မြို့စွန် လေးမြို့နယ်ရှိ စည်ပင်ပိုင်မြေများ လေလံတင်ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
1026 Views

မြို့စွန် လေးမြို့နယ်ရှိ စည်ပင်ပိုင်မြေများ လေလံတင်ရောင်းချမည်

စည်ပင်ပိုင်မြေနေရာ များဖြစ်သည့် ဒဂုံဧရာအဝေးပြေး ယာဉ်ရပ်နားစခန်းမှ မြေနေရာများအပါအ၀င် မြို့စွန်လေးမြို့နယ်မှ မြေကွက်များ လေလံ တင်ရောင်းချသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာနှင့် အဆောက်အအုံဌာနမှ သတင်းရရှိသည်။

ဒဂုံဧရာအဝေးပြေးဝင်းရှိ မြေကွက်များ၊ပွဲရုံမြေနေရာများ အပါ အ၀င် သာကေတ၊ မြောက်ဥက္က လာပ၊ တောင်ဥက္ကလာပ၊ ရွှေပြည် သာမြို့နယ်များရှိ စည်ပင်ပိုင် ပေ ၄၀×၆၀ မြေကွက်များကို လေလံ တင်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

လေလံပွဲကို ၂၀၁၅ ဖေဖော် ၀ါရီ ၁၃ ရက်တွင် မြို့တော်ခန်းမ ၌ ကျင်းပသွားမည်ဖြစ်ပြီး လေ လံလျှောက်လွှာများကို မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာနှင့် အဆောက်အအုံဌာနတွင် ၀ယ်ယူစုံစမ်းနိုင်ကြောင်းသိရသည်။

ယခု လေလံမှာ ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော် မတီမှ ခေါ်ယူသည့် ၂၀၁၅ ခုနှစ် အတွက် ပထမဆုံး လေလံပွဲလည်းဖြစ်သည်။

ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီသည် ၂၀၁၄ မှစ၍ ယင်းဌာနပိုင်မြေကွက်များကို ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်ရန် လေလံပစ်ခြင်း၊ တင်ဒါခေါ်ယူခြင်းများ ပြုလုပ်ခဲ့သည်။

လက်ရှိတွင် ရန်ကုန်မြို့တွင်း မှ စည်ပင်ပိုင် မြေခုနစ်ကွက်ကို တင်ဒါခေါ်ယူထားရာ နောက်ဆုံး အဆင့် တင်ဒါစစ်ဆေးခြင်းများကိုတိုင်းဒေသကြီးအစိုးရအဖွဲ့တွင် စတင်စစ်ဆေးမှုများ ပြုလုပ်နေပြီ ဖြစ်သည်။ ‘‘စည်ပင်ပိုင်မြေတွေ၊ အဆောက်အအုံတွေကို ဒီအစိုးရ လက်ထက်မှာ တဖြည်းဖြည်းချင်း ပုဂ္ဂလိကကို လွှဲဖို့ စီစဉ်နေပါတယ်’’ဟု ရန်ကုန်မြို့တော်ဝန် ဦးလှမြင့် က ဒီဇင်ဘာလ၌ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။

၂၀၁၄ က စည်ပင်မှ ခေါ်ယူသည့် လေလံများတွင် ထင်သာမြင်သာရှိသည့် ပြည်လမ်းနှင့် မင်းရဲကျော်စွာ လမ်းထောင့်ရှိ စည်ပင်ပိုင်အဆောက်အအုံသစ် ငါးလုံး၌ ဈေးဝယ်စင်တာဖွင့်လှစ် ရန် လုပ်ငန်းရှင် ခြောက်ဦးက ကျပ်၄၈ ဘီလီယံဖြင့် လေလံအောင်မြင်ခဲ့သည်။

Credit: 7 day daily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service