အင်အားနည်းသော ကန်ထရိုက်တိုက်ဆောက်သူအချို့ ငွေလည်ပတ်မှုကျပ်လာ၍ အခက်တွေ့ - Property News in Myanmar from iMyanmarHouse.com
2483 Views

အင်အားနည်းသော ကန်ထရိုက်တိုက်ဆောက်သူအချို့ ငွေလည်ပတ်မှုကျပ်လာ၍ အခက်တွေ့

ရပ်ကွက်များအတွင်း တည်ဆောက်သည့်ဆောက်လုပ် ရေးလုပ်ငန်းငယ်များ ငွေကြေး လည်ပတ်မှု နည်းပါးလာသော ကြောင့် ကန်ထရိုက်တိုက်အချို့ ဆက်လက်ဆောက်လုပ်ရန် အ ခက်အခဲများ ကြုံတွေ့နေရ ကြောင်း သတင်းရရှိသည်။

အထူးသဖြင့် အဆောက်အ အုံမပြီးစီးမီ ကြိုတင်ဝယ်ယူသူ၊ ကြိုပွိုင့်ဖြင့်ဈေးကစားသူအများစု မှာ လုပ်ငန်းရှင်များအား အရစ်ကျ ငွေပေးသွင်းခြင်းမရှိသောကြောင့် ဆောက်လုပ်ရေး လုပ်ငန်းငယ် များ အခက်အခဲနှင့် ရင်ဆိုင်နေရ သည်ဟု ဆောက်လုပ်ရေးလုပ် ငန်းရှင်တစ်ဦးကပြောသည်။

‘‘ကြိုပွိုင့်သမားတွေကအခန်းတွေကို ၀ယ်ထားတယ်။ ဈေးတင် ပြန်ရောင်းတော့ ဒီကာလမှာဝယ်မယ့်သူမရှိဘူးဖြစ်နေတယ်။ ဒါကြောင့် သူတို့ ကန်ထရိုက်ကို ငွေ လည်းဆက်မသွင်းနိုင်လို့ အဆုံးခံ နေကြပြီ’’ဟု အထက်ပါလုပ်ငန်း ရှင်ကပြောသည်။

ရပ်ကွက်အတွင်း တည်ဆောက်သည့် ဆောက်လုပ်ရေး လုပ်ငန်းငယ်လေးများမှာ တိုက် ခန်းကို ကြိုပွိုင့်စနစ်ဖြင့် ၀ယ်ယူသူများ၏ ငွေပေးသွင်းမှုများမှအများဆုံးရရှိသည့်ငွေကို အသုံးပြုပြီး လုပ်ငန်းလည်ပတ်သော ကြောင့် အဓိက အခက်အခဲများ ဖြစ်ပေါ်နေခြင်းဖြစ်သည်။

ဆောက်လုပ်ရေး လုပ်ငန်း ငယ်အချို့မှာမူ လုပ်ငန်းရပ် ဆိုင်းထားရခြင်းများပင်ရှိကြောင်း မြမြင့်မိုရ်ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

အထူးသဖြင့် တောင်ဒဂုံ၊ သင်္ဃန်းကျွန်း၊ မရမ်းကုန်း၊ ဒေါပုံ၊ သာကေတမြို့နယ်များတွင်ဖြစ် ပြီး ခွင့်ပြုချက်မကျမီ ကြိုတင် ဆောက်လုပ်ထားသောတိုက်အ ချို့အဖြစ်များနေကြောင်းအထက် ပါ လုပ်ငန်းရှင်ကပြောသည်။

ထို့အပြင် ကြိုပွိုင့်စနစ်ဖြင့် အိမ်ခြံမြေတိုက်ခန်းများအရောင်း အ၀ယ်ဖြစ်ပါက ချက်ချင်းအခွန် ဆောင်ရမည်ဖြစ်ပြီး အချိန်ကြာမှ အခွန်ဆောင်မည်ဆိုပါက ကာလ တန်ဖိုးအတိုင်း အခွန်စည်းကြပ်မှု ခံယူရမည်ဖြစ်သည်။ ထို့ပြင် ပြည်တွင်းအခွန်က လိုက်လံကြပ်မတ်နေသောကြောင့် ကြိုပွိုင့်တိုက်ခန်းဈေးကစားသူများ အမြန်ဆုံး ရောင်းထုတ်နေကြသည်ဟု ဆိုသည်။

‘‘ကြိုပွိုင့် တိုက်ခန်းတွေ ရောင်းမယ့်သူတွေပဲရှိတယ်။ ၀ယ် မယ့်သူတွေမရှိဘူးဖြစ်နေတယ်’’ ဟု စမ်းချောင်းမြို့နယ်အခြေစိုက် ရွှေပြည်အိမ်ခြံမြေအကျိုးဆောင် ပိုင်ရှင်ကဆိုသည်။

ထို့အပြင် စည်ပင်က အရည် အသွေးနိမ့်အဆောက်အအုံများ ဖြိုဖျက်ရန် စီမံချက်စတင်နေသော ကြောင့် ကြိုပွိုင့်တိုက်ခန်း ၀ယ်သူများက စိုးရိမ်၍ အမြန်ဆုံးထုတ်ရောင်းမှုများ ရှိနေသည်ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်အ ချို့ကပြောသည်။

အချို့ရောင်းချမှုများတွင် ကန်ထရိုက်ထံမှ ၀ယ်ယူထားသည့် မူရင်းဈေးအတိုင်းပြန်လည် ရောင်းချနေကြပြီး အချို့အခန်း များမှာမူ ဈေးလျှော့၍ပင်ရောင်းချ နေသော်လည်း ၀ယ်ယူမည့်သူပင် မရှိကြောင်း ကြိုပွိုင့်တိုက်ခန်းအရောင်းအ၀ယ်ပြုလုပ်သူများကပြောသည်။ လက်ရှိဆောက်လုပ်နေသည့် ဆောက်လုပ်ရေးလုပ်ငန်းများအပေါ် စားသုံးသူကာကွယ် ရေးရှုထောင့်က ပိုအားကောင်း အောင်လုပ်ဆောင်သင့်ပြီး မပြီး သေးသည့်တိုက်ခန်းများ မည် သည့်အချိန် ပြီးစီးမည်ဆိုသည့် ကိစ္စရပ်များကို ငွေသွင်းနေသူများအား အသိပေးပြီး ဆောက်လုပ် နေသူများ ဒေ၀ါလီခံရမည့်အရေး မှ ကာကွယ်ပေးရန် စည်းကမ်းချက်များ ထုတ်ပြန်သင့်ကြောင်း စင်ကာပူအခြေစိုက် VDB Loiအတိုင်ပင်ခံ ကုမ္ပဏီက မြန်မာ အစိုးရအား တိုက်တွန်းပြောကြား ထားသည်။

ရန်ကုန်မြို့တော်တွင် လွန်ခဲ့သည့် ၁၉၉၇ က ဆောက်လုပ်ရေးများ အားကောင်းခဲ့သည့် နှစ်တစ်နှစ် ဖြစ်ခဲ့သည်။ လက်ရှိအစိုးရလက်ထက် ၂၀၁၄ သည် အထပ်မြင့် အဆောက်အအုံ တည်ဆောက်ရန် ခွင့်ပြုမိန့်အများဆုံးနှစ်တစ်နှစ်ဖြစ်ခဲ့ပြီး ၁၃နှစ်အတွင်း စံချိန်တင်အဆောက်အအုံများ ခွင့်ပြုမိန့် အများဆုံးပေးခဲ့သည့်နှစ်တစ်နှစ်ဖြစ်ခဲ့သည်။

Credit: 7 day daily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွာ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွာ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service