အိမ်ခြံမြေ ရောင်းဝယ်ရာ၌ ရောင်းသူတို့သတိပြုရန်အချက်များ - Property Knowledge in Myanmar from iMyanmarHouse.com
2921 Views

အိမ်ခြံမြေ ရောင်းဝယ်ရာ၌ ရောင်းသူတို့သတိပြုရန်အချက်များ

Knowledge | Posted by Shwe Zin Win

မြေအရောင်းအ၀ယ်လုပ်ရာ၌ ၀ယ်သူများမှသာ ခိုင်မာမှု ရှိစေရန် ရှေ့နေရှေ့ရပ်များခေါ်၍ စာချုပ်များချုပ်ဆိုခြင်း၊ ပိုင်ဆိုင်မှုစာရွက် စာတမ်းများ၊ မှန်/မမှန် စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ကြသော်လည်း ရောင်းချသူများကား ရှေ့နေရှေ့ရပ်များခေါ်ယူ၍ အရောင်း အ၀ယ် စာချုပ် စစ်ဆေးစေခြင်းနှင့် အရောင်းအ၀ယ်အား တိကျသေချာစေရန် ဆောင်ရွက်ခြင်းတို့မှာတော့ အင်မတန် ရှားပါးလွန်း လှပါသည်။

အမှန်တကယ်တော့ ရောင်းသူဖြစ်ဖြစ်၊ ၀ယ်သူဖြစ်ဖြစ် အရောင်းအ၀ယ်တစ်ခုအား ပြုလုပ်ကြရာ ၀ယ်ရောင်းသူဘက်မှ ဆောင်ရွက် ပေးရမည့် တာဝန်ရှိသလို၊ ၀ယ်ယူသူဘက်မှလည်း လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို အရောင်းအ၀ယ်စာချုပ်ထဲ၌ တိကျစွာရေးသားချုပ်ဆိုထားသင့်ပါသည်။

လွန်ခဲ့သော တစ်ပတ်ခန့်က ကျွန်တော့မိတ်ဆွေ၏ မိခင်ဖြစ်သူက အငြိမ်းစားကျောင်းအုပ်ဆရာမကြီး တစ်ဦးအား ၎င်း၏ တပည့် တော်စပ်ခဲ့ဖူးသူ အိမ်၊ခြံ၊မြေ ပွဲစားတစ်ဦးမှ ဆရာမကြီးပိုင် တောင်ဒဂုံ မြို့နယ်မှာ ရှိသော ပါမစ်မြေအား ၀ယ်ယူရန် ကမ်းလှမ်းခဲ့ပြီး စရန်ငွေတစ်စိတ်တစ်ပိုင်းပေးချေသွားခဲ့ပါသည်။

အဆိုပါ စရန်ငွေပေးချေသွားသော အချိန်၌ တောင်ဒဂုံမြို့နယ်မှာ စီမံကိန်း တစ်ခုကြောင့် မြေဈေးခုန်တက်နေသော အချိန်ကာလ လည်း ဖြစ်ပါသည်။ ထိုသို့စရန်ငွေ တစ်စိတ်တစ်ပိုင်းပေးချေသွားခဲ့ပြီးနောက် အရောင်းအ၀ယ်ပြုသောပါမစ်မြေနှင့်ပတ်သက်သောစာရွက်စာတမ်းမူရင်း များကို ဂရန်လျှောက်ရမည်ဆိုသော အကြောင်းပြချက်ဖြင့် ယူသွားပါသည်။

စရန်ငွေပေးချေပြီး ၂ လခန့်အကြာတွင် အဆိုပါ မြေဈေးများ တစ်ဝက်ခန့် တစ်ရှိန်ထိုး ကျဆင်းသွားပြီးနောက် အဆိုပါ ၀ယ်ယူသူ ပွဲစားမှာ ဒုတိယအရစ် စရန်ငွေကို ပေးချေရမည် ကို ရက်စေ့သော်လည်း မပေးချေခဲ့ပါ။

ပွဲစားအနေနှင့် ဆုတ်လည်းဆူး၊ စားလည်းရူးမည့် အခြေအနေပေါ့။ ရှေ့ဆက်တိုးလျှင် မတန်တဆပေးရမည်ဖြစ်ပြီး၊ နောက်ပြန်ဆုတ်လျှင် ပေးထားသော စရန်ငွေဆုံးတော့မည့်အခြေအနေပါပဲ။

ရောင်းချသူအနေနှင့် ၀ယ်သူကတိပျက်ကွက်ခဲ့ပါက မူလကရရှိထားသော စရံငွေပြန်ပေး စရာမလိုတော့ဘူးပေါ့။ သို့ပေမယ့်လည်း ရောင်းချသူအဖြစ်က ထီပေါက်ပြီး ထီလက်မှတ်ပျောက်သလို ၎င်း၏ ပါမစ်မူရင်း စာရွက်များကို ၀ယ်သူက ပြန်မပေးပဲ နေ့ရွေ့ ညရွေ့လုပ်နေတော့ စိတ်ပူပင်သောကရောက်ရတော့သည်။

ထို့ကြောင့် အရောင်းအ၀ယ် တစ်ခုပြုရာတွင် ရောင်းသူ အနေနှင့် သတိထားရမည့်အချက်မှာလည်းရှိပါသည်။ ယခုကိစ္စကဲ့သို့ ရောင်းချထားသော ပစ္စည်းတန်ဖိုးငွေ အပြည့်အ၀ မရရှိဘဲ မိမိပိုင်ဆိုင်သော ရောင်းချသည့် ပစ္စည်းကိုသော်လည်းကောင်း၊ ယင်းနှင့် ဆက်စပ်ပတ်သက်သည့် စာချုပ်စာတမ်း မူရင်း ကိုသော်လည်းကောင်း ၀ယ်သူဘက်သို့ ကြိုတင်ပေးခဲ့မိပါက ယခု ကဲ့သို့ ဆုံးရှုံးမှုများကို ရင်ဆိုင်ရမည်မှာ မလွဲမသေပင်ဖြစ်ကြောင်း စာဖတ်သူများသို့ သတင်းတစ်ပုဒ်အနေနှင့် မျှဝေပေးလိုက်ရပါ သည်။

Credit : Myanmar Property News

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service