သီလဝါနားက Star City အခန်းတွေ ၃ရက်အတွင်း ရောင်းမယ် - Property News in Myanmar from iMyanmarHouse.com
1473 Views

သီလဝါနားက Star City အခန်းတွေ ၃ရက်အတွင်း ရောင်းမယ်

သန်လျင်မြို့မှာရှိတဲ့ Star City အိမ်ရာက Galaxy Tower က အခန်းတွေကို စတင်ရောင်းချတဲ့ မိတ်ဆက်အခမ်းအနားကို ဖေဖော်ဝါရီ ၁၁ရက်နေ့က Yoma Strategic Holding ကုမ္ပဏီက Sale Gallery ကို မိတ်ဆက်ခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၄ကနေ ၁၆ရက်နေ့အထိ ၃ရက်ကြာကာလအတွင်းမှာ အဆောက်အအုံ ၃ခုစလုံးကို စတင်ရောင်းချမှာဖြစ်ပြီး မဂဏန်းအလွှာဖြစ်တဲ့ ၁၊ ၃၊ ၅၊ ၇ စတဲ့အထပ်တွေကိုပဲ ရောင်းမယ်လို့ ဆိုပါတယ်။ အရောင်းပွဲတော်ပြီးလို့ ၃ပတ်အကြာ ဈေးတက်ဖို့ရှိတာကြောင့် ဒီ၃ရက်အတွင်း ဝယ်ယူသူတွေဟာ အမြတ်စရနေမှာဖြစ်ပါတယ်လို့ ဆိုပါတယ်။

Galaxy Towers ရဲ့ အခန်း ၆ဝရာခိုင်နှုန်းကို ရောင်းပြီးရင်တော့ ရောင်းချတာ ရပ်နားမှာဖြစ်ပြီး ကျန်တဲ့အခန်းတွေကိုတော့ အဆောက်အအုံပြီးခါနီးမှာ အမြင့်ဈေးနဲ့ ဆက်ပြီးရောင်းမှာမို့ ပထမဆုံး ဝယ်ထားသူ ၆ဝ%ဟာ ပိုပြီးအကျိုးအမြတ်တွေရှိလာမှာပါလို့ ရှင်းပြပါတယ်။ နိုင်ငံတကာကျောင်းကို ၂ဝ၁၆မှာ ပြီးအောင်ဆောက်ပြီး ဆေးခန်းတွေ၊ ဈေးဝယ်စင်တာတွေ၊ ဘဏ်တွေလည်း ပါဝင်လာမှာမို့ Star City ဟာ ရန်ကုန်မြို့လယ်နဲ့ မိနစ် ၃ဝလောက်သွားရင် ရောက်တာမို့ ဝယ်ယူသူတွေအတွက် အမြတ်ကျန်စေမယ်လို့ ဆိုပါတယ်။

Star City ဟာ သီလဝါအထူးစီးပွားရေးဇုန်နဲ့ ၁၅မိနစ်ပဲ ဝေးတာမို့ သီလဝါဇုန်သာပြီးခဲ့ရင် အဲဒီဇုန်ထဲက အလုပ်လုပ်သူ ၃ရာခိုင်နှုန်းဟာ အဲဒီပတ်ဝန်းကျင်မှာ နေထိုင်ဖို့လိုမှာမို့ သူတို့အိမ်ရာစီမံကိန်းက အရေးပါတယ်လို့ ဆိုပါတယ်။ မြန်မာအစိုးရကလည်း တံတားဆောက်လုပ်ဖို့လုပ်နေသလို ၂ဝ၁၇မှာ ပြီးတဲ့အခါ သွားလာရပိုလွယ်သွားပြီး သီလဝါတိုးတက်မှုက Star City နဲ့ ချိတ်ဆက်နေပါတယ်လို့ ဆိုပါတယ်။

အိမ်ခြံမြေလုပ်ငန်းမှာ စိတ်ဝင်စားတဲ့ ရင်းနှီးမြှုပ်နှံလိုသူ ၃၂ဝကျော်ဟာ စောင့်ဆိုင်းစာရင်းမှာပဲ ရှိနေတာမို့ ၃ရက်တာ ရောင်းချမှုအတွင်း လူ ၃၂ဝလုံးကို ချက်ချင်းရောင်းဖို့ အဆင်မပြေတာကြောင့် အထူးအစီအစဉ်အဖြစ် ဦးစားပေးရောင်းချမှာမို့ ရောင်းချတဲ့ကာလမှာလည်း အဆိုတော် အမွန်းက ဖျော်ဖြေမှာဖြစ်သလို အစားအသောက်တွေနဲ့လည်း ဧည့်ခံမယ်လို့ ပြောပါတယ်။

Credit: Kamayut Media

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service