရှိ သော တန်ဖိုးနည်းတိုက်ခန်းများကိုလည်း လက်ရှိအစိုးရ သက်တမ်းအတွင်း အပြီးသတ်ရန်မျှော်မှန်း ထား ကြောင်း အဆိုပါဌာနက ပြောသည်။

တည်ဆောက်ပြီးစီးသည့် တန်ဖိုးနည်း တိုက်ခန်းများကို ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်မှ တစ်ဆင့် အရစ်ကျစနစ်ဖြင့် ရောင်းချပေးနေကြောင်း မြို့ရွာနှင့်အိုး အိမ်ဦးစီးဌာန၊ စီမံကိန်း ဦးစီးဌာန ဒု-ညွှန် ကြားရေးမှူး ဦးနေမင်းထက်က ဆိုသည်။

Credit: mizzima

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

Emerald Bay Condo
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service