သွေးပျက်မတတ် ခြောက်လှန့်နေဆဲဖြစ်တဲ့ ကမ္ဘာ့တစ်လွှားက နေအိမ်ကြီးများ အပိုင်း(၁) - Property News in Myanmar from iMyanmarHouse.com
1820 Views

သွေးပျက်မတတ် ခြောက်လှန့်နေဆဲဖြစ်တဲ့ ကမ္ဘာ့တစ်လွှားက နေအိမ်ကြီးများ အပိုင်း(၁)

သင်က သရဲကြောက်တဲ့လူလား။ ဒါမှမဟုတ် သရဲ၊ တစ္ဆေ၊ ဝိဥာဉ် တွေရှိနေတယ်ဆိုတာကို မယုံကြည်တဲ့ လူလား၊ မကြောက်တဲ့ လူ လား။ ကမ္ဘာ့ခြောက်ခြားစရာနေရာတွေကနေ သင့်ကို ကြိုဆိုလိုက် ပါတယ်။ ကမ္ဘာကျော်မဂ္ဂဇင်းတွေ၊ ပေတလောက စာမျက်နှာတွေရဲ့ ခေါင်းစီးပိုင်းမှာဖော်ပြခံရတဲ့ ကြောက်မက်ဖွယ်နေအိမ်တွေရဲ့ ထိတ် လန့်စရာ ကြက်သီးမွှေးညှင်း တဖြန်းဖြန်းထသွားစေမယ့် အကြောင်း အရာတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ခေါင်းပြတ်တွေ၊ ခေါင်းပြတ်တဲ့ ခန္ဓာကိုယ်တွေ လျှောက်ပြေးနေ တယ်လို့ နာမည်ကြီးတဲ့ လန်ဒန်က ရဲတိုက်ပျက်ကြီးတစ်ခုပါ။ ရှေး က လူဆိုးလူမိုက်ကြီးတွေ၊ အပြစ်သားတွေကို ရက်ရက်စက်စက် ပြစ်ဒဏ်ပေးဖမ်းချုပ်တဲ့ ငရဲခန်းတစ်ခုလည်းဖြစ်ပါတယ်။

ဒီ့ထက်ပိုပြီး လူသိများနာမည်ကျော်ခဲ့တဲ့ဖြစ်ရပ်ကတော့ နိုင်ငံတော် ရဲ့ ရှစ်ဆက်မြောက်ဘုရင် ဟင်နရီရဲ့ မိဖုရား အန်နီဘိုးလင်းအ ကြောင်းပဲဖြစ်ပါတယ်။ နောက်မင်းဆက် ဆက်ခံဖို့ သားတော်တစ် ယောက်ကို တောင် အောင်မြင်အောင် မဖွားမြင်နိုင်ခဲ့တာကြောင့် ဘုရင်မျိုးရိုးအကြီးအကဲတို့ရဲ့ ခေါင်းဖြတ်ကွပ်မျက်ခြင်းကို ခံခဲ့ရတဲ့ မိဖုရားတစ်ပါးပဲဖြစ်ပါတယ်။

အဲ့ဒီအချိန်ကစပြီး သူမရဲ့ ခေါင်းပြတ်ခန္ဓာကိုယ်ကြီးက အဲ့ဒီ ရဲတိုက်၊ နန်းတော်ကြီးထဲမှာ ယနေ့တိုင် သွားလာလှုပ်ရှားနေတာကြောင့် သွေးစွန်းနေတဲ့ ရဲတိုက်ကြီးလို့ခေါ်တွင်သမုတ်ထားကြပါတယ်။ တော်ရုံလေ့ကျင့်သင်ကြားပေးထားတဲ့ စစ်မြေပြင်ခွေးတွေကတောင် ဒီရဲတိုက်ကြီးထဲကို ဝင်ဖို့ငြင်းဆန်ကြပါတယ်။

၁၈၆၄ ခုနှစ် ရဲ့ စစ်မြေပြင်တိုက်ပွဲအတွင်း ဒီရဲတိုက်ကြီးထဲကိုလာ ရောက်စစ်ခိုလှုံတဲ့ စစ်သားတစ်ဦးရဲ့ သွေးပျက်ခြောက်ခြားစရာ တစ္ဆေအခြောက်ခံရမှုအတွေ့အကြုံကို ကမ္ဘာ့သတင်းမီဒီယာမှတ ဆင့်ဖော်ပြခဲ့ဖူးပါတယ်။ နိုင်ငံတော်ရဲ့ ဘုရင်စနစ်အတွင်းကသမိုင်း ကြောင်းများစွာ ခိုအောင်းကျန်ရစ်နေခဲ့တဲ့ ဒီရဲတိုက်ကြီးကို ကမ္ဘာ အနှံ့ကဧည့်သည်တွေများစွာ စိတ်ဝင်တစားလာရောက် လည်ပတ် လေ့လာကြတဲ့အတွက် နေ့ဘက်တွေမှာ စည်ကားနေသော်လည်းပဲ ခြောက်ခြားစရာ ညဘက်မျိုးဆိုရင်တော့ ပကတိအတိုင်းကြောက် လန့်ခြောက်ခြားမှုတွေနဲ့ အစပျိုးတိတ်ဆိတ်နေတတ်တာပဲဖြစ်ပါ တယ်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ဘာသာပြန်သည်။)
သွေးပျက်မတတ် ခြောက်လှန့်နေဆဲဖြစ်တဲ့ ကမ္ဘာ့တစ်လွှားက နေအိမ်ကြီးများ အပိုင်း(၁) - Property News in Myanmar from iMyanmarHouse.com
သွေးပျက်မတတ် ခြောက်လှန့်နေဆဲဖြစ်တဲ့ ကမ္ဘာ့တစ်လွှားက နေအိမ်ကြီးများ အပိုင်း(၁) - Property News in Myanmar from iMyanmarHouse.com
သွေးပျက်မတတ် ခြောက်လှန့်နေဆဲဖြစ်တဲ့ ကမ္ဘာ့တစ်လွှားက နေအိမ်ကြီးများ အပိုင်း(၁) - Property News in Myanmar from iMyanmarHouse.com
သွေးပျက်မတတ် ခြောက်လှန့်နေဆဲဖြစ်တဲ့ ကမ္ဘာ့တစ်လွှားက နေအိမ်ကြီးများ အပိုင်း(၁) - Property News in Myanmar from iMyanmarHouse.com
သွေးပျက်မတတ် ခြောက်လှန့်နေဆဲဖြစ်တဲ့ ကမ္ဘာ့တစ်လွှားက နေအိမ်ကြီးများ အပိုင်း(၁) - Property News in Myanmar from iMyanmarHouse.com
သွေးပျက်မတတ် ခြောက်လှန့်နေဆဲဖြစ်တဲ့ ကမ္ဘာ့တစ်လွှားက နေအိမ်ကြီးများ အပိုင်း(၁) - Property News in Myanmar from iMyanmarHouse.com
သွေးပျက်မတတ် ခြောက်လှန့်နေဆဲဖြစ်တဲ့ ကမ္ဘာ့တစ်လွှားက နေအိမ်ကြီးများ အပိုင်း(၁) - Property News in Myanmar from iMyanmarHouse.com
သွေးပျက်မတတ် ခြောက်လှန့်နေဆဲဖြစ်တဲ့ ကမ္ဘာ့တစ်လွှားက နေအိမ်ကြီးများ အပိုင်း(၁) - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ

အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်

အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်

အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ

အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ

[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်

အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်

ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ

ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး

Upcoming Property Events

From 24 May To 25 May

The Rich Villa

imyanmarmarket
The Rich Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service