ရန်ကုန်ဘူတာကြီး ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းအတွက် ကုမ္ပဏီ ၂ ခု ပဏာမရွေးချယ်ထား - Property News in Myanmar from iMyanmarHouse.com
1414 Views

ရန်ကုန်ဘူတာကြီး ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းအတွက် ကုမ္ပဏီ ၂ ခု ပဏာမရွေးချယ်ထား

ရန်ကုန်ဘူတာကြီး ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း လုပ်ကိုင်ရန်အတွက်ကုမ္ပဏီ၂ခုကိုပဏာမ ရွေးချယ်ထားကြောင်း တင်ဒါ ခေါ်ယူရေးနှင့် စိစစ်ရေးလုပ်ငန်း ကော်မတီမှ သိရသည်။

သို့သော် ရွေးချယ်ထားသည့် ကုမ္ပဏီ၏အမည်နှင့် တင်ဒါ အောင်မြင်သည့် ကုမ္ပဏီသည် ၂ ခု သို့မဟုတ် ၁ ခု ဖြစ်မည်ကိုမူ ထိုကော် မတီက ရှင်းလင်းစွာ ထုတ်ဖော်ပြောဆိုခြင်း မပြုပေ။

တင်ဒါခေါ်ယူရေးနှင့် စိစစ်ရေးလုပ်ငန်းကော်မတီ အဖွဲ့ဝင် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း ဒုဥက္ကဋ္ဌ ဦးအောင်မြင့်က“တင်ဒါ တင်ကြ ကတည်းက စိတ်ဝင်စားမှုဖော်ပြတဲ့ လျှောက်လွှာ(EOI)ကို အမေရိကန် ဒေါ်လာ သုံးသောင်းနဲ့ ၀ယ်ကြရတာ။ အချိန် ပေးထား တယ်၊ တွက်ချက်ပြီး ပုံစံတင်ပြရတဲ့ ကုမ္ပဏီ ၃ခုမှာမှ၁ခုကသတ်မှတ်ချက်နဲ့မညီညွှတ်တာကို တွေ့ရတယ်၊ ၂ခုကို ရွေးထားတယ်။ဒီ၂ခုကထပ်ယှဉ်ပြိုင်ရမယ်”ဟု ပြောသည်။

ရန်ကုန်ဘူတာကြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွင် အဆင့်မြင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံများ၊ အပန်းဖြေ နေရာများ၊ ဟိုတယ်များ၊ ရုံးခန်းများ၊ လူနေအိမ်ခန်းများနှင့် ကားပါကင်များပါဝင်သည့် အကြီးစားစီမံကိန်း တခုဖြစ်သည်ဟုလည်း ၎င်းက ဆို သည်။

တင်ဒါဝင်ရောက် ယှဉ်ပြိုင်သော ကုမ္ပဏီအများစုသည် ထိုင်ဝမ်၊ စင်္ကာပူ နှင့် ဗီယက်နမ် နိုင်ငံများမှ ဖြစ်ကြောင်း သိရသည်။

“တင်ဒါ ၀င်ရောက် ယှဉ်ပြိုင်ကြတာက ဖက်စပ် ကုမ္ပဏီတွေ များတယ်၊ ထိုင်ဝမ်၊ စင်္ကာပူ၊ ဗီယက်နမ် နိုင်ငံတွေပေါ့။ ဒီနိုင်ငံတွေက မြန်မာ ကုမ္ပဏီတွေနဲ့ ဖက်စပ်ပြီး တင်ဒါ တင်ကြတဲ့သူ များတယ်”ဟု ဦးအောင်မြင့်က ဆက်ပြောသည်။

အဆိုပါ စီမံကိန်း အတွက် ရထားပို့ဆောင်ရေးဝန်ကြီးဌာနက ၂၀၁၄ ဧပြီလက စတင်ဖိတ်ခေါ်ရာတွင် နိုင်ငံပေါင်း ၁၂ နိုင်ငံမှကုမ္ပဏီများကအဆိုပြုလွှာ၃၄ စောင် ပေးပို့ထားရာမှ နောက်ဆုံးအဆင့် တင်ဒါတွင် ကုမ္ပဏီအဖွဲ့ သုံးခုသာ ၀င်ရောက် ယှဉ်ပြိုင်ခဲ့သည် ဟု မြန်မာ့ မီးရထားက ထုတ်ပြန်ထားသည်။

ရန်ကုန်ဘူတာကြီးဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန် မြေဧက ၆၃ ဒသမ ၆၂၂ ဧကတွင် RBE စက်ရုံနှင့် အင်ဂျင်နီယာမှူးအလုပ်ရုံ(EIC)တို့ကိုရွာသာကြီးသို့ ပြောင်းရွှေ့ရန်၊ သိမ်ဖြူမီးရထား ရပ်ကွက်အား မြန်မာ့ မီးရထားပိုင်မြေ အတွင်းတွင်သင့်လျော်သည့် နေရာ ရွေးချယ်၍ ရွှေ့ပြောင်း ဆောက်လုပ်ခြင်း၊ပါဆယ်ရုံးကိုကြည့်မြင်တိုင်သို့ ပြောင်းရွှေ့ရန်နှင့် ရန်ကုန်ဘူတာကြီးရှိ လူစီး တွဲပြင် စက်ရုံကို မလွှကုန်းသို့ ပြောင်းရွှေ့နိုင်ရန် ပထမအဆင့် အနေဖြင့် ပြုလုပ်သွားမည် ဖြစ်သည်ဟု ဆိုသည်။

ရထားပို့ဆောင်ရေးဝန်ကြီးဌာနက နိုင်ငံအတွင်းရထားပြေးဆွဲမှု၌ နှစ်စဉ် ကျပ် ၄၅ ဘီလီယံခန့် အရှုံးပေါ် နေကြောင်း၊ ထို အရှုံးပေါ်မှုကို ပြန်လည် ဖြည့်တင်းနိုင်ရန်အတွက် ရထားပိုင်မြေတွင်ပုဂ္ဂလိကနှင့်အကျိုးတူပူးပေါင်းဆောင်ရွက်ရန်ယခုအစီအစဉ်ကိုအကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

Credit : Irrawaddy

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

Upcoming Property Events

From 07 Jun To 08 Jun

The Vista

CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service