စက်မှု(၁)မြေကွက်တွင် ဟောင်အန်းဂရီလာဆောင်ရွက်နေသော စီမံကိန်း၌ စင်ကာပူကုမ္ပဏီပူးပေါင်းရင်းနှီးမြှုပ်နှံ - Property News in Myanmar from iMyanmarHouse.com
983 Views

စက်မှု(၁)မြေကွက်တွင် ဟောင်အန်းဂရီလာဆောင်ရွက်နေသော စီမံကိန်း၌ စင်ကာပူကုမ္ပဏီပူးပေါင်းရင်းနှီးမြှုပ်နှံ

ဗီယက်နမ်ကုမ္ပဏီ တစ်ခုဆောင်ရွက်နေသော ရန်ကုန်မြို့၏ အထင်ကရစီမံကိန်းတွင် စင်ကာပူကုမ္ပဏီကြီးတစ်ခု ပူးပေါင်းပါဝင်ပြီး ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရန်ဖေဖော်ဝါရီ ၁၂ ရက်က သဘောတူညီလိုက်သည်။

အင်းလျားကန်နှင့် ဆီဒိုးနားဟိုတယ်ဘေး အကွက်အကွင်းကောင်းနေရာဖြစ်သော ယခင်စက်မှု(၁)ဝန်ကြီးဌာနပိုင်မြေကွက်တွင် အကောင်အထည်ဖော်မည့် အမေရိကန်ဒေါ်လာသန်း ၅၅၀ (မြန်မာငွေကျပ်သန်းပေါင်း ငါးသိန်းခွဲ)တန် စီမံကိန်းကြီး၌ စင်ကာပူလုပ်ငန်းတစ်ခုနှင့် ဗီယက်နမ် ကုမ္ပဏီတို့ အကျိုးတူပူးပေါင်း ရင်းနှီးမြှုပ်နှံမည့် သဘောတူညီ ချက်တစ်စောင်ကို ဖေဖော်ဝါရီ ၁၂ ရက်က ရေးထိုးခဲ့သည်။ ယခင်ဗီယက်နမ်တစ်ဦးတည်း ရင်းနှီးမြှုပ်နှံချိန်တွင် အမေရိကန်ဒေါ်လာသန်း ၄၄၀ ကျော်သာ သတ်မှတ်ရင်းနှီးမြှုပ်နှံခဲ့ခြင်းဖြစ်သည်။

စင်ကာပူဘီလျံနာ ပီတာ လင်းတစ်စိတ်တစ်ပိုင်းပိုင်ဆိုင် ထားသည့် အိမ်ခြံမြေနှင့် ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းတစ်ခုဖြစ်သော Rowsley နှင့် ဗီယက်နမ်၏ ဟောင်အန်းဂရီလာ (HAGL)တို့ သည် ရန်ကုန်ရှိ ယင်းစီမံကိန်းကို ရှယ်ယာ ၅၀ ရာခိုင်နှုန်းစီ ရင်း နှီးမြှုပ်နှံရန် သဘောတူလက်မှတ် ရေးထိုးကြောင်း ဖေဖော်ဝါရီ ၁၂ ရက်က သတင်းထုတ်ပြန်သည်။ယင်းစီမံကိန်းပြီးစီးသည့် အခါ အမေရိကန်ဒေါ်လာသန်း ၅၅၀ တန်ကြေးရှိကြောင်း တွက်ချက်ထားကြသည်။

စတုရန်းမီတာ ၇၃,၀၀၀ ကျော် ကျယ်ပြန့်သည့်နေရာ အတွက် HAGL မြန်မာစင်တာက နှစ် ၅၀ သက်တမ်းရှိ မြေငှားရမ်း စာချုပ်ချုပ်ဆိုထားသည်။ ထို့ အပြင် နောက်ထပ် ၁၀ နှစ်+ ၁၀ နှစ် ငှားရမ်းနိုင်သည့် ရွေးချယ်ခွင့် လည်းရထားသည်ဟု ဆိုသည်။ ကြယ်ငါးပွင့်ဟိုတယ်၊ အဆောက် အအုံတစ်ခုလျှင် အထပ်သုံးဆယ် နီးပါးမြင့်မားပြီး အခန်း ၂,၀၀၀ ခန့်ပါဝင်မည့် ရုံးခန်းအဆောက် အအုံပေါင်း လေးခု၊ ဈေးဝင်စင် တာ၊ လူနေတိုက်ခန်းအိမ်ရာများ အစရှိသည်တို့ပါဝင်သည့် မြန်မာနိုင်ငံတွင် အကြီးဆုံးစီမံကိန်းတစ်ခုဖြစ်သည့် ယင်းစီမံကိန်းကို HAGL မြန်မာစင်တာက တစ်ဦးတည်းပိုင်အဖြစ် စတင်ဆောင်ရွက်ခဲ့သည်။ ယခု Row-sley ကအမေရိကန်ဒေါ်လာ ၂၂၇ သန်းပါဝင်ရင်းနှီးမြှုပ်နှံ၍ အစုရှယ်ယာ ၅၀ ရာခိုင်နှုန်းရယူမည်ဖြစ်သည်။ HAGL အနေဖြင့်လည်း ယခုထက်တိုး၍ရင်းနှီးမြှုပ်နှံမှုများပြုလုပ်မည်ဖြစ်သကဲ့သို့ စီမံကိန်းတစ်ခုလုံး၏ ဆောက်လုပ်ရေးကိုတာဝန်ယူမည်ဖြစ်ကြောင်း Rowsleyက ဆိုသည်။ ၂၀၁၈ တွင် စီမံကိန်းတစ်ခုလုံးပြီးစီးရန် သတ်မှတ်ထားကြသည်။

‘‘ပြီးခဲ့တဲ့နှစ်အနည်းငယ် အတွင်းမှာ မြန်မြန်ဆန်ဆန်ကြီး ဖွံ့ဖြိုးတိုးတက်မှုတွေကို မြင်ခဲ့ပါ ပြီ။ ပြီးတော့ သံသယရှိစရာမလို အောင် မြန်မာက အာရှရဲ့ပေါ် ထွက်လာတဲ့ကြယ်တစ်ပွင့်ပါပဲ။ လတ်တလောမှာ ရန်ကုန်ဟာ ထိပ်တန်းအဆင့်ရုံးခန်းနေရာ၊ ဟိုတယ်တွေနဲ့ ခေတ်မီဈေးဝယ် စင်တာတွေ အကြီးအကျယ်ပြတ် တောက်မှုရင်ဆိုင်နေရတယ်’’ဟု Rowsley အမှုဆောင်အရာရှိ ချုပ်လော့ခ်ဝေဟန်က ကြေညာချက်တွင် ပြောကြားထားသည်။

ရုံးခန်းများစွာပါဝင်သည့် အဆောက်အအုံနှစ်ခု၊ ဈေးဝယ်စင်တာကြီးတစ်ခု၊ အခန်းပေါင်း ၄၀၀ ရှိ ကြယ်ငါးပွင့်ဟိုတယ်တစ်လုံးပါဝင်သည့် စီမံကိန်းပထမဆင့်ဆောက်လုပ်ခြင်းကို လွန်ခဲ့သည့် ၂ နှစ်ကတည်းက စတင်ခဲ့ရာ ၂၀၁၅ နှစ်ကုန်တွင် ပြီးစီးမည်ဟု ဆိုသည်။ ကျန်အဆောက်အအုံများနှင့် စီမံကိန်းတစ်ခုလုံးကို ၂၀၁၈ တွင် အလုံးစုံပြီးစီးရန် မျှော်မှန်းထားကြသည်။

HAGL နှင့် Rowsley တို့ သည် ကြာသပတေးနေ့က စာချုပ်ပါအခြေခံစည်းမျဉ်းစည်းကမ်း ဥပဒေများကို လက်မှတ်ထိုးခဲ့ကြ သည်။ ပူးတွဲရင်းနှီးမြှုပ်နှံရန်အသေးစိတ်သတ်မှတ်ချက်များကို သတ်မှတ်ထားသည့် ကာလအတွင်း သဘောတူညီကြမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့၏။

မြန်မာနိုင်ငံအနေဖြင့် ၂၀၁၀ မှ ၂၀၃၀ ကာလအတွင်း အခြေခံအဆောက်အအုံဆိုင်ရာနှင့် အိမ်ခြံမြေဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန်ဒေါ်လာသန်း ၃၂၀ ခန့်လိုအပ်မည်ဖြစ်ကြောင်း McKinsey Global Institute ၏စစ်တမ်းတစ်စောင်က ခန့်မှန်းထားသည်။

ရန်ကုန်မြို့တော်စည်ပင် အနေဖြင့် အဆောက်အအုံဆောက်လုပ်ခွင့်ကို ၂၀၁၃ က အထပ်မြင့်၊ အထပ်နိမ့်အဆောက်အအုံပေါင်း၎,၂၀၀ ကျော်သာ ခွင့်ပြုနိုင်ခဲ့သော်လည်း ၂၀၁၄ တွင် အလုံးရေ ၆,၉၀၀ ကျော်ဖွင့် နိုင်ခဲ့ကြောင်း သိရသည်။ ရန်ကုန်၏ အထင်ကရ မိုးမျှော်တိုက်များ အဖြစ် ထွက်ပေါ်နိုင်သည့် ဗီယက်နမ်၏ HAGLစီမံကိန်းမှာ ၂၀၁၄ က မူအားဖြင့်ဆောက်လုပ်ခွင့်ပြုသော အဆောက်အအုံများထဲတွင် ပါဝင်ခဲ့သည်။

Credit: 7 day daily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service