စုပေါင်းပိုင် အဆောက်အအုံ ဥပဒေကြမ်းမှာ ပိုင်ဆိုင်မှုစာချုပ်စာတမ်း ထုတ်ပေးခွင့် ပါဝင် - Property News in Myanmar from iMyanmarHouse.com
1494 Views

စုပေါင်းပိုင် အဆောက်အအုံ ဥပဒေကြမ်းမှာ ပိုင်ဆိုင်မှုစာချုပ်စာတမ်း ထုတ်ပေးခွင့် ပါဝင်

မြေအပါအဝင် အဆောက်အအုံကြီး တစ်ခုလုံးကို နေထိုင်သူ တစ်ဦးချင်းစီအတွက် အိမ်ခန်းမှတ်ပုံတင်လက်မှတ် ထုတ်ပေးတာကို စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေကြမ်းမှာ ထည့်သွင်းထားတယ်လို့ သိရပါတယ်။

စုပေါင်းပိုင်သူဆိုတာက စုပေါင်းပိုင် အဆောက်အအုံရဲ့ အိမ်ခန်းကို ပိုင်ဆိုင်တဲ့ အိမ်ခန်းမှတ်ပုံတင် လက်မှတ်ရရှိတဲ့သူကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒါ့အပြင် စုပေါင်းပိုင်သူရဲ့ အမွေဆက်ခံသူလည်း ပါဝင်မှာ ဖြစ်ပါတယ်။

နာမည်ကြီး ဆောက်လုပ်ရေးလုပ်ငန်းမှ ဒါရိုက်တာတစ်ဦးက “စီးပွားရေးအဆောက်အအုံ တစ်ခုလုံးလဲ တိုးတက်သွားမှာ၊ ပိုင်ဆိုင်မှုလဲ ခိုင်မာပြီးတော့ အိမ်ဂရန်လို စာရွက်စာတမ်း အထောက်အထား တစ်ခုခုရလာရင် ပိုင်ဆိုင်မှုတွေ ပိုခိုင်လာမယ်၊ အခွန်ကိစ္စတွေကိုပါ တိတိကျကျလုပ်ပြီး ပိုင်ဆိုင်မှု ခိုင်ခိုင်မာမာနဲ့ ဖြစ်သွားရင် ပိုကောင်းမယ် ထင်တယ်” လို့ ပြောပါတယ်။

စုပေါင်းပိုင် အဆောက်အအုံ ဆောက်မယ်ဆိုရင် စုပေါင်းပိုင်မြေအဖြစ် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှာ မှတ်ပုံတင်ရမှာ ဖြစ်ပါတယ်။

မှတ်ပုံတင်တဲ့မြေဟာ တည်ဆဲဥပဒေတစ်ရပ်အရ လူနေအိမ်ရာအဖြစ် ဆောက်လုပ်ခွင့်ရရှိရမှာ ဖြစ်တဲ့အပြင် ပိုင်ဆိုင်ခွင့် လွှဲပြောင်းနိုင်တဲ့ မြေအမျိုးအစား ဖြစ်ရမှာ ဖြစ်ပါတယ်။

လက်ရှိ ပိုင်ဆိုင်သူက စုပေါင်းမြေအဖြစ် ပိုင်ဆိုင်ခွင့် လွှဲပြောင်းပေးပြီးလည်း ဖြစ်ရပါမယ်။ မြို့ပြစီမံကိန်းအရ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းက သတ်မှတ်ထားတဲ့ အချက်တွေနဲ့လည်း ညီညွတ်ရပါမယ်။

ဒါ့အပြင် မြေဧရိယာ တစ်ဧကနဲ့အထက် ရှိရမှာဖြစ်ပြီး မြေဧရိယာ တစ်ဧကအောက် ဖြစ်ပါက ဝန်ကြီးဌာနရဲ့ သီးခြားခွင့်ပြုချက် ရရှိပြီး ဖြစ်ရမယ်လို့ သိရပါတယ်။ အောင်မြင်ပြည့်စုံ ဆောက်လုပ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက “တစ်ဧကဆိုတာ ကြီးလွန်းတယ်။ ဒါက အစိုးရမြေလို ဖြစ်နေတယ်။ ယူနစ် ၃၀၊ ၄၀ လောက်ဆိုရင်လဲ စဉ်းစားစေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ဧကဆိုတာ မြို့ထဲဒေါင်းတောင်းမှာ လုံးဝမရှိတော့ဘူး။ နောက်တစ်ဆင့် အိမ်ခန်း ၂၀ ကျော် ၃၀ ကျော်လောက် အတွက်လဲ ဖြစ်စေချင်တယ်” လို့ ပြောပါတယ်။

အိမ်ခန်းလွှဲပြောင်းတဲ့ စာချုပ်စာတမ်းကို မှတ်ပုံတင်ပြီးတဲ့အခါ အိမ်ခန်းကို တရားဝင် ပိုင်ဆိုင်ခွင့်ရှိမှာ ဖြစ်ပါတယ်။ အိမ်ခန်းကို နိုင်ငံသားအား ရောင်းချခွင့်၊ လဲလှယ်ခွင့်၊ ပေးကမ်းခွင့်၊ စွန့်လွှတ်ခွင့်၊ ငှားရမ်းခွင့်၊ ပေါင်နှံခွင့်ရှိတယ်လို့ သိရပါတယ်။ တရားလွှတ်တော်ရှေ့နေ ဦးစိုးဝင်းစိုးက “မြေပိုင်ဆိုင်မှုက နောက်မှ အရှုပ်အရှင်း ဖြစ်နိုင်တယ်။ ဝန်ကြီးဌာနရဲ့ တာဝန်ယူ ဆောင်ရွက်ပေးမှုက အရေးကြီးတယ်၊ နိုင်ငံခြားသား ပိုင်ဆိုင်မှုလဲ ပါနေလို့ ပိုအရေးကြီးတယ်” ဟု ဆိုပါတယ်။ ဥပဒေကြမ်းမှာ စုပေါင်းပိုင်မြေနဲ့ စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ စာချုပ်စာတမ်းနဲ့ စာတမ်းအမှတ်အသားတွေကို မှတ်ပုံတင်ပေးဖို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ခန့်အပ်ထားတဲ့ မှတ်ပုံတင်အရာရှိက တာဝန်ယူ ဆောင်ရွက်ပေးရမယ်လို့ ပါဝင်ကြောင်း ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့ထုတ် ကုမုဒြာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

Credit: property-journal

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်

Upcoming Property Events

From 07 Jun To 08 Jun

The Vista

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

imyanmarmarket
The Vista Luxury Residance

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service