အိမ်ရှင်များအနေဖြင့် အိမ်ငှားခဝင်ငွေအပေါ် သက်သာခွင့် ခံစားပြီး ကျန်သောပမာဏအတွင်းမှသာ အခွန်စည်းကြပ်မည် - Property News in Myanmar from iMyanmarHouse.com
2022 Views

အိမ်ရှင်များအနေဖြင့် အိမ်ငှားခဝင်ငွေအပေါ် သက်သာခွင့် ခံစားပြီး ကျန်သောပမာဏအတွင်းမှသာ အခွန်စည်းကြပ်မည်

အိမ်ငှားတင်ထားသော အိမ်ရှင် များထံမှ အခွန်ကောက်ခံရာတွင် အိမ်ငှားခဝင်ငွေအပေါ် သက်သာခွင့် များ ခံစားပြီးမှသာ အိမ်ရှင်များထံမှအခွန်စည်းကြပ်မည် ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရ သည်။

အိမ်ရှင်များအနေဖြင့် ¤င်းတို့ရရှိ သည့် အိမ်လခငွေထဲမှ ကုန်ကျစရိတ် များကို နုတ်ပယ်ကာ အသားတင် ကျန်ရှိသည့် ဝင်ငွေများအနက်မှ ၅ ရာခိုင်နှုန်းကိုသာ အမြတ်ခွန် စည်း ကြပ်သွားမည် ဖြစ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော် က ဇန်နဝါရီလ ၁၅ ရက်တွင် The Trade Times နှင့် သီးခြားတွေ့ဆုံ စဉ် ပြောသည်။

”နိုင်ငံခြားသားကို ငှားတဲ့ သူတင် မဟုတ်ပါဘူး။ တိုင်းရင်းသား၊ နိုင်ငံသားတွေကို ငှားတဲ့ အိမ်ရှင်အား လုံး ကောက်သွားမှာပါ။ အိမ်ရှင်တွေ အတွက်လည်း သက်သာခွင့်တွေ အများကြီးကို နုတ်ပြီးမှသာ အခွန် ပေးဆောင်ရတဲ့အတွက်လည်း သူတို့ အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စရာ အကြောင်းမရှိပါဘူး။ တော်တော် များများက မသိကြလို့သာ ကျွန် တော်တို့က ထပ်ပြီး နှိုးဆော်နေတာ ဖြစ်ပါတယ်”ဟု၎င်းက ပြောသည်။

၁၉၇၄ ခုနှစ် အခွန်ဥပဒေ ပြဋ္ဌာန်း စဉ်ကပင် အိမ်ငှားရမ်းခြင်းမှ ရရှိ သည့် ဝင်ငွေများကို အခွန်အဖြစ် ပေးဆောင်ရန် ပြဋ္ဌာန်းထားပြီး ယင်းသို့ အိမ်ခန်းငှားရမ်းခတွင် လူ နေထိုင်သည့် အိမ်ခန်းများအတွက် သာမက လုပ်ငန်းလုပ်ကိုင်ရန် နေရာ ငှားရမ်းသည့် ရုံးခန်းငှားရမ်းခများ လည်း အခွန်စည်းကြပ်သည့် ကဏ္ဍ တွင် အကျုံးဝင်ကြောင်း၊ တိုင်းဒေသ ကြီးအသီးသီးရှိ မြို့နယ်များအလိုက် အိမ်ငှားရမ်းခြင်းမှ ရရှိသည့် အခွန် ငွေများကိုလည်း မြို့နယ်အခွန်ရုံး များတွင် နှစ်အလိုက် ကြေညာထား ရှိကြောင်း ပြည်တွင်းအခွန်များ ဦးစီး ဌာနမှ သိရသည်။

အိမ်ခန်း၊ တိုက်ခန်း ငှားရမ်းခြင်း မှ ရရှိသည့် ဝင်ငွေများအထဲမှ အခွန် စည်းကြပ်သည့် ပုံသဏ္ဌာန်များမှာ ဥပမာ အိမ်တစ်အိမ်ကို တစ်လလျှင် ၁ဝ သိန်းဖြင့် ငှားရမ်းလျှင် တစ်နှစ်စာ ငှားရမ်းခဝင်ငွေ ကျပ် သိန်း ၁၂ဝ ကို အိမ်ရှင်များမှ ရရှိသော်လည်း ယင်း ဝင်ငွေထဲမှ အိမ်ပြင်ဆင်စရိတ်၊ အကျိုးဆောင်များသို့ ပေးရသည့် စရိတ်များကို ဖယ်နုတ်ပြီး ကျန်ရှိ သည့် ဝင်ငွေ ဥပမာ ကျပ်သိန်း ၉ဝ ကျန်ရှိပါက ယင်းကျန်ငွေများထဲမှ ကနဦးအဆင့် ၂ဝ ရာခိုင်နှုန်း အခွန် သက်သာခွင့်ရရှိပြီး ကျန်ရှိသည့် အသားတင် ဝင်ငွေအပေါ်၌သာ အခွန်စည်းကြပ်သွားမည်ဖြစ်သည်။

ထို့ပြင် ကျန်ရှိသည့် ငွေများ ထဲမှ အိမ်ရှင်အနေဖြင့် အိမ်ငှားရမ်း သည့် ဝင်ငွေအပြင် အခြားသော ပြင်ပ စီးပွားရေးလုပ်ငန်းများ မရှိကြောင်း ပြသနိုင်ပါက အခွန်စည်းကြပ်မည့် ငွေပမာဏထဲမှ ဇနီးအတွက် သက် သာခွင့် ကျပ်ငါးသိန်းနှင့် သားသမီး တစ်ယောက်အတွက် သက်သာခွင့် သုံးသိန်းစီဖြင့် အခွန်စည်းကြပ်ခံရ မည့် ငွေပမာဏထဲမှ နုတ်ပယ်ကာ နောက်ဆုံး ကျန်ရှိသည့်ငွေစုစုပေါင်း ၏ ၅ ရာခိုင်နှုန်းကိုသာ အိမ်ရှင်များက အခွန်ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

”အခွန်ဆောင်တယ်ဆိုတဲ့ နေရာမှာ အိမ်ငှားက ပေးစရာ မလိုပါ ဘူး။ အခွန်ဆောင်ရာမှာလည်း ဝင်ငွေ အားလုံးအပေါ်မှာ စည်းကြပ်သွား မှာမဟုတ်ဘဲ အခွန်စည်းကြပ်ဖို့ သတ်မှတ်တဲ့ သတ်မှတ်ချက်အတိုင်းပဲ တွက်ပြထားတဲ့ သက်သာခွင့်တွေ ခံစားပြီးမှ ကျန်ငွေအပေါ်မှာ အခွန် ပေးရမှာဖြစ်ပါတယ်။ နောက် အိမ်ရှင် တွေ အိမ်ငှားရမ်းခြင်းအတွက်လည်း ကုန်သွယ်လုပ်ငန်းခွန်ကို ကင်းလွတ် ခွင့် ပေးထားပါတယ်။ အခုပြောနေ တာကတော့ ဝင်ငွေအပေါ်မှာ အခွန် စည်းကြပ်တဲ့ သဘောကို ပြောတာ ဖြစ်ပါတယ်”ဟု ဦးကျော်ကျော်က ဆက်လက်ပြောသည်။

ပြည်တွင်းအခွန်များ ဦးစီးဌာန အနေဖြင့် အငှားချထားသည့် အိမ် ခန်းများ၏ ပိုင်ရှင်ဟု ဆိုရာ၌ နိုင်ငံခြား သားကို ငှားရမ်းသည့်အိမ်ရှင်ဖြစ်စေ၊ တိုင်းရင်းသား၊ နိုင်ငံသားများကို ငှားရမ်းသည့် အိမ်ရှင်ဖြစ်စေ အိမ်ငှား ရမ်းမှုမှ ရရှိသည့် ဝင်ငွေများအတွက် အခွန်ပေးဆောင်ရန် နှိုးဆော်မှုများ ပြုလုပ်လျက်ရှိကြောင်း၊ ထိုသို့ အခွန် ပေးဆောင်ရာတွင် အိမ်ရှင်များအနေ ဖြင့် အခွန်ကင်းလွတ်ခွင့်၊ သက်သာ ခွင့်များ အများအပြားရှိခြင်းကြောင့် နိုင်ငံတော်သို့ အမှန်တကယ်ပေး ဆောင်ရမည့် အခွန်ပမာဏမှာ ရရှိ သည့် အိမ်ငှားခ၏ ရာခိုင်နှုန်းအနည်း ငယ်သာ ရှိသဖြင့် အိမ်ရှင်များ အတွက် ထိခိုက်နစ်နာမှု နည်းပါး ကြောင်း ပြည်တွင်းအခွန်များ ဦးစီး ဌာနမှ သိရသည်။

Credit: thetradetimes

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 02 Aug To 03 Aug

Inno City Special Sales Event

ERC Luxury Condo
Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service