ရန်ကုန်တိုင်းဒေသကြီးအတွင်း တန်ဖိုးနည်းအိမ်ရာများစွာ ထပ်မံအကောင်အထည်ဖော်ရန် ရှိပြီး အခန်းဈေးနှုန်းများ တွက်ချက်နေဆဲ ဖြစ် - Property News in Myanmar from iMyanmarHouse.com
1211 Views

ရန်ကုန်တိုင်းဒေသကြီးအတွင်း တန်ဖိုးနည်းအိမ်ရာများစွာ ထပ်မံအကောင်အထည်ဖော်ရန် ရှိပြီး အခန်းဈေးနှုန်းများ တွက်ချက်နေဆဲ ဖြစ်

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာန၊ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီတို့ကတန်ဖိုးနည်းအိမ်ရာများစွာထပ်မံအကောင်အထည်ဖော်ရန် ရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

“အိုးအိမ်တို့၊ စည်ပင်တို့က တန်ဖိုးနည်းအိမ်ရာတွေ ထပ်မံပြီး အကောင်အထည်ဖော်ဖို့ ရှိပါတယ်။ အများကြီးပါ။ သူတို့က အဲဒါတွေကို အကောင်အထည်ဖော်ပြီးရင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို စီမံခန့်ခွဲခွင့် ပေးမယ်။ အဲဒီအခါမှာ အစိုးရအဖွဲ့ရဲ့ အစီအမံနဲ့ မဲနှိုက်ရောင်းချပေးမှာပါ” ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ထိုသို့ ထပ်မံတည်ဆောက်၍ ရရှိလာမည့် တန်ဖိုးနည်းအိမ်ရာ အခန်းများကို ပွင့်လင်းမြင်သာစွာ မဲနှိုက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း ယင်းအဆိုပါ တာဝန်ရှိသူက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖော်ထုတ်ခဲ့ပြီးသည့် တန်ဖိုးနည်းအိမ်ရာ အခန်းများမှာ ကျပ်သိန်း ၁၀၀ အထက်တွင် ရှိနေခြင်းကြောင့် အခြေခံလူတန်းစား ပြည်သူများ ၀ယ်ယူနိုင်သည့် အနေအထား မရှိပေ။

သို့ဖြစ်ရာ ထပ်မံတည်ဆောက်မည့် တန်ဖိုးနည်း အိမ်ရာများတွင်လည်း ယင်းသို့ ဈေးနှုန်း ကျပ်သိန်း ၁၀၀ အထက်သာ ဖြစ်နေမည် ဆိုပါက အခြေခံပြည်သူများ ၀ယ်ယူရန် မလွယ်ကူနိုင်ပေ။

သို့ဖြစ်ရာ ထပ်မံတည်ဆောက်မည့် တန်ဖိုးနည်း အိမ်ရာများတွင်လည်း ယင်းသို့ ဈေးနှုန်း ကျပ်သိန်း ၁၀၀ အထက်သာ ဖြစ်နေမည် ဆိုပါက အခြေခံပြည်သူများ ၀ယ်ယူရန် မလွယ်ကူနိုင်ပေ။

မကြာသေးမီက ရောင်းချခဲ့သည့် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာနက ဆောက်လုပ်ခဲ့သည့်လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ပန်း တန်ဖိုးနည်းအိမ်ရာ စီမံကိန်းမှာလည်း ရန်ကုန်မြို့တွင်းနှင့် များစွာ အလှမ်းကွာသည့် လှိုင်သာယာ ရွှေလင်ပန်းချောင်း အနီးတွင် ရှိသော်လည်း အခန်းဈေးနှုန်းများမှာ ကျပ်သိန်း ၁၁၀ မှ ၁၂၅ သိန်းကြားတွင် ရှိခဲ့သည်။တိုက်ခန်းပေါင်း၅၇၆ခန်းတည်ဆောက်ပြီး ဖြစ်သော်လည်း ပြည်သူလူထုထံသို့ အခန်းပေါင်း ၂၀၀ ကျော်သာ မဲနှိုက်ရောင်းချပေးထားကြောင်း သိရသည်။

တန်ဖိုးနည်း အိမ်ရာများမှာ အခြေခံပြည်သူများ မ၀ယ်ယူနိုင်သည့် ဈေးနှုန်းများဖြစ်နေ၍ ဘဏ်များဖြင့် ချိတ်ဆက်၍ နှစ် ၂၀၊ ၃၀ အရစ်ကျ စနစ်ဖြင့် ၀ယ်ယူခွင့်ပေးရန် ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အား တိုက်တွန်းကြောင်းအဆို တင်သွင်းခဲ့သော်လည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သဘောမတူခဲ့ကြောင်း သိရသည်။

ထို့ပြင် တန်ဖိုးနည်းအိမ်ရာများမှာ အမှန်တကယ် အိမ်ရာလိုအပ်သည့်သူများ လက်ထဲသို့ မရောက်ရှိဘဲ အိမ်ရာမလိုအပ်သော ဈေးကစားလိုသူများ လက်ထဲသို့ ရောက်ရှိချုပ်ကိုင်ခြင်းများ မရှိစေရန်အတွက် တန်ဖိုးနည်းအိမ်ရာဆိုင်ရာ ဥပဒေ ရေးဆွဲပြဋ္ဌာန်းရန် လိုအပ်လျက်ရှိကြောင်း ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက သုံးသပ်ခဲ့ပါသည်။

Credit : EMG

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Ali
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Ali
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်

Upcoming Property Events

The Rich Villa
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service