ဈေးကွက်အတွင်း ဝယ်၊ ရောင်း၊ ငှါးသံသရာ ဖြစ်ပေါ်နေဦးမည်
ယခုတစ်ပတ်အတွင်း အိမ်၊ ခြံ၊ မြေ ဈေးကွက်အလားအလာသည် တိုးတက် လာသည်ဟု ဆိုသာသော်လည်း ဝယ်ရောင်းများအဖို့သွက်လှသည်ဟုမဆို သာပေ။ အိမ်၊ ခြံ၊ မြေ ဟုဆိုရာတွင်များသောအားဖြင့် တန်ဖိုးသင့်အိမ်ရာရရှိ သူများ၏ ဝယ်ရောင်းစလစ်ဈေးကွက်ကောင်းနေပြီး မြေရာတန်ဖိုးအားဖြင့် မြင့်တက်ခြင်းမရှိ ငြိမ်သက်လျက်ရှိပေသည်။ ပြောရလျှင်ဈေးကွက်အတွင်း မြေဈေးငြိမ်နေသည်ဖြစ်သည်။ ယင်းမှာလည်း နိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် မငြိမ်သက်မှုများကြောင့်ပင်ဖြစ်သည်။ စီးပွားရေးလုပ်ငန်းဆိုသည်မှာနိုင်ငံ ရေးတည်ငြိမ်မှ အောင်မြင်သည့် အမျိုးမဟုတ်ပေလား။ ထို့အတွက်ယခုပြည် တွင်းအိမ်ခြံမြေဈေးကွက်သည် အရောင်းဝယ်ထင်သလောက်မဖြစ်ဘဲဈေး တန်းစုံစမ်းမှုသာများ နေကြောင်းအိမ်ခြံမြေအကျိုးဆောင်တို့ထံမှစုံစမ်းသိရ သည်။
လက်ရှိ ပြည်တွင်း၌ အိမ်၊ ခြံ၊ မြေ အရောင်းထက် ကွန်ဒိုအရောင်းဈေးများ လှုပ်ရှားမှုသွက်လာပြီး ဝယ်လက်အများစုသည် ကွန်ဒိုတိုက်ခန်းများကို လှောင်ထားသူများဖြစ်သည်။ထို့အတွက်ပင် ကွန်ဒိုတိုက်ခန်းများသည်ငွေ ရင်းရှိသူများ၏ ရင်းနှီးမြုပ်နှံမှုတစ်ခုဖြစ်လာသည်။ လတ်တလောကွန်ဒို တိုက်ခန်းများသည် ကျပ်သိန်း ၄၀၀၀ ကျော်မှ ကျပ်သိန်း ၉၀၀ အတွင်းဈေး ပေါက်နေသည်ကို တွေ့ရှိလာရသည်။
ရန်ကုန်မြို့၏ အချက်အချာကြသော ပုလဲကွန်ဒိုနေရာတွင် (1775 sq feet) 1M,2BR,AC,PK ဆိုလျှင် ကျပ်သိန်း ၃၈၀၀ ဝန်းကျင်နှင့် ဈေးခေါ်ဆိုထား ကြပြီး ခြောက်မိုင်ခွဲကွန်ဒိုဆိုလျှင် (1200 sqrt)1M, RC ခင်းပြီးကိုကျပ်သိန်း ၂၈၀၀ ၀န်းကျင်ဖြင့် အရောင်းအ၀ယ်ဖြစ်နေသည်။ အောင်တော်မူလမ်းကွန် ဒိုတွင် ၂၂ပေ ၊ ၄၈ ပေ Hall,RC,Tသစ် ကို ကျပ်သိန်း ၁၄၀၀ခန့် ရှိကြောင်း ကွန်ဒိုတိုက်ခန်းရောင်းဝယ်ရေး သတင်းရပ်ကွက်မှ သိရှိရသည်။
ယင်းကဲ့သို့လတ်တလောတွင် ကွန်ဒိုတိုက်ခန်းများအရောင်းဈေးကွက်သွက် လာသလို အငှါးဈေးကွက်သည်လည်း ပြန်လည်ပြုပြင်ပြီး ငှါးရမ်းနေကြ သည်ကိုတွေ့လာရသည်။ ယခုလက်ရှိဖြစ်ပေါ်နေသော အငှားဈေးကွက်တွင် မင်းဓမ္မကွန်ဒိုတွင် 2400 sqrt, 1M, 2BR, AC, F, F ကို အမေရိကန်ဒေါ်လာ ၃၇ ၀၀ဖြင့် ပြည်ပရင်းနှီးမြုပ်နှံသူများကို ဦးစားပေးငှားလိုကြောင်း သိရှိရ သည်။ ပုလဲကွန်ဒိုတွင် 1450 sqrt, 1M, 2BR, AC, F, F ကိုကျပ် ၂၃ သိန်း ဖြင့် ငှားလိုကြောင်း သိရှိရသည်။
အိမ်၊ ခြံ၊ မြေ ဈေးကွက်သည် နိုင်ငံရေးတည်ငြိမ်မှုအပေါ်တွင်မူတည်ပြီး ယခု တစ်ပတ်အတွင်း အဝယ်ဈေးကွက်ထက် အငှါးဈေးကွက်ပိုပြီးသွက်လာ ကြောင်း လေ့လာသိရှိ
ရသည်။ လုပ်ငန်းရှင်တို့မှာ နိုင်ငံရေးမတည်ငြိမ်သည့် အတွက် အိမ်ခြံမြေတစ်ခုလုံးအတွင်း ငွေအလုံးအရင်းဖြင့် ရင်းနှီးမြှပ်နှံရန် စောင့်ကြည့်နေကြသည်။ ထို့အတွက် အငှါးဈေးကွက်ကရှေ့တန်းကဦး ဆောင်နေသည်။
ရန်ကုန်မြို့၏ မြို့လယ်ဈေးကွက်အချက်အခြာကြသော ၃၂ လမ်းအပေါ်တွင် ၂၅ ပေ၊ ၅၀ 1BR,AC, ကြွေခင်း Lift ကိုကျပ် ၁၀ သိန်း ခွဲ ဖြင့်ငှါးရမ်းလိုကြောင်းသိရှိရသည်။ ပန်းဆိုးတန်းလမ်းအပေါ်ဘလောက်တွင် ၂၀ ပေ၊ ပေ ၆၀ 1BR,AC,RC,2F ကို ၆ သိန်းဖြင့် ငှားရမ်းနေရပြီး ၃၇ လမ်း အောက်ဘလောက် ၁၂ပေခွဲ၊ ပေ ၆၀ 1BR, AC ပြုပြင်ပြီး ဖုန်းအပါကိုကျပ် ၄ သိန်းဝန်းကျင်ဖြင့် ငှါးရမ်းရန်ရှိပြီး မြေညီထပ်အငှါးဈေးတွင် ၃၇ လမ်းမြေညီ ထပ် ၁၂ပေခွဲ၊ ပေ ၅၀ ကို Hall ထပ်ခိုးပါ၊ ဖုန်းအပါကိုမှ ကျပ် ၇ သိန်းခန့်ဖြင့် ငှါးရမ်းလိုကြောင်း ဈေးကွက်တွင်တွေ့ရှိလာရသည်။
တိုက်ခန်းဝယ်ရောင်း၊ အငှါးဈေးကွက်အပြင် မြေကွက်အငှါးကွက်သည် လည်း စားသောက်ဆိုင်၊ ကား show rooms ၊ ဂိုဒေါင်လုပ်လိုသူများ အတွက် မြေငှါးဈေးကွက်တစ်မျိုး ရပ်တည်လျက်ရှိပေသည်။ မြေကွက်အ ရောင်းဈေးကွက်သည် သမိုင်းလမ်းစုံအနီး ပါမစ်ကြပြီး ပေ ၃၀၊ ပေ ၄၀ BN2 ကို ကျပ်သိန်း ၁၅၀၀ ဈေးဖြင့်အရောင်းရှိနေပြီး လေဆိပ်ရိပ်သာလမ်းပေ ၉၀၊ ပေ ၆၀ကို ဂရမ်မြေကြပြီးဖြစ်၍ ကျပ်သိန်း ၉၀၀၀ဖြင့် ရောင်းချမည်ဖြစ် ကြောင်း သိရှိရသည်။
ရန်ကုန်မြို့၏ ၇ မိုင် ၉ မိုင်လိုနေရာများသည်နေထိုင်ရန်သင့်သော နေရာ ဖြစ်ပြီး ဈေးကွက်အနေအထားအားဖြင့် ၇ မိုင်ကုန်းမြင့်ရိပ်သာတွင် ဘိုးဘွား ပိုင်မြေ 12000 sq feet ရှိ မြေနေရာကို ကျပ်သိန်း ၁၆၀၀၀ ဖြင့် ရောင်းလို ကြောင်း သိရှိရသည်။ အင်းယားလမ်း၊ လမ်းသွယ်အတွင်း ဘိုးဘွားပိုင်မြေ ပေ ၅၀၊ ပေ ၉၅ ကိုကျပ်သိန်း ၂၂၀၀၀ ဖြင့် ရောင်းလိုကြောင်း သိရသည်။ မြေအငှားအားဖြင့် ကန်တော်ကြီးလမ်းသွယ် ပေ၂၈၀၊ ပေ ၁၂၀ ရေ၊ မီးပါပြီး မြေကိုကျပ်သိန်း ၇၀ ဖြင့်ငှါးလိုကြောင်း သိရှိရပြီး အောက်ကြည့်မြင်တိုင် လမ်းမကြီးတွင် ပေ ၅၀၊ ပေ၉၀ ရေမီးပါပြီးကို ကျပ် ၇၅ သိန်းဖြင့် ငှါးလို ကြောင်း ဈေးကွက်ဖွင့်ထားသည်ကို သိရှိရသည်။ အငှါးဈေးကွက်တွင်ဈေးနှုန်းများမှာ သိန်းရာပင်မကျော်သော်လည်း ရောင်းသည့်ဈေးကွက်တွင်တန် ဖိုးမှာ သိန်းထောင်ကျော်ရှိနေသည့်အတွက် ရင်းနှီးမြှပ်နှံသိုလှောင် သူတို့မှာ ရန်ကုန်မြို့တွင် အိမ်ခြံမြေဝယ်ယူသိုလှောင်ရန် ချင့်ချိန်နေရသည်။
မည်သို့ပင်ဆိုစေကာမှု ရန်ကုန်မြို့တော်ကြီးအား အဘက်ဘက်မှ စည်ပင် ဖွံဖြိုးလာစေရန် မြို့ကွက်ချပြီး လမ်းတံတားများပြုပြင်ခြင်း၊ ရေစီးရေလာ ကောင်းမွန်ခြင်းများဖြင့် ပြုပြင်ဖန်တီးချိန်တွင် မြို့တွင်းတွင်မိုးမျှော်တိုက်များ ဆောက်လုပ်ပြီး မြို့ပြင်တွင် စီးပွားရေးဇုန်များအကောင်အထည်ဖော် ဆောင်နေခြင်း
သည် ပြည်ပမှရင်းနှီးမြုပ်နှံလိုသူများ မျက်စိကျ စရာဖြစ်လာ ခြင်းကြောင့် အိမ်၊ ခြံ၊ မြေ ဈေးကွက်သည် ဖွံ့ဖြိုးနေဦးမည်ဟုဆိုရပေမည်။
လမင်းအောင်မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com