တန်ဖိုးနည်း တိုက်ခန်း အရစ်ကျ ပေးသွင်းငွေ သတ်မှတ်နှုန်းထား ကြီးမြင့်သည့် အတွက် ၀ယ်ယူခွင့်ရ ၀န်ထမ်း အချို့ အခက်အခဲတွေ့ - Property News in Myanmar from iMyanmarHouse.com
2863 Views

တန်ဖိုးနည်း တိုက်ခန်း အရစ်ကျ ပေးသွင်းငွေ သတ်မှတ်နှုန်းထား ကြီးမြင့်သည့် အတွက် ၀ယ်ယူခွင့်ရ ၀န်ထမ်း အချို့ အခက်အခဲတွေ့

ရွှေလင်ပန်း အိမ်ရာ တန်ဖိုးနည်း တိုက်ခန်း အရစ်ကျ ပေးသွင်းငွေ သတ်မှတ် နှုန်းထား ကြီးမြင့်သည့် အတွက် ၀ယ်ယူခွင့် ရရှိသည့် အစိုးရ ၀န်ထမ်း အချို့ ငွေပေးသွင်းရန် အခက်အခဲ ရှိနေကြောင်း သတင်း ရရှိသည်။ လက်ရှိ သတ်မှတ်ထား ရာတွင် ပထမ အရစ် အနေဖြင့် တိုက်ခန်း တန်ဖိုး၏ (၃၀) ရာခိုင်နှုန်း ပေးသွင်း ရမည် ဖြစ်ကာ လစဉ် အရစ်ကျ ပေးသွင်းမည် ဆိုပါက ငွေကျပ် နှစ်သိန်းမှ သုံးသိန်းကြား ကျသင့်မည် ဖြစ်ကြောင်း သိရသည်။
တကယ်တမ်း ကြည့်မယ် ဆိုရင် ကျွန်မတို့ရတဲ့ လစာ အနေအထားနဲ့ အခု သတ်မှတ်တဲ့ နှုန်းထားကို ပေးသွင်းနိုင်ဖို့ တော်တော် အခက်အခဲ ရှိပါတယ်။ ဒီကြားထဲမှာ ကျွန်မတို့ရဲ့ စားဝတ်နေရေးလည်း ရှိသေးတယ် ဟု အလယ်တန်းပြ ဆရာမ ဒေါ်မာလာမြင့်က ပြောသည်။ တိုင်းဒေသကြီး အစိုးရ နှင့် အိုးအိမ် ဦးစီးဌာနတို့ သတ်မှတ် ထားချက်တွင် အထက်ပါ အခက်အခဲအား ဖြေရှင်းရန် အတွက် အိမ်ရာ ဆောက်လုပ်ရေး ဘဏ်နှင့် ချိတ်ဆက်၍ ချေးငွေ ရရှိရန် စီစဉ်ထား သော်လည်း အဆိုပါ ချေးငွေ ရရှိရန် မိမိ လုပ်ကိုင်သည့် ဌာန၏ ထောက်ခံချက် ပြုလုပ် ရမည့် အချက်သည်လည်း အခက်အခဲ တစ်ရပ် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောသည်။

ကျွန်တော်တို့က ပင်စင်စား ဆိုတဲ့အ ခါ ကိုယ်ရတဲ့ ပင်စင် လစာကိုက နှစ်သိန်း ၀န်းကျင် ဆိုတာ အမြင့်ဆုံး အနေအထားပဲ ရှိတယ်။ အဆင့်မြင့် အရာရှိကြီးတွေ မပါပေါ့။ ဒါပေမဲ့ ခုဝယ်ခွင့် ရလိုက်တာက ပျော်စရာ မဟုတ်ဘဲ ခေါင်းခြောက်စရာ ဖြစ်နေရတယ် ဟု အငြိမ်းစား ၀န်ထမ်း ဦးလှမင်းက ဆိုသည်။ ဆောက်လုပ်ရေးဘဏ်မှ ချေးငွေ ရယူရာတွင် ပထမနှစ် အတွက် (၉) ရာခိုင်နှုန်းနှင့် ဒုတိယနှစ်မှ စတုတ္ထနှစ် အထိ သုံးနှစ် အတွက် (၅) ရာခိုင်နှုန်း သတ်မှတ်ထား မှုအား လျှော့ချပေးရန်နှင့် လေးနှစ် အကြေဆပ် ရမည့် အစား ရှစ်နှစ်ခန့်အထိ အချိန်တိုးပေး မှသာ လစဉ်ပေး သွင်းငွေ လျော့နည်းသွား နိုင်မည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောသည်။

ကျွန်တော်တို့ဘက် အနေနဲ့ကလည်း ဘဏ်တည်ထောင်တာ တစ်နှစ်ပဲရှိ သေးတော့ အပ်ငွေက သိပ်မရှိသေးဘူး။ နောက်တစ်ခုက ချေးငွေ ရယူပြီ ဆိုတာနဲ့ ကျွန်တော်တို့ကနေ ကျန် (၇၀) ရာခိုင်နှုန်းကို အစိုးရထံ စိုက်ထုတ် အပ်နှံရမှာ ဖြစ်တဲ့ အတွက် လောလောဆယ် မဖြစ်နိုင်သေး ပါဘူးဟု အိမ်ရာ ဆောက်လုပ်ရေးဘဏ်မှ လက်ထောက် အထွေထွေ မန်နေဂျာ ဦးစိုးသိန်းက ပြောသည်။

ပထမဆုံး အကြိမ် အရစ်ကျ ရောင်းချမှု ဖြစ်သည့် အပြင် နိုင်ငံတော် သမ္မတ၏ ညွှန်ကြားချက်နှင့် အညီ စည်းကမ်းချက်များ သတ်မှတ် ဆောင်ရွက် ရခြင်းဖြစ်သည့် အတွက် လက်ရှိ သတ်မှတ် ထားသည့် လေးနှစ် အစီအစဉ် အတိုင်းသာ ဆောင်ရွက် နိုင်မည် ဖြစ်ကြောင်း၊ ရန်ကုန် တိုင်းဒသကြီး အစိုးရ အဖွဲ့ရုံးမှ ညွှန်ကြားရေးမှူး ဦးနေ၀င်းအောင်က ပြောသည်။

Credit: messenger

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

Emerald Bay Condo
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service