သိမ်ဖြူယာဉ်မောင်းကွင်းနေရာ၌ နာမည်ကျော် Wyndham Hotel အုပ်စုနှင့် ပူးပေါင်း၍ ကြယ်ငါးပွင့်အဆင့်ဟိုတယ် ရင်းနှီးမြှုပ်နှံ - Property News in Myanmar from iMyanmarHouse.com
996 Views

သိမ်ဖြူယာဉ်မောင်းကွင်းနေရာ၌ နာမည်ကျော် Wyndham Hotel အုပ်စုနှင့် ပူးပေါင်း၍ ကြယ်ငါးပွင့်အဆင့်ဟိုတယ် ရင်းနှီးမြှုပ်နှံ

ရန်ကုန်မြို့ ကန်တော်ကြီး ထောင့်အနီးရှိ သိမ်ဖြူ ယာဉ်မောင်း ကွင်းနေရာ၌ ကြယ်ငါးပွင့် အဆင့် ဟိုတယ်တစ်လုံးအပါအဝင် စီးပွား ရေး အဆောက်အအုံများကို Asia Myanmar Shining Star ကုမ္ပဏီမှ ရင်းနှီးမြှုပ်နှံမည် ဖြစ်ပြီး ကမ္ဘာကျော် Wyndham Hotel Group က ဟိုတယ်စီမံခန့်ခွဲရေးပိုင်းကို တာဝန် ယူ ဆောင်ရွက်သွားမည် ဖြစ်သည်။
”၂ဝ၁၂ ခုနှစ်က စည်ပင်က ဒီနေရာမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင် စားသူ အားလုံးကို တင်ဒါဖိတ်ခေါ်ခဲ့ တယ်။ ကုမ္ပဏီပေါင်း ၃၁ ခုလောက် ပြိုင်ကြတယ်။ အဲဒီအထဲမှာမှ ဒီဇိုင်း ပိုင်းအရရော၊ ရင်းနှီးမြှုပ်နှံမှု အရရော ပြိုင်တာ ကျွန်တော်တို့ ကုမ္ပဏီက ရရှိခဲ့ ပါတယ်။ ဒီနေရာမှာ Tower လေးလုံး ဆောက်လုပ်သွားမှာပါ”ဟု အဆိုပါ ကုမ္ပဏီမှ ဒုတိယဥက္ကဋ္ဌ ဦးအောင်မြင့် က ပြောသည်။
အဆိုပါ စီမံကိန်းကို ၂ဝ၁၄ ခုနှစ်တွင် စတင်ခဲ့ပြီး ၂ဝ၁၇ ခုနှစ် မေလတွင် ပြီးစီးနိုင်ရန် လျာထား၍ စီမံကိန်းတွင် ကြယ်ငါးပွင့် အဆင့် ဟိုတယ်တစ်လုံး၊ လူနေတိုက်ခန်း အဆောက်အအုံ၊ Office Tower ၊ Service Tower စသည့် တာဝါ လေးလုံး ဆောက်လုပ်မည်ဖြစ်သည်။

”ဒီစီမံကိန်းအတွက် ဧရိယာ Sqm ၈ဝ,ဝဝဝ ရှိတယ်။ သဘာဝ ပတ်ဝန်းကျင် မထိခိုက်စေဖို့အတွက် ဆန်းစစ်လေ့လာခြင်း လုပ်ငန်းတွေ အတွက် စင်ကာပူနိုင်ငံက ကုမ္ပဏီ တစ်ခုကို အပ်ထားပါတယ်။ သူများ တွေလို¬တော့ မြေဝယ်လုပ်တာလည်း မဟုတ်ဘူး။ လျော်ကြေး ပေးလုပ်တာ လည်း မဟုတ်ဘူး။ ဒါ့ကြောင့် ဘာမှ အခက်အခဲမရှိဘူး။ ဒီစီမံကိန်းက ပိုက်ဆံရရင် ၂ ရာခိုင်နှုန်းကို ဃျွှ ထဲ ထည့်ဝင်ဖို့၊ ပတ်ဝန်းကျင်အတွက် လှူဒါန်းဖို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု မှာလည်း ကတိပြုထားတယ်”ဟု AMSS မှ ဒါရိုက်တာ ဦးကျော်ခိုင်က ပြောသည်။
၎င်းစီမံကိန်းအတွက် အဆောက် အအုံ တစ်လုံးကို မြန်မာအင်ဂျင်နီယာ များက ဆောက်လုပ်မည်ဖြစ်ပြီး ကျန် သုံးလုံးကို ဟောင်ကောင်ကုမ္ပဏီ တစ်ခု ဖြစ်သည့်Shining Star ကုမ္ပဏီမှ တည်ဆောက်မည် ဖြစ်ပြီး ပြည်တွင်း အလုပ်အကိုင် အခွင့် အလမ်းသစ်များကိုလည်း ဖန်တီး ပေးနိုင်ကြောင်း သိရသည်။

ကြယ်ငါးပွင့်အဆင့် ဟိုတယ်ကို မူ ကမ္ဘာကျော် Wyndham Hotel Group ၏ အမှတ်တံဆိပ်အဖြစ် Wyndham Grand Yangon Royal Lake Hotel အဖြစ် အမည်ပေးထား ပြီး အဆိုပါ ဟိုတယ်နှင့် ၁၅ နှစ် စာချုပ်ချုပ်ဆိုထားသည်။
Wyndham Hotel Group မှ တာဝန်ရှိသူတစ်ဦးက ”မြန်မာ ဈေး ကွက်မှာတော့ ပြိုင်ဘက်ကုမ္ပဏီတွေ က ဝင်ရောက်နေပြီးသားဖြစ်တယ်။ ကျွန်တော်တို့ အုပ်စု လက်အောက် မှာ တခြား နာမည်ကျော် တံဆိပ် လုပ်ငန်းတွေလည်း ရှိပါတယ်။ အဲဒါ တွေကိုလည်း မြန်မာနိုင်ငံမှာ ရင်းနှီး မြှုပ်နှံဖို့အတွက် ခေါ်လာဖို့ ရှိပါတယ်။ မြန်မာဈေးကွက်က ဖွင့်ထားတော့ စီးပွားရေးလုပ်လို့ ကောင်းပါတယ်။ မြန်မာ ဟိုတယ်ကဏ္ဍမှာ Wyndham
Hotel Group အနေနဲ့လည်း ရင်းနှီး မြှုပ်နှံဖို့ရှိပါတယ်”ဟု ပြောသည်။

သိမ်ဖြူယာဉ်မောင်းကွင်းနေရာ မှာ ယခင် သိမ်ဖြူအားကစားကွင်း ဖြစ်ခဲ့ပြီး ပုဂ္ဂလိကသို့ တင်ဒါပေးခြင်း အတွက် ဒေသခံအချို့က ကန့်ကွက် ဆန္ဒပြမှုများ ရှိခဲ့ကြောင်း သိရသည်။
ဟိုတယ်အပါအဝင် အဆောက် အအုံလေးလုံး စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံမှု တန်ဖိုးမှာ ဒေါ်လာသန်း ၁၂ဝ မှ ၁၆ဝ ကြား ဖြစ်သည်။

”အခုလို ကမ္ဘာကျော် ဟိုတယ် အုပ်စုတွေ မြန်မာနိုင်ငံမှာ ဝင်ရောက် လာတော့ ပြည်ပ ဧည့်သည်တွေ အတွက်လည်း ယုံကြည်မှု ရရှိသလို ရင်နှီးမြှုပ်နှံသူတွေအတွက်ရော၊ နိုင်ငံတကာ ဧည့်သည်တွေအတွက် ရော ဆွဲဆောင်မှု ရှိတာပေါ့”ဟု ပြည်တွင်း ခရီးသွားလုပ်ငန်းရှင်တစ်ဦး က ပြောသည်။
လက်ရှိ၌လည်း ကမ္ဘာကျော် အမှတ်တံဆိပ် ဟိုတယ်အုပ်စုများ ဖြစ်သည့် Novotal၊ Kempinski၊ Shangri-La၊ Hiton စသည်တို့မှ လည်း ပြည်တွင်း ဟိုတယ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံခြင်း၊ စီမံခန့်ခွဲမှု အပိုင်း၌ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

Credit: thetradetimes

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ

Upcoming Property Events

From 07 Jun To 08 Jun

The Vista

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service