ကြယ်ငါးပွင့်အဆင့် ဟိုတယ်ကို မူ ကမ္ဘာကျော် Wyndham Hotel Group ၏ အမှတ်တံဆိပ်အဖြစ် Wyndham Grand Yangon Royal Lake Hotel အဖြစ် အမည်ပေးထား ပြီး အဆိုပါ ဟိုတယ်နှင့် ၁၅ နှစ် စာချုပ်ချုပ်ဆိုထားသည်။
Wyndham Hotel Group မှ တာဝန်ရှိသူတစ်ဦးက ”မြန်မာ ဈေး ကွက်မှာတော့ ပြိုင်ဘက်ကုမ္ပဏီတွေ က ဝင်ရောက်နေပြီးသားဖြစ်တယ်။ ကျွန်တော်တို့ အုပ်စု လက်အောက် မှာ တခြား နာမည်ကျော် တံဆိပ် လုပ်ငန်းတွေလည်း ရှိပါတယ်။ အဲဒါ တွေကိုလည်း မြန်မာနိုင်ငံမှာ ရင်းနှီး မြှုပ်နှံဖို့အတွက် ခေါ်လာဖို့ ရှိပါတယ်။ မြန်မာဈေးကွက်က ဖွင့်ထားတော့ စီးပွားရေးလုပ်လို့ ကောင်းပါတယ်။ မြန်မာ ဟိုတယ်ကဏ္ဍမှာ Wyndham Hotel Group အနေနဲ့လည်း ရင်းနှီး မြှုပ်နှံဖို့ရှိပါတယ်”ဟု ပြောသည်။