ဆောက်လုပ်ရေး လုပ်သား လိုအပ်ချက် ရှိနေဆဲ - Property News in Myanmar from iMyanmarHouse.com
1009 Views

ဆောက်လုပ်ရေး လုပ်သား လိုအပ်ချက် ရှိနေဆဲ

ပြည်တွင်းဆောက်လုပ် ရေးလုပ်သား ရှားပါးမှုကြောင့် လုပ်အားခနှစ်ဆခန့်တိုးမြှင့်ပေး လာခဲ့သော်လည်း လိုအပ်ချက်ဆက်လက် မြင့်မားနေဆဲဖြစ် ကြောင်းသတင်းရရှိသည်။

ဆောက်လုပ်ရေး လုပ်ငန်း များ ဖွံ့ဖြိုးလာသည့်အလျောက် အခြေခံဆောက်လုပ်ရေး လုပ်သားလိုအပ်ချက် မြင့်မားလျက် ရှိနေခြင်းမှာယင်းလုပ်ငန်းများအချိန်မီပြီးစီးရေးအတွက်စိန်ခေါ်မှုတစ်ရပ်ဖြစ်နေကြောင်းဆောက်လုပ်ရေးလုပ်ငန်းနှင့်ဆက်စပ်နေ သူများကပြောသည်။

‘‘ဆောက်လုပ်ရေးအတွက်ကန်ထရိုက်ရပြီးအလုပ်သမား ခေါ်မရလို့ လက်လွှတ်လိုက်ရတာ တွေတောင်ရှိတယ်။ ဆိုက်တိုင်းနီး ပါးမှာ အလုပ်သမားလိုနေတယ်’’ ဟု ဆောက်လုပ်ရေးလုပ်သားကန်ထရိုက်ကိုမြင့်ဆွေက ပြောကြားသည်။

ဆောက်လုပ်ရေးလုပ်သား ရှားပါးမှုကြောင့် အလုပ်သမား၊ ကန်ထရိုက်များ အနေဖြင့် လုပ် အားခဈေးနှုန်းတိုးမြှင့်၍ အပြိုင် အဆိုင်ခေါ်ယူမှုများရှိနေပြီး ယခင် နှစ်ကထက် လုပ်အားခနှုန်းနှစ်ဆ ခန့်တက်လာခဲ့သည်ဟုဆောက် လုပ်ရေး လုပ်သားများက ဆို သည်။

‘‘အရင် တစ်ရက်နေ့စားခငါးထောင်ရတဲ့သူက အခုဆို ရှစ် ထောင်၊ တစ်သောင်းလောက်ကို ပေးခေါ်နေရတယ်။ ဒီလောက်မှ မပေးနိုင်ရင်အလုပ်သမားရဖို့က ခက်ခဲလာတယ်’’ဟု နိုင်ဂရုပ် ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ် ခုမှ အလုပ်သမားကန်ထရိုက်ကို မောင်ဇော်ကပြောသည်။

ရန်ကုန်မြို့ရှိ ဆောက်လုပ် ရေးလုပ်ငန်းများသို့ ကျေးလက် ဒေသများမှ အများဆုံးလာရောက် အလုပ်လုပ်ကိုင်ကြသဖြင့် သီးနှံ စိုက်ပျိုးချိန်နှင့် ရိတ်သိမ်းချိန်များ တွင် လုပ်သားရှားပါးမှုပြဿနာ အများဆုံး ရင်ဆိုင်ရလေ့ရှိသည်ဟု သိရသည်။

အထပ်မြင့် ကန်ထရိုက် တိုက်တစ်လုံး တည်ဆောက်ရာ တွင်အခြေခံ ဆောက်လုပ်ရေးလုပ်သားတစ်ရာကျော်လိုအပ်ပြီး ယခုအခါကန်ထရိုက်တိုက်အပါ အ၀င် အခြားအဆောက်အအုံတည်ဆောက်ရေး လုပ်ငန်းလိုင် စင် ရာနှင့်ချီ ခွင့်ပြုပေးထားခြင်း ကြောင့်လုပ်သားအင်အားသုံးစွဲမှု လိုအပ်ချက်များစွာရှိနေခြင်းဖြစ် သည်။

‘‘ကျွန်တော်တို့လည်း အချိန် ပြည့်မလုပ်နိုင်ဘူး။ တောမှာအ လုပ်မရှိတဲ့အချိန်တက်လုပ်တာ။လုပ်အားခကတော့ ကောင်းလာတယ်။လုပ်နိုင်ရင်ဒီအလုပ်ကမရှားဘူး။ နေရာတိုင်းမှာကို ၀င်လုပ်လို့ရတဲ့ သဘော ဖြစ်နေ တယ်’’ဟု ဧရာဝတီတိုင်းဒေသကြီးမှပန်းရန်လုပ်သားအဖြစ်လာ ရောက်လုပ်ကိုင်သူဦးသိန်းဝေက ပြောသည်။

အဆိုပါလုပ်ငန်းတွင် နေ့စားခမှာလုပ်ငန်းကျွမ်းကျင်မှုမရှိ သေးသော လုပ်သားတစ်ဦးသည်အနည်းဆုံး တစ်ရက်လျှင် ငါးထောင်ကျပ်ရရှိပြီး ကျွမ်းကျင်မှုအပေါ်မူတည် ၍ကျပ်တစ်သောင်းကျော်အထိ ရရှိသူများလည်း ရှိသည်။

ဆောက်လုပ်ရေး လုပ်ငန်း များ ဖွံ့ဖြိုးလာသည့်အတွက် လုပ်ငန်းတစ်ခုပြီးတိုင်း နောက်လုပ်ငန်းတစ်ခုအဆင်သင့် ရှိနေတတ်သည်ဟု ကန်ထရိုက်များကပြောကြားသည်။

ကျွမ်းကျင်အဆင့်အလုပ်သမားတစ်ဦးဝင်ငွေမှာတစ်လလျှင်ကျပ်လေးသိန်းခန့်ရှိပြီး အရှေ့တောင်အာရှ နိုင်ငံများသို့ သွားရောက်လုပ်ကိုင်သူများ၏အဆိုပါလုပ်ငန်းအမျိုးအစားအတွက် ၀င်ငွေနှင့်တန်းတူနီးပါး ရှိနေကြောင်း လက်ရှိလုပ်ကိုင်နေ သူများကပြောသည်။

‘‘ကျွန်တော်လုပ်လာတဲ့သက်တမ်းတစ်လျှောက်အလုပ် ပြတ်သွားတယ်လို့ကို မရှိခဲ့ဘူး။ ဒီအခြေအနေမျိုးနဲ့ ပြည်ပထွက် လုပ်နေစရာတောင်မလိုပါဘူး’’ဟုကိုမောင်ဇော်ကပြောသည်။

ဆောက်လုပ်ရေးလုပ်ငန်းကြီးများအနေဖြင့် ဆောက်လုပ် ရေးလုပ်ငန်းအမျိုးအစားအလိုက်ကန်ထရိုက်များပေးကာလုပ်ကိုင် စေခဲ့ခြင်းဖြစ်ပြီး ကန်ထရိုက်များ က လုပ်ငန်းအချိန်မီ ပြီးစီးစေရေးလုပ်သားအင်အား ပြည့်ဝစွာရရှိ စေရန်ကြိုးစားနေကြရသည်။

Credit : 7Day Daily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ

Upcoming Property Events

From 07 Jun To 08 Jun

The Vista

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

imyanmarmarket
The Vista Luxury Residance

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service