၂ နှစ်အတွင်း ရင်းနှီးမြှုပ်နှံလာသည့် စီမံကိန်း ၁၅၀ ကျော် အင်ဂျင်နီယာအသင်း စစ်ဆေးပေး - Property News in Myanmar from iMyanmarHouse.com
327 Views

၂ နှစ်အတွင်း ရင်းနှီးမြှုပ်နှံလာသည့် စီမံကိန်း ၁၅၀ ကျော် အင်ဂျင်နီယာအသင်း စစ်ဆေးပေး

မြန်မာနိုင်ငံ အင်ဂျင်နီ ယာအသင်းသည် ၂ နှစ်အတွင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော် မရှင်မှပေးပို့သည့် စီမံကိန်း ၁၅၀ ကျော် စစ်ဆေးပေးခဲ့ရကြောင်း အင်ဂျင်နီယာအသင်း ဥက္ကဋ္ဌ ဦးဝင်းခိုင်ကပြောသည်။

စီမံကိန်းပေါင်း ၁၅၂ ခုတွင် ရန်ကုန်မြို့လယ်မှ ရှေးဟောင်း အဆောက်အအုံများ၊ ရင်းနှီးမြှုပ် နှံမှု ကြီးမားသည့် အထပ်မြင့် အဆောက်အအုံများ၊ စက်မှုဇုန် များ၊ ဟိုတယ်များ၊ လေဆိပ်စီမံ ကိန်းသစ်များ၊ သင်္ဘောဆိပ်ကမ်း များ အများဆုံးပါဝင်သည်ဟု ဦးဝင်းခိုင်ကပြောသည်။

စီမံကိန်းများကို ခွင့်ပြုရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော် မရှင် အင်ဂျင်နီယာအသင်းသို့ နည်းပညာ သဘောတရားအရ စစ်ဆေးမှုများပြုလုပ်ပေးရန် ပေး ပို့ခဲ့ခြင်းဖြစ်ပြီး နိုင်ငံ၏ မြေထု၊ လေထုအမျိုးသားအကျိုးစီးပွား အတွက်သာကြည့်၍ အဓိကစစ် ဆေးပေးခဲ့သည်ဟု ဦးဝင်းခိုင်က ပြောသည်။

‘‘တချို့ ရန်ကုန်မြို့လယ်က ရှေးဟောင်းအဆောက်အအုံတွေ ဆိုရင် ရွရွလေးပဲသုံးလို့ရတာတွေ ရှိတယ်။ ဒါတွေကိုတော့ ဟိုတယ် အဖြစ်လုပ်ဖို့ခွင့်မပြုခဲ့ဘူး’’ဟု ဦးဝင်းခိုင်ကပြောသည်။

၂၀၁၅ အတွက် ထပ်မံ စစ်ဆေးရန် စီမံကိန်းအချို့လည်း မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းသို့ ရောက်ရှိနေပြီဟု သိရသည်။

အဆင့်ဆင့်ထောက်ခံချက် များဖြင့်လုပ်ကိုင်ရန် တင်ပြလာ သည့် စီမံကိန်းများကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ အဖွဲ့ ဝင် ၁၃ ဦးပါဝင်သော ကိုယ်စား လှယ်များက စီမံကိန်းများအပေါ် နောက်ဆုံးအဆင့် ရွေးချယ်ပေး ခြင်းဖြစ်သည်။

လက်ရှိတွင် နိုင်ငံတစ်ဝန်းရှိ စီမံကိန်းများကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မပါဝင်ဘဲ ခွင့်ပြုပေးနိုင်ရန် လာမည့်ဘဏ္ဍာနှစ်၌ ရင်းနှီးမြှုပ်နှံမှုစိစစ်ခွင့်ပြုရေးကော်မတီတစ်ရပ် ဖွဲ့စည်းရန် စီစဉ်နေကြောင်းသိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ၂၀၁၄ အတွင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်း ပေါင်း ၁၅၀ ကျော် လုပ်ကိုင်ခွင့် ချထားပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

Credit: 7 day daily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service