တန်ဖိုးမျှတ အိမ်ရာ လျှောက်ထားမှုတွင် တစ်ဦးတည်းမှ အကြိမ်ကြိမ် လျှောက်ထားသူ (၁၀၀၀) ကျော် ပါဝင်နေ - Property News in Myanmar from iMyanmarHouse.com
1261 Views

တန်ဖိုးမျှတ အိမ်ရာ လျှောက်ထားမှုတွင် တစ်ဦးတည်းမှ အကြိမ်ကြိမ် လျှောက်ထားသူ (၁၀၀၀) ကျော် ပါဝင်နေ

ရန်ကုန်မြို့ တန်ဖိုးမျှတ အိမ်ရာ လျှောက်ထားသူများ ထဲတွင် လူတစ်ဦးတည်းမှ အကြိမ်ကြိမ် ထပ်မံ လျှောက်ထားသူ တစ်ထောင်ကျော် ပါဝင် နေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။ ကွန်ပျူတာနဲ့ စိစစ်လိုက်တဲ့ အခါမှာ တွေ့ရတာ။ အဲဒီလို ပိုလျှောက်တဲ့ သူတွေရဲ့ လျှောက်လွှာတွေကို ပယ်သွား မှာပါ ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ အဆင့်မြင့် အရာရှိ တစ်ဦးက ပြောသည်။

ယင်းကဲ့သို့ တစ်ဦးတည်းမှ နှစ်ကြိမ် သုံးကြိမ် လျှောက်ထားသူ များကြောင့် အမှန်တကယ် အိမ်ရာ လိုအပ်နေသူများ အတွက် နစ်နာမှုများ ရှိလာနိုင်၍ နောင်တွင် မည်သူမဆို လျှောက်ထားခြင်းအား တစ်ကြိမ်သာ ပြုလုပ် သင့်ကြောင်း ၎င်းက ဆက်ပြောသည်။ လက်ရှိ ရောင်းချပေးနေသည့် ဗိုလ်ဗထူး အိမ်ရာနှင့် ဗိုလ်မင်းရောင် အိမ်ရာတို့အား လျှောက်ထားသူ (၆၈၂၅၈) ဦးတွင် မဲပေါက်သူ (၆၆၆၀၅ )ဦးခန့်ရှိပြီး၊ ကျန်ရှိသည့် လျှောက်ထား သူများမှာ မဲပေါက်ခြင်း မရှိသူများ ဖြစ်ကြောင်း သိရသည်။

စီးပွားဖြစ် လုပ်တဲ့ သူတွေကို တကယ်တော့ အရေးယူသင့်တယ်။ သူတို့တွေ လုပ်ရပ်ကြောင့် တကယ် လိုအပ်တဲ့ သူတွေ အတွက် ထိခိုက်တယ် ဟု ဗိုလ်မင်းရောင် အိမ်ရာ လျှောက်ထားသူ ကုမ္ပဏီ ၀န်ထမ်း မသန္တာဦး က ပြောသည်။ တန်ဖိုးမျှတ အိမ်ရာ လျှောက်ထားရာတွင် နှစ်ကြိမ် သုံးကြိမ် လျှောက်ထားသူ များအား အရေးယူမှု မရှိသော်လည်း လျှောက်ထားသည့် လျှောက်လွှာ များကို ပယ်ဖျက် လိုက်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ထံမှ သိရသည်။ ရန်ကုန် တိုင်းဒေသကြီး အတွင်း အိမ်ရာ လိုအပ်ချက်များ ဖြည့်ဆည်း နိုင်ရန် ထပ်မံ၍ ရွှေပြည်သာ၊ မြောက်ဥက္ကလာပနှင့် ဒဂုံအရှေ့ စသည် မြို့နယ်များတွင် တန်ဖိုးနည်း အိမ်ရာ၊ တန်ဖိုးမျှတ အိမ်ရာ စသည်တို့ကို ထပ်မံ အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း သိရသည်။

Credit: messenger

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 08 Jul To 08 Aug

Central Shophouse

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service