မန္တလေးတွင် မြရည်နန္ဒာ တန်ဖိုးနည်းအိမ်ရာ တိုက်ခန်းပိုင်ဆိုင်မှုများ ပေးအပ် - Property News in Myanmar from iMyanmarHouse.com
810 Views

မန္တလေးတွင် မြရည်နန္ဒာ တန်ဖိုးနည်းအိမ်ရာ တိုက်ခန်းပိုင်ဆိုင်မှုများ ပေးအပ်

ရောင်းမှား ဝယ်မှား သူများကို မဲနှိုက်ရောင်းချပေးခဲ့သည့် မြရည် နန္ဒာ တန်ဖိုးနည်းအိမ်ရာ တိုက်ခန်း များမှ လက်ငင်းချေစနစ်ဖြင့် ဝယ်ယူ သူ ၃၇ ဦးအား တိုက်ခန်းပိုင်ဆိုင်မှု စာအုပ်နှင့် တိုက်ခန်းသော့များကို ဇန်နဝါရီလ ၁၂ ရက်၌ အခမ်းအနား ဖြင့် ပေးအပ်ကြောင်း သိရသည်။

မန္တလေးမြို့တော် စည်ပင် သာယာရေးကော်မတီမှ တိုက်ခန်း ပေါင်း ၁,၃၄၄ ပါရှိသည့် မြရည်နန္ဒာ တန်ဖိုးနည်းအိမ်ရာများကို ကံကြီး ကုန်း၊ ဇီးအုပ်ရှိ ရောင်းမှား ဝယ်မှား သူများကို ဦးစားပေးကာ လက်ငင်း ငွေချေစနစ်၊ ဘဏ်များနှင့် ချိတ်ဆက် ရောင်းချပေးသည့် စနစ်များဖြင့် ရောင်းချပေးခဲ့ရာ လက်ငင်း ငွေချေ သူများကို တိုက်ခန်းပိုင်ဆိုင်မှုများ ပေးအပ်ခြင်း ဖြစ်သည်။

အခြေခံလူတန်းစား အများစု သည် အဆိုပါ ကံကြီးကုန်း၊ ဇီးအုပ် ကျေးရွာ အုပ်စုအတွင်းရှိ နိုင်ငံပိုင် မြေများကို ၂ဝဝ၈ ခုနှစ်ဝန်းကျင်၌ ဝယ်ယူနေထိုင်ခဲ့ကြခြင်း ဖြစ်ပြီး စတင်ဝယ်ယူစဉ်က အုပ်ချုပ်ရေးမှူး၊ တောင်သူများ၏ ခွင့်ပြုချက်များဖြင့် ဝယ်ယူခဲ့သော်လည်း ၂ဝ၁၂ ခုနှစ်၊ စက်တင်ဘာလ အတွင်း၌ ကျူးကျော် နေအိမ်များဟု ဆိုကာ ရဲ၊ စည်ပင်များ မှ ဖယ်ရှားခဲ့ရာမှ မြေယာ ရောင်းမှား ဝယ်မှား ဖြစ်ကြရသည်ဟု သိရ သည်။

”တိုက်ခန်းတွေကို မဲနှိုက်ပေးပါ တယ်။ တော်တော်များများက အပိုဝင် ငွေ များများစားစား ရှိသူတွေ မဟုတ် ဘူး။ ရောင်းမှား ဝယ်မှား ဖြစ်ခဲ့ကြရ တာဆိုတော့ တန်ဖိုးနည်းအိမ်ရာ အတွက် ငွေသွင်းဖို့ အခက်အခဲရှိသူ တွေ ရှိနေပါတယ်။ မဲပေါက်ပြီး ငွေ မသွင်းနိုင်တော့ ပြန်ရောင်းရမယ့် ကိန်း စိုက်နေတာပေါ့။ ကျပ်သိန်း ၇ဝ ကနေ အောက်ထပ်တွေဆိုရင် သိန်း ၁၃ဝ သွင်းရမှာဆိုတော့ အဆင်မပြေ ဘူး။ တကယ်တော့ သူများတွေပြော နေသလိုပဲ တန်ဖိုးမနည်းတဲ့ တန်ဖိုး နည်းအိမ်ရာ ဖြစ်နေတယ်”ဟု တန်ဖိုး နည်းအိမ်ရာ ဝယ်ယူခွင့် ရရှိထားသူ တစ်ဦးက ပြောသည်။

ပထမအကြိမ်အဖြစ် ရောင်းမှား ဝယ်မှား ဖြစ်သူများကို ဦးစားပေး ရောင်းချပေးပြီးနောက် ကျန်ရှိသည့် တိုက်ခန်းများကို မန္တလေးခရိုင်အတွင်း နေထိုင်သည့် သက်ပြည့်၊ နှစ်ပြည့် အငြိမ်းစားဝန်ထမ်းများ၊ ဝန်ထမ်း လုပ်သက် ၂၅ နှစ်နှင့် အထက်ရှိ တာဝန်ထမ်းဆောင်ဆဲ ဝန်ထမ်းများ၊ တိုင်းပြည်အတွက် အသက် စွန့်လွှတ် ခဲ့ရသူများ၏ မိသားစုများနှင့် ကိုယ် အင်္ဂါ စွန့်လွှတ်ခဲ့ရသူများကို ရောင်းချ ပေးမည်ဖြစ်ရာ ဇန်နဝါရီလ ၁၂ ရက်မှ ဇန်နဝါရီလ ၃ဝ ရက်အတွင်း လျှောက် လွှာများ ရောင်းချပေးလျက်ရှိသည်။

ပထမအကြိမ် မဲနှိုက်ချထားပေး ရာတွင် စာရင်းကောက်ယူမှု ကျန်ရစ် ကြောင်း တင်ပြမှုများ ရှိနေရာ စိစစ်မှု များအရ မှန်ကန်မှုမရှိခြင်းနှင့် တရား မဝင် စာရွက်စာတမ်းများဖြင့် တင်ပြ လာခြင်း ဖြစ်နေခြင်းကြောင့် တိုက် ခန်းနေရာ ချထားပေးရန် အစီအစဉ် မရှိကြောင်း တာဝန်ရှိသူများထံက သိရသည်။

တန်ဖိုးနည်းအိမ်ရာ၌ ရှစ်ခန်းတွဲ လေးထပ်အမျိုးအစား မြေညီထပ် အကျယ် ၄,၈၄၈ စတုရန်းပေ သိန်း ၁၂ဝ၊ ပထမထပ် အကျယ် ၅၇၂ စတုရန်းပေ သိန်း ၁၁ဝ၊ ပထမထပ် အကျယ် ၄၈၄ စတုန်ရန်းပေ သိန်း ၁ဝဝ၊ ဒုတိယထပ် အကျယ် ၅၇၂ စတုရန်းပေ သိန်း ၉ဝ၊ ဒုတိယထပ် အကျယ် ၄၈၄ စတုရန်းပေ သိန်း ၈ဝ၊ တတိယထပ် အကျယ် ၅၇၂ ပေ သိန်း ၇ဝ၊ တတိယထပ် အကျယ် ၄၈၄ ပေ သိန်း ၆ဝ နှုန်းတို့ဖြင့် လည်းကောင်း၊ လေးခန်းတွဲ လေးထပ် အမျိုးအစား အကျယ် ၅၅၄ ဒသမ ၅ စတုရန်းပေရှိ တိုက်ခန်းများကို မြေညီ ထပ် သိန်း ၁၃ဝ၊ ပထမထပ် သိန်း ၁၁ဝ၊ ဒုတိယထပ် သိန်း ၉ဝ၊ တတိယ ထပ် သိန်း ၇ဝ နှုန်းတို့ဖြင့် ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Credit: thetradetimes

ရောင်းရန်ရှိသော အိမ်ခြံမြေများ

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service