တန်ဖိုးမျှတ အိမ်ရာစီမံကိန်းများကို ရန်ကုန်၊ မန္တလေးမြို့များ၌ သာမက ပုသိမ်၊ မုံရွာ စသော မြို့ ကြီးများ၌ပါ တည်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
1500 Views

တန်ဖိုးမျှတ အိမ်ရာစီမံကိန်းများကို ရန်ကုန်၊ မန္တလေးမြို့များ၌ သာမက ပုသိမ်၊ မုံရွာ စသော မြို့ ကြီးများ၌ပါ တည်ဆောက်မည်

မြို့ကြီးများသို့ ပြောင်းရွှေ့အခြေ ချနေထိုင်သူ များပြားလာသည့် အလျောက် ထိုသို့ပြောင်းရွှေ့အခြေချ နေထိုင်သူများအတွက် အဆင်ပြေ စေမည့် တန်ဖိုးမျှတ အိမ်ရာစီမံကိန်း များကို ရန်ကုန်နှင့် မန္တလေးတိုင်း ဒေသကြီးတို့၌သာမကဘဲ မကြာမီ ပုသိမ်နှင့် မုံရွာအစရှိသော မြို့ကြီး များတွင်ပါ တည်ဆောက်သွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီး ဌာနမှ သတင်းရရှိသည်။

”အခုအခြေအနေက မန္တလေး တို့၊ မကွေးတို့မှာလည်း စဆောက် နေပြီဆိုတော့ ပုသိမ်နဲ့ မုံရွာမှာလည်း ဆက်ပြီးတော့ လုပ်ဖို့ စီစဉ်နေပါပြီ။ အများပြည်သူ လက်လှမ်းမီနိုင်တဲ့ တန်ဖိုးလေးတွေ ဖြစ်အောင်လည်း စဉ်းစားပေးနေပါတယ်” ဟု ဆောက် လုပ်ရေးဝန်ကြီးဌာန၊ မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးမင်းထိန်က The Trade Times ကို ပြောသည်။

ဖွံ့ဖြိုးတိုးတက်လာသည့် စီးပွား ရေးဆိုင်ရာ အခွင့်အလမ်းများကြောင့် ကျေးလက်ဒေသများတွင် နေထိုင်သူ အများအပြား မြို့ကြီးများသို့ ပြောင်း ရွှေ့လုပ်ကိုင်လာကြသည့်အတွက် ရန်ကုန်၊ မန္တလေးနှင့် လူနေထူထပ် များပြားသည့် မြို့ကြီးများ၌ လူနေ သိပ်သည်းမှု တဖြည်းဖြည်း တိုးမြင့် လာသည့်အပြင် အိမ်ရာလိုအပ်ချက် များ ရှိလာနေသဖြင့် နိုင်ငံတော် အနေဖြင့် အဆိုပါပြဿနာများကို တစ်ဖက်တစ်လမ်းမှ ဖြေရှင်းနိုင်ရန် အတွက် တန်ဖိုးမျှတအိမ်ရာစီမံကိန်း များအား မြန်မာတစ်နိုင်ငံလုံးတွင် စဉ်ဆက်မပြတ် ဖော်ထုတ် လုပ်ကိုင် လျက်ရှိသည်။

ဆောက်လုပ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနအနေဖြင့် တိုင်း ဒေသကြီး အစိုးရများနှင့် ပူးပေါင်း၍ တန်ဖိုးမျှတ အိမ်ရာစီမံကိန်းများ၊ လူနေ အိမ်ရာ စီမံကိန်းများကို ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေးနှစ်မှ စတင်ဆောက်လုပ် ခဲ့ပြီး ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ် အထိ ဆောက်လုပ်ဆဲ၊ ဆောက်လုပ် ပြီး တိုက်ခန်းပေါင်း ၄ဝ,ဝဝဝ ကျော် ထွက်ရှိရန် မျှော်မှန်းထားသည်။

နိုင်ငံတော်အဆင့် စီမံကိန်းဝင် လုပ်ငန်းကြီးများအဖြစ် အကြီးကျယ် ဆုံး ဆောင်ရွက်ပေးနေသည့် ရန်ကုန် တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ဆိပ်ကမ်း မြို့နယ်ရှိ ၁၈ ထပ် အမြင့်ရှိသော ဧရာဝဏ်နှင့် ရတနာအဆင့်မြင့်တန်ဖိုး မျှတ အိမ်ရာစီမံကိန်းမှာ တည် ဆောက်မှုလုပ်ငန်းများ အတော် အတန် ပြီးစီးနေပြီဖြစ်သဖြင့် ယင်း စီမံကိန်းမှလည်း အခန်းပေါင်း သောင်းနှင့်ချီကာ ထွက်ပေါ်လာနိုင် မည်ဖြစ်ကြောင်း၊ ယခုနှစ် ဖေဖော်ဝါရီ လဆန်းပိုင်းအထိ ယင်းစီမံကိန်းမှာ ၃ဝ ရာခိုင်နှုန်းခန့်အထိ လုပ်ငန်းများ ဆောင်ရွက်ပြီးဖြစ်ကြောင်း အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

”ပြီးခဲ့တဲ့ အခြေအနေကတော့ ၃ဝ ရာခိုင်နှုန်းလောက်တော့ ရှိပါပြီ။ အများပြည်သူကို ရန်ကုန်တိုင်းဒေသ ကြီး အစိုးရအစီအစဉ်နဲ့ ရောင်းပေး မှာ ဖြစ်ပါတယ်။ မဲနှိုက်ပြီးလည်း ရောင်း ပေးမှာပါ”ဟု ၎င်းက ပြောသည်။

၎င်းစီမံကိန်းနှစ်ခုတွင် ၁၈ ထပ် အမြင့် အဆောက်အအုံပေါင်း ၆၄ လုံး ပါဝင်မည်ဖြစ်ပြီး လူဦးရေ ၈ဝ,ဝဝဝ ကျော်အထိ နေထိုင်နိုင်မည်ဖြစ် သည့်အပြင် လမ်းပန်းဆက်သွယ်ရေး၊ ကျောင်း၊ ရေထုတ်စနစ်များ၊ ဈေးများ ပါဝင်၍ ထည့်သွင်း တည်ဆောက် ထားကြောင်း သိရသည်။

နေစရာ အမှန်တကယ် လိုအပ် သူများအတွက် အဖြေရှာပေးနိုင်မည့် တန်ဖိုးမျှတ အိမ်ရာစီမံကိန်းများကို မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာန အနေဖြင့် မြန်မာနိုင်ငံ အနှံ့အပြား၌ အလုံးအရင်းနှင့် တည်ဆောက် နိုင်ရန် ကြိုးပမ်းလျက်ရှိသော်လည်း ဆောက်လုပ်မည့် မြေနေရာ ရရှိရေး မှာ အခက်အခဲတစ်ရပ်ဖြစ်သကဲ့သို့ ဆောက်လုပ်ပြီးစီးသွားပါကလည်း အများပြည်သူ ဝင်ငွေနည်းမိသားစု များအတွက် ငွေကြေးပမာဏနည်း နည်းဖြင့် ရောင်းချနိုင်ပေးနိုင်ရန်မှာ လည်း မလွယ်ကူကြောင်း၊ ရောင်း ဈေး နည်းရန်မှာ အရင်းနည်းမှဖြစ်နိုင် မည် ဖြစ်သည့်အလျောက် အရင်း အနှီးနည်းနည်းဖြင့် ဆောက်လုပ်နိုင် မည့် ဆောက်လုပ်ရေးနည်းပညာ သစ်များ လိုအပ်လျက်ရှိနေကြာင်း မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနမှ သိရသည်။

Credit: thetradetimes

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service