ဒဂုံ-ဧရာပွဲရုံနှင့် မြို့နယ် ငါးမြို့နယ်ရှိ စည်ပင်ပိုင် မြေကွက်များ လေလံစနစ်ဖြင့် ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
903 Views

ဒဂုံ-ဧရာပွဲရုံနှင့် မြို့နယ် ငါးမြို့နယ်ရှိ စည်ပင်ပိုင် မြေကွက်များ လေလံစနစ်ဖြင့် ရောင်းမည်

လှိုင်သာယာမြို့နယ်ရှိ ဒဂုံ-ဧရာပွဲရုံနှင့် အဝေးပြေး ယာဉ်ရပ်နားစခန်းမှ မြေကွက်များ အပါအဝင် မြို့နယ် ငါးမြို့နယ်ရှိ စည်ပင်ပိုင် မြေကွက်များကို လေလံစနစ်ဖြင့် ဖေဖော်ဝါရီ ၁၃ ရက်တွင် ရောင်းချပေးမည်ဟု ဇန်နဝါရီ ၂၆ ရက်က ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ကြေညာထားသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ဒဂုံ-ဧရာပွဲရုံနှင့် အဝေးပြေး ယာဉ်ရပ်နား စခန်းမှ ပေ (၄ဝx၆ဝ)ပွဲရုံ မြေကွက်များ၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊သာကေတမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့ရှိ မြေကွက်များကို ရောင်းချသွားမည် ဖြစ်သည်။

အဆိုပါမြေကွက်များကို ဝယ်ယူခွင့်ပြုရရှိရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီသို့ လျှောက်လွှာ တင်သွင်းရမည်ဖြစ်ပြီး ဖေဖော်ဝါရီ ၁၂ ရက် နောက်ဆုံးထား တင်ပြရမည်ဖြစ်ကာ ဖေဖော်ဝါရီ ၁၃ ရက်၌ လေလံတင်ရောင်းချမည် ဖြစ်သည်။

လေလံစည်းကမ်းချက်များအရ ဝယ်ယူခွင့်ရရှိသူ၏ အမည်ဖြင့် မြေချပါမစ်ကို ၂၅ နှစ်သက်တမ်း မြေငှားဂရန် ထုတ်ပေးမည်ဖြစ်ပြီး မြေကွက်ဝယ်ယူပြီး ခြံစည်းရိုးကာရံရမည့်ကာလ၊ ပွဲရုံအဆောက်အအုံတည်ဆောက် ရန်ကာလတို့ကို စည်ပင်သာယာရေး ကော်မတီက သတ်မှတ်ပေးသွားမည် ဖြစ်သည်။

အဆောက်အအုံများကို အမြင့်ပေ ၅ဝ ထက်မပိုသည့် လေးထပ်အထိသာ ဆောက်လုပ်ရမည်ဖြစ် ပြီးစည်ပင်သာယာရေးကော်မတီ၏ ညွှန်ကြားချက်များ
အတိုင်းသာ ဆောင်ရွက်ရမည် ဖြစ်သည်။

ပွဲရုံဝင်းအတွင်း စက်သုံးဆီများ၊ ဓာတ်ငွေ့နှင့် ဓာတ်ငွေ့ရည်များ၊ ပေါက်ကွဲစေတတ်သည့် ပစ္စည်းများ သိုလှောင်ရောင်းချခြင်း၊ ရေလုပ်ငန်းနှင့် ဆက်စပ်သည့် ငါးပိ၊ ငါးခြောက်၊ ငံပြာရည်လုပ်ငန်းများ၊ သားရည် လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ခြင်း ခွင့်ပြုမည် မဟုတ်ဟု စည်ပင်သာယာရေး ကော်မတီက သတ်မှတ်ထားသည်။

ဒဂုံ-ဧရာပွဲရုံ အကျယ်အဝန်းသည် မြေဧက ၉ဝ ကျော်ရှိကာ မြေကွက်ပေါင်း ၇ဝဝ ဝန်းကျင်သည်။ ဒဂုံ-ဧရာပွဲရုံသည် ရန်ကုန်မြို့ရှိ ဘုရင့်နောင်ပွဲရုံနှင့် ယာဉ်ရပ်နားစခန်းပြီးလျှင် ဒုတိယ ကုန်စည်လုပ်ငန်းများ အချက်အချာကျသည့် နေရာဖြစ်လာမည်ဟု စီးပွားရေး လုပ်ငန်းရှင်များက သုံးသပ်လျက်ရှိသည်။

Credit: mizzima

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 08 Jul To 08 Aug

Central Shophouse

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service