အငှားချ ပြည်သူ့ အိမ်ရာစနစ် ရန်ကုန်တွင်သာ အကောင်အထည်ဖော် နိုင်မည် - Property News in Myanmar from iMyanmarHouse.com
977 Views

အငှားချ ပြည်သူ့ အိမ်ရာစနစ် ရန်ကုန်တွင်သာ အကောင်အထည်ဖော် နိုင်မည်

အငှားချ ပြည်သူ့ အိမ်ရာ စနစ်အား ရန်ကုန် တိုင်းဒေသကြီး အတွင်း၌သာ အကောင်အထည်ဖော် နိုင်မည့် အခြေအနေ ရှိကြောင်း မြို့ရွာနှင့် အိုးအိမ် ဌာနမှ သတင်း ရရှိသည်။ ထိုကဲ့သို့ ဆောင်ရွက် နိုင်ရန် အဓိက အခက်အခဲမှာ ပုဂ္ဂလိကနှင့် ဘဏ္ဍာရေး ဌာနတို့က ရင်းနှီး မြှုပ်နှံရန် စိတ်ဝင်စားမှုအား နည်းခြင်းနှင့် အဆောက်အအုံ ဆောက်လုပ်မည့် မြေနေရာ ရရှိနိုင်မှု အခြေအနေ တို့ကြောင့် ဖြစ်ကြောင်း စီမံကိန်း ညွှန်ကြားရေးမှူး ဒေါ်မီမီတင်က ပြောသည်။ ကျွန်မတို့ အနေနဲ့ ဒီစနစ်နဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်း အတွင်း ဒဂုံ တောင်ပိုင်းကို စီမံကိန်း ဆောင်ရွက်ဖို့ ရွေးချယ် ထားတယ်။ အသေးစိတ် အစီအစဉ်တွေကို ရေးဆွဲနေ ပါတယ် ဟု ဒေါ်မီမီတင်က ပြောသည်။ ထို့ပြင် အဆိုပါ အငှားချ အိမ်ရာ စနစ်အား အကောင်အထည် ဖော်ရန် အတွက် ပုဂ္ဂလိက ကဏ္ဍတွင် အလုပ်လုပ်ကိုင်လျက် ရှိသည့် ၀န်ထမ်းများ အိမ်ရာ ကိစ္စ အဆင်ပြေစေရေး အတွက် လူမှုဖူလုံရေး ၀န်ကြီးဌာနနှင့် ချိတ်ဆက် ဆောင်ရွက် နိုင်ရန် ညှိနှိုင်းလျက် ရှိကြောင်း၊ ယင်းအစီအစဉ်၌ လူမှုဖူလုံကြေးနှင့် ပူးတွဲပေးသွင်း နိုင်မည့် အခြေအနေ တစ်ရပ်အား ဆောင်ရွက်လျက် ရှိကြောင်း ၎င်းက ဆက်လက် ပြောသည်။

ပြည်ထောင်စု လွှတ်တော် အစည်းအဝေး တစ်ရပ်တွင် လစာဝင်ငွေ ပုံမှန် ရှိသော အလုပ်အကိုင်ရှိ သူတိုင်း အကျုံးဝင်မည့် တစ်ဦးချင်း ၀င်ငွေ စုဆောင်းမှု စနစ်ကို ထူထောင်ရန်နှင့် ၀င်ငွေနည်း အခြေခံ လူတန်းစားများ ၀ယ်ယူ နိုင်စွမ်းရှိ စေမည့် တန်ဖိုးနည်း အိမ်ရာ စီမံကိန်းများ ဆောင်ရွက်လျက် ရှိပြီး၊ လစဉ် အရစ်ကျပေး နိုင်ရေး အတွက် နှစ်ရှည် အရစ်ကျ ပေးသွင်းသည့် စနစ်ဖြင့် ၀ယ်ယူ နိုင်ရန် ဆောက်လုပ်ရေး လုပ်ငန်းဘက်မှ အသေးစိတ် တွက်ချက်၍ စီစဉ် သွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ ၀န်ကြီး ဦးစိုးတင့်က ပြောကြား ထားသည်။ ပြီးခဲ့သည့် ဇန်န၀ါရီလ (၃၀) ရက်နေ့ က ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဒဂုံ ဆိပ်ကမ်း မြို့နယ် အတွင်း၌ တိုင်းဒေသကြီး အစိုးရ၏ ညွှန်ကြားချက်ဖြင့် စက်မှုဇုန် တည်ဆောက်ရန် အတွက် (၁၇၅) ရပ်ကွက်မှ ကျူးကျော်နေ အိမ်အလုံး(၁၄၀)ကျော်ကို ဖျက်ဆီး အရေးယူခဲ့မှု များလည်း ရှိသည်။

Credit: messenger

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Ali
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Ali
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ

Upcoming Property Events

Innwa Pyae Sone Residence
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service