ကလော၌ ရှေးဟောင်းလက်ရာ ပုံစံဖြင့် အိမ်ရာဖော်ဆောင်မည် - Property News in Myanmar from iMyanmarHouse.com
2974 Views

ကလော၌ ရှေးဟောင်းလက်ရာ ပုံစံဖြင့် အိမ်ရာဖော်ဆောင်မည်

ရှမ်းပြည်နယ် တောင်ပိုင်း ကလောမြို့တွင် ရှေးမူမပျက် လက် ရာများဖြင့် အိမ်ရာစီမံကိန်းတစ်ခုကို ထင်းရှူးမြေ အိုအေစစ် ဒေသဖွံ့ဖြိုး ရေးကုမ္ပဏီလီမိတက်က အကောင် အထည်ဖော်ဆောင်လျက်ရှိကြောင်း သိရသည်။

အဆိုပါ အိမ်ရာစီမံကိန်းသည် ကလောမြို့နှင့် မလှမ်းမကမ်းတွင် ရှိပြီး PINE WOOD VILLA အမည် ပေးထားကာ စီမံကိန်းကို အပိုင်း သုံးပိုင်းခွဲ၍ ဖော်ဆောင်သွားမည် ဖြစ်ကြောင်း PINE LAND OASIS REGIONAL DEVELOPMENT အုပ်ချုပ်မှုဒါရိုက်တာ ဦးသောင်းရွှေ က ပြောသည်။

”စီမံကိန်း နေရာက တောင်တန်း တောင်ကုန်းလေးတွေနဲ့ ဆိုတော့ သာယာပါတယ်။ ထင်းရှူးပင်တွေ လည်းရှိပြီး အေးချမ်းဆိတ်ငြိမ်တယ်။ အပန်းဖြေ အိမ်ရာမျိုးလည်းဖြစ်ပြီး အနီးအနားမှာရှိတဲ့ ဒေသခံကျေးရွာ တွေ ဖွံ့ဖြိုးဖို့နဲ့ အလုပ်အကိုင်အခွင့် အလမ်းတွေလည်း ဖော်ဆောင်ပေး နိုင်မှာပါ”ဟု ¤င်းက ပြောသည်။

စီမံကိန်းတွင် ၆၂ ပေ ပတ်လည် မြေကွက်များနှင့် လုံးချင်းအိမ်များ ကို ရောင်းချပေးသွားမည် ဖြစ်ပြီး မြေကွက်အနေဖြင့် ကျပ်ငွေ သိန်း ၂ဝဝ မှ သိန်း ၄ဝဝ ကျော်အထိ မြေနေရာအပေါ် မူတည်၍ သတ်မှတ် ထားကြောင်း သိရသည်။

အဆိုပါ အိမ်ရာစီမံကိန်းတွင် အခြေခံအဆောက်အဦ ဖြစ်သည့် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီး ရရှိရေးနှင့် ရေနုတ်မြောင်း စနစ်များ ကို အကောင်အထည်ဖော်နေပြီ ဖြစ်ကြောင်းနှင့် အဆင့်မြင့် ဟိုတယ်၊ ဈေးဝယ်စင်တာ၊ ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်း၊ ဘဏ်များ၊ အားကစား လေ့ကျင့်ရန် နေရာ၊ ရုပ်ရှင်ရုံနှင့် အပန်းဖြေ ဥယျာဉ်များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

”အပန်းဖြေအိမ်ရာလို ဖြစ်ပြီး အိမ်ပုံစံ ခုနစ်မျိုးလောက်ကို တည် ဆောက်ပေးဖို့ ရွေးထားပါတယ်။ စီမံကိန်း တည်ဆောက်စဉ်ကာလမှာ ဒေသခံ ၂,ဝဝဝ ကျော်လောက် အတွက် အလုပ်အကိုင် ဖန်တီးပေး နိုင်ပြီး ပြီးစီးတဲ့ ကာလမှာလည်း အိမ်ရာမှာ လိုအပ်တဲ့ အလုပ်အကိုင် တွေအတွက် ဒေသခံတွေကိုပဲ ခန့်အပ်ပေးသွားမှာပါ”ဟု ၎င်းက ပြောသည်။

ရှမ်းပြည်နယ်ရှိ မြို့ကြီးများ ဖြစ် သော တောင်ကြီး၊ လားရှိုး၊ ကလော၊ အောင်ပန်း စသည့် မြို့များတွင်လည်း ပုဂ္ဂလိကလုပ်ငန်းရှင်တို့က အိမ်ရာ စီမံကိန်းများ အကောင်အထည် ဖော်လျက်ရှိပြီး အစိုးရကလည်း ဝန်ထမ်းများနှင့် ဒေသခံများအတွက် တန်ဖိုးမျှတသော အိမ်ရာစီမံကိန်း များကို အကောင်အထည်ဖော် ဆောင်နေကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့ စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီး ဦးအောင်ကျော်ညွန့်က ပြော သည်။

”ရှမ်းပြည်နယ်မှာတော့ အခု ဆိုရင် တောင်ကြီးက အေးသာယာမှာ စီမံကိန်း တစ်ခု၊ လားရှိုးမှာဆို နှစ်ခု ပုဂ္ဂလိကရော အစိုးရဘက်ကပါ ဖော်ဆောင်မှုတွေရှိပါတယ်။ အိမ်ရာ ဖော်ဆောင်တဲ့အခါမှာ အစိုးရအဖွဲ့ အနေနဲ့ကတော့ မြေပိုင်ဆိုင်မှုနဲ့ ဘယ်လိုတည်ဆောက်မလဲ။ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုရှိမရှိဆိုတာ တွေနဲ့ အသေးစိတ်က အစ စစ်ဆေး ပြီးမှ ခွင့်ပြုချက် ချပေးပါတယ်”ဟု ၎င်းက ပြောသည်။

ရန်ကုန်၊ မန္တလေးမြို့ကြီးများ၌ လူဦးရေထူထပ်ခြင်းနှင့် မြေနေရာ ဈေးနှုန်းများ မြင့်မားနေခြင်းတို့ ဖြစ် ပေါ်နေပြီး စီးပွားရေးလုပ်ငန်းရှင် အချို့က အပန်းဖြေ အနားယူရန် အတွက် နေရာကောင်းဖြစ်သည့် ကလောမြို့၏ သာယာသော နေရာ များ၌ မြေနေရာများကို ဝယ်ယူ၍ အိမ်ဆောက်လုပ်ထားကြပြီး လာ ရောက်၍ အပန်းဖြေမှုများ ရှိနေ ကြောင်း သိရသည်။

Credit: thetradetimes

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service