တန်ဖိုးသင့် ဆောက်လုပ်ရေး လုပ်ငန်းများ အတွက် ကျပ်(၈၀) ဘီလီယံ ထုတ်ချေးခဲ့ - Property News in Myanmar from iMyanmarHouse.com
810 Views

တန်ဖိုးသင့် ဆောက်လုပ်ရေး လုပ်ငန်းများ အတွက် ကျပ်(၈၀) ဘီလီယံ ထုတ်ချေးခဲ့

တန်ဖိုးသင့် ဆောက်လုပ်ရေး လုပ်ကိုင်သူ များအား ၂၀၁၄ နှစ်ကုန်ပိုင်းမှ စတင်ကာ ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေ ထုတ်ပေးလျက် ရှိရာ ယခု၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ လယ်ခန့်အထိ ကျပ်(၈၀) ဘီလီယံ နီးပါးအား အတိုးနှုန်း အနည်းငယ်နှင့် ချေးပေးနိုင်ခဲ့ကြောင်း ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်မှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးဝင်းဇော်က ပြောသည်။

တန်ဖိုးနည်း ဆောက်လုပ်ရေး လုပ်ငန်းတွေ အတွက် ချေးပေး တာက အခုဘဏ်ထဲက ငွေနဲ့ပဲ လည်ပတ်နေ တာပါ။ နိုင်ငံခြား ချေးငွေက ဂျပန် နိုင်ငံရဲ့ အမေရိကန် ဒေါ်လာ (၁၁) သန်း ပါတယ်။ တခြားနိုင်ငံ ကနေလည်း ချေးငွေတွေ ရအောင် ကြိုးစားနေပါတယ်ဟု ညွှန်ကြားရေးမှူး ဦးဝင်းဇော်က ပြောသည်။

နိုင်ငံခြားမှ ချေးငွေအား ဂျပန်၊ ကိုရီးယား အစရှိသော နိုင်ငံများနှင့် ချိတ်ဆက်ကာ ချေးငွေရယူ နိုင်ရန် စီစဉ်လျက်ရှိ ပြီး၊ ချေးငွေများ ရယူနိုင် ပါက အတိုးနှုန်းအား ထပ်မံ လျှော့ချကာ ချေးပေးနိုင်မည် ဖြစ်ကြောင်း၊ အိမ်ရာ ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ချေးငွေများ ထုတ်ချေး ပေးနိုင်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်များ တွင် ဘဏ်ခွဲများ ဖွင့်လှစ် သွားရန် စီစဉ်လျက် ရှိကြောင်း ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။ လက်ရှိတွင် ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ် အနေဖြင့် တန်ဖိုးသင့် ဆောက်လုပ်ရေး လုပ်ငန်းများအား ချေးငွေ ထုတ်ပေး နေခြင်း အပြင် ၀င်ငွေ အာမခံချက် ရှိသော လူများ အတွက် အိမ်ရာ ၀ယ်ယူရန် အတိုးနှုန်း အနည်းငယ်ဖြင့် နှစ်ရှည်ချေးငွေ ထုတ်ပေးလျက် ရှိကြောင်း သိရသည်။

Credit: messenger

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service