ကန်ထရိုက်တိုက် ဆောက်လုပ်သူ လျော့ကျ - Property News in Myanmar from iMyanmarHouse.com
588 Views

ကန်ထရိုက်တိုက် ဆောက်လုပ်သူ လျော့ကျ

ရပ်ကွက်များအတွင်း အထပ်မြင့် ကန်ထရိုက်တိုက် တည်ဆောက်လိုသူနည်းပါးလာ သဖြင့် မြေရှင်များ အခက်ကြုံနေ ကြောင်း သတင်းရရှိသည်။

‘‘အရင်ကဆိုမြေရှင်ကို ကန်ထရိုက်က လိုက်တဲ့ခေတ် အခု မြေရှင်က ကန်ထရိုက်ကို ပြန် လိုက်နေရတယ်’’ဟု စမ်းချောင်း မြို့နယ်မှ မြေဧက၀က်တွင် အ သေးစားကွန်ဒိုတည်ဆောက်လို သူ မြေပိုင်ရှင်တစ်ဦးက ပြော သည်။

အချို့သော ဆောက်လုပ် ရေးကုမ္ပဏီငယ်လေးများမှာ လုပ် ငန်းရပ်နားထားခြင်း၊ ထပ်မံတည် ဆောက်ရန် မြေရှင်များနှင့် စာချုပ်မချုပ်ဆိုနိုင်တော့ဘဲ လုပ်ငန်းကို စောင့်ကြည့်နေခြင်း ဖြစ်ကြောင်း အာရှနဂါးဆောက်လုပ်ရေးကုမ္ပ ဏီပိုင်ရှင် ဦးနေ၀င်းမြင့်က ပြောကြားသည်။

ကြိုပွိုင့်တိုက်ခန်းဈေးကွက် ငြိမ်သက်သွားခြင်း၊ အခွန်ကောက်ခံမှုများ ကြပ်မတ်လာခြင်း၊ စည်ပင်မှ တည်ဆောက်မည့် ဆောက် လုပ်ရေး လုပ်ငန်းရှင်များအပေါ် စည်းကမ်းကြပ်မတ်မှုများ မြင့် တက်လာခြင်းတို့ကြောင့် ဆောက် လုပ်လိုသူ ကန်ထရိုက်တာများ လျော့နည်းလာခြင်းဖြစ်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များ က ဆိုသည်။

‘‘တချို့က မဆောက်ရဲတော့ဘူး။ ဆောက်လို့ အခန်းဈေးစဖွင့် ရင် ကြိုပွိုင့်ဝယ်မယ့်သူက အရင် ကထက် နည်းသွားတယ်။ အရင် အခန်းဈေးစဖွင့်လို့ ငါးယောက် လောက်က စ၀ယ်ရင် အခုသုံး ယောက်တောင်မပြည့်ချင်တော့ ဘူး’’ဟု လက်ရှိကြိုပွိုင့်ဈေးကွက် အခြေအနေကို ကြယ်စင်မြေအိမ် ခြံမြေအကျိုးဆောင်လုပ်ငန်းရှင် က ရှင်းပြသည်။

ဆောက်လုပ်ရေး လုပ်ငန်း ရှင်များမှာ ကြိုပွိုင့်မှရသည့် ငွေ များဖြင့် တိုက်ခန်းကို ပြန်လည် တည်ဆောက်ခြင်း ဖြစ်သော ကြောင့် အခန်းရောင်းချရမှုလျော့ နည်းလာသဖြင့် တည်ဆောက်ရန် ငွေမလည်ပတ်နိုင်သောကြောင့် ထပ်မံဆောက်လုပ်ရန် အခက် တွေ့လာခြင်း ဖြစ်သည်။

‘‘လှိုင်ဘက်မှာဆို ကန်ထ ရိုက်ဆောက်ဖို့ မြေရှင်တွေ တန်းစီနေတယ်။ ဒါပေမဲ့ လုပ်ငန်းရှင်တွေ က အရင်လို မရဲတော့ဘူး’’ဟု အထက်ပါအကျိုးဆောင်က ရှင်းပြသည်။

မြေရှင်အများစုက မြေကို တိုက်ရိုက်ရောင်းချခြင်းထက် မြေ ပေါ်တွင် ကန်ထရိုက်တိုက်ဆောက်၍ အကျိုးအမြတ်များမည်ကို ပိုမို သိရှိသောကြောင့် ဆောက်လုပ် လိုသူ ကန်ထရိုက်များကို စာချုပ် ချုပ်ဆိုရာတွင် ငွေအလိုက်တောင်း သည့်ပမာဏအလွန်များပြားလာ ကြောင်း တောင်ဥက္ကလာပမြို့နယ်အခြေစိုက် ဆောက်လုပ်ရေးလုပ် ငန်းရှင်တစ်ဦးက ပြောသည်။

ရန်ကုန်မြို့တော်တွင် လွန် ခဲ့သည့် ၁၉၉၇ က ဆောက်လုပ် ရေးများအားကောင်းခဲ့သည့် နှစ် တစ်နှစ်ဖြစ်ခဲ့သည်။ လက်ရှိအစိုးရလက်ထက် ၂၀၁၄ သည် အထပ် မြင့်အဆောက်အအုံတည်ဆောက်ရန် ခွင့်ပြုမိန့် အများဆုံးနှစ်တစ် နှစ်ဖြစ်ခဲ့ပြီး ၁၃ နှစ်အတွင်း စံချိန် တင်အဆောက်အအုံများ ခွင့်ပြု မိန့်အများဆုံးပေးခဲ့သည့် နှစ်တစ် နှစ်ဖြစ်ခဲ့သည်။

Credit: 7 day daily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Twilight ဇာတ်လမ်းတွဲများဖြင့် ကမ္ဘာကျော်ခဲ့သော ရုပ်ရှင်မင်းသမီး ခရစ္စတင်း စတီးဝပ်က သူ၏ လော့စ်အိန်ဂျလိမှ ဒေါ်လာ ၃ ဒသမ ၇ သ
Twilight ဇာတ်လမ်းတွဲများဖြင့် ကမ္ဘာကျော်ခဲ့သော ရုပ်ရှင်မင်းသမီး ခရစ္စတင်း စတီးဝပ်က သူ၏ လော့စ်အိန်ဂျလိမှ ဒေါ်လာ ၃ ဒသမ ၇ သ
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း

Upcoming Property Events

imyanmarmarket
The Rich Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service