ရန်ကုန်တွင် အိမ်ငှားရမ်းခ ဈေးနှုန်းများ အဆမတန် မြင့်တက်၊ မြို့နယ် အသီးသီးတွင် စံငှားရမ်းခ သတ်မှတ်နိုင်ရန်လို - Property News in Myanmar from iMyanmarHouse.com
1480 Views

ရန်ကုန်တွင် အိမ်ငှားရမ်းခ ဈေးနှုန်းများ အဆမတန် မြင့်တက်၊ မြို့နယ် အသီးသီးတွင် စံငှားရမ်းခ သတ်မှတ်နိုင်ရန်လို

လက်ရှိ ရန်ကုန်မြို့လူဦးရေ၏ အိမ်ငှားနေထိုင်ကြသည့် ၇ဝရာခိုင်နှုန်းသော အိမ်ငှား လူတန်းစားများ အတွင်း တစ်နှစ်ထက် တစ်နှစ် အိမ်ခန်းလိုအပ်ချက်မြင့်မား လာမှုနှင့်အတူ အိမ်အငှားဈေးနှုန်းများ နှစ်ဆ သုံးဆခန့် ခုန်တက်လျက် ရှိရာ မြို့ပြဆိုင်ရာ ငှားရမ်းချက် ဥပဒေကိုပြင်ဆင်၍ အဆိုပါဥပဒေအရ မြို့နယ် အသီးသီးတွင် စံငှားရမ်းခသတ်မှတ်နိုင်မှသာ အိမ်ရှင်နှင့် ပွဲစားတို့၏ ကြောက်ခမန်းလိလိ ဈေးနှုန်းသတ်မှတ် ချက်မှ ကင်းလွတ်သက်သာခွင့် ရရှိမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ညိုညိုသင်းက ပြောကြားလိုက်သည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ညိုညိုသင်းက '' လွှတ်တော်မှာ အန်တီ အိမ်ရှင်၊ အိမ်ငှားနဲ့ပတ် သက်ပြီး မြို့ပြဆိုင်ရာ ငှားရမ်းချက်ဥပဒေကို ပြင်ဆင်ရမယ်လို့ အဆိုတင်သွင်းခဲ့ ပါတယ်။ မြို့ပြ ဆိုင်ရာ ငှားရမ်းချက်ဥပဒေကို ပြင် ဆင်ရမယ်။ အဲဒီဥပဒေအရ မြို့နယ် အသီးသီးမှာ စံငှားရမ်းခ သတ်မှတ် ခြင်းဆိုတာ ရှိပါတယ်။ ဒီမြို့နယ်က ဘယ်လောက်ဈေးနှုန်း ထက် မပိုသင့် ဘူး။ စံငှား ရမ်းခသတ်မှတ်ဖို့ ရန်ကုန်မှာ အဖွဲ့တစ်ဖွဲ့လုပ် ဖို့ ဆွေးနွေးခဲ့ပါတယ်။ တကယ်တော့ ရန်ကုန်က ပြသနာက ရန်ကုန်မှာပဲ တာဝန်ရှိပါ တယ်၊ အခြားတိုင်းဒေသကြီးတွေနဲ့ ပြည်နယ်တွေမှာက ရန်ကုန်တိုင်းဒေ သကြီးလို အိမ်ငှားခတွေ ဈေးမှမကြီးတာ။ ရန်ကုန်မှာပဲ အိမ်ငှားရမ်းခတွေ က အဆမတန်မြင့်မားနေတာပါ''ဟု ပြော သည်။

ယခုလက်ရှိ ရန်ကုန်မြို့ရှိ အိမ် ငှားဈေးကွက်မှာ အဆမတန်မြင့်မားမှုကြောင့် ရန်ကုန်မြို့တွင် အိမ်ပိုင်မ ရှိ သော မိသားစုများ နေထိုင်ရေးအတွက် မှာ တွေးကြောက်စရာ ဘေးဒုက္ခ တစ်ခုလိုပင် ဖြစ်နေပေသည်။

''အန်တီအပါအဝင် လွှတ်တော် မှာ မြို့ပြဆိုင်ရာ ငှားရမ်းချက်ဥပဒေ ကို ပြင်ဆင်ရမယ်ဆိုတာ အခြားကိုယ် စားလှယ်သုံးဦးလဲ တင်ပြတယ်။ အမှန် ကတော့ နောက်ဆုံးအနေနဲ့ ပြည်သူ တွေက တောင်းဆိုဖို့နဲ့ ဆန္ဒပြဖို့ပဲ ရှိတော့ပါတယ်'' ဟု ဒေါက်တာဒေါ်ညို ညိုသင်းက ဆက်လက်ပြောသည်။

ရန်ကုန်မြို့တွင် အိမ်ငှားခဈေး နှုန်းများမှာ ယခင်နှစ်ကထက် နှစ်ဆ သုံးဆ ခန့် မြင့်တက်လာလျက်ရှိပြီး အိမ်ငှားနေထိုင်ရသော မိသားစုများမှာ တစ်နှစ် ထက်တစ်နှစ် မြင့်တက် လာသော အိမ်ငှားခများနှင့်အတူ အိမ်ငှားပွဲစားကို လဲ မြင့်တက်သော အိမ်ငှားခဈေးနှုန်းနှင့် ထပ်တူဝန် ဆောင်ခပေးဆောင်နေ ရသည်။

ဆောက်လုပ်ရေး အင်ဂျင်နီယာဦးကျော်ကျော်က ''အဓိကကတော့ အိမ်ခန်းမရှိတဲ့သူက တအားများပြီး အိမ်ခန်းကို လက်ထဲမှာထားပြီး ပွဲ စားလုပ်စားတဲ့သူတွေကို ပပျောက် အောင်ရှင်းရမယ်။ ပွဲစားကြောင့်မို့ အခုလို အိမ်ငှားရမ်းခ ဈေးနှုန်းတွေ က မြင့်မားနေရတာပါ။ ပွဲစားတွေက တစ်ကျပ်တန်ကို တစ်ရာပြောလိုက် လို့ အဆမတန်တက်သွားတာ။ အဓိကက နိုင်ငံတော်က သိန်းဂဏန်းနဲ့ ချီတဲ့ တိုက်ခန်းတွေကို သိန်းတစ်ရာ ဝန်းကျင်နဲ့ ရောင်းချပေး ဖို့လိုပါတယ်။ မနေဘဲနဲ့ အိမ်ခန်းတွေကိုဝယ်ပြီး ဈေးကစားနေတဲ့ ဝိသမလောဘ သားတွေ ကို ဥပဒေနဲ့ကိုင်တွယ်ပြီး ဖြေရှင်းလိုက်မယ်ဆိုရင် ဈေးနှုန်းတွေ ကျဆင်းလာ မယ်လို့ ထင်ပါ တယ်''ဟု ပြောသည်။

အဆမတန် မြင့်တက်နေသော အိမ်ငှားရမ်းခ ပမာဏများမှာ ရန်ကုန် တိုင်းဒေသကြီးအတွင်း လှည်းတန်း၊ ကမာရွတ်မြို့နယ်တွင် ကျပ်ငါးသောင်း မှ ခုနစ်သောင်းခွဲအထိ၊ လသာမြို့နယ် တွင် ကျပ်ရှစ်သောင်းမှ ကျပ်တစ်သိန်းအကြား၊ သာကေတမြို့နယ်တွင် ကျပ်ငါးသောင်းမှ တစ်သိန်းအကြား၊ တာမွေ ကျောက် မြောင်းတွင် ခုနစ် သောင်းမှ တစ်သိန်းခွဲအထိ၊ ဗဟန်းမြို့ နယ်တွင် ကျပ်သုံးသောင်းမှ ကျပ်ရှစ် သောင်း အထိ ဖြစ်သည်။

အိမ်ငှားဈေးနှုန်းများ မြင့်မား မှုနှင့်ပတ်သက်၍ ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီမှ အကြံ ပေးပညာရှင် ဦးသန်းက ''အိမ်ငှားခ ဈေးနှုန်းတွေမြင့် တက်တာကို ထိန်းချုပ် ဖို့အတွက် ဒီခေတ်မှာတော့ တန်ဖိုး နည်းအိမ်ရာဆိုတာ ထက် တန်ဖိုးသင့် အိမ်ရာရယ် ပြီးတော့တစ်ဆင့် တန်ဖိုးနည်းအိမ်ရာတွေ များများအကောင်အထည်ဖော်ပေးဖို့ လိုအပ်ပါတယ်။ အခြေခံလူတန်းစားတွေ အိမ်ငှားခ ကြီးမြင့်တဲ့ ပြဿနာ ကို ပြေ လည်နိုင်ရေးကတော့ အစိုးရက အ ငှားချပေးနိုင်တဲ့ အိမ်ရာအဆောက် အအုံတွေ များများချပေးနိုင်ဖို့လို မယ်။ အဲဒါဆို အိမ်ငှားခတွေ ထိန်း ချုပ်ပြီးဖြစ်သွားမယ်။ အငှားချအိမ်ရာ စနစ်လေး လုပ်ပေး မယ်ဆိုရင် အခြေ ခံလူတန်းစားတွေ သက်သောင့်သက် သာထက် သင့်တင့်လျောက်ပတ်တဲ့ ဈေးနဲ့ အိမ်ငှားပြီးနေနိုင်မယ်။တန်ဖိုး နည်းအိမ်ရာဆိုတာတောင်မှ စည်ပင်တို့က အကောင်အထည်ဖော်ပေး ရင် တောင်မှ မြေတန်ဖိုး မပါသေးဘူး။မြေတန်ဖိုးထည့်မတွက်ဘူး။ ဒီခေတ် က တန်ဖိုးသင့်အိမ်ရာတွေက အခြေ ခံလူတန်းစားလောက်က မဝယ်နိုင်ဘူး။ အစိုးရက အခုလဲပဲ ဆောက် လုပ်ရေးဝန်ကြီးဌာနနဲ့ အိုးအိမ်တို့က နိုင်ငံတော်ချေးငွေရယူပြီး တန်ဖိုးနည်း အိမ်ရာတွေ ဆောက်လုပ်ရေးအတွက် စီစဉ်ဆောင်ရွက်နေပါတယ်။ အစိုးရက အကောင်အထည်ဖော်ပေးမယ့် တန်ဖိုးနည်းအိမ်ရာလို့ သုံးနှုန်းပြီး စီမံ ကိန်းကလဲ သာမန်အခြေခံ လူတန်းစား စစ်စစ် စတုတ္ထလူတန်းစားတွေအ တွက် လက်လှမ်းမမီနိုင်သေးပါဘူး။ အဓိကကတော့ အစိုးရ က အငှားချ အိမ်ရာတွေများ များဖော်ဆောင်ပေးရင်တော့ အထိုက်အလျောက် ပြည် လည်သွားမယ်''ဟု ပြောသည်။

မြို့လယ်ကောင် လမ်းမတန်းနေ ရာများ၊ အကွက်အကွင်းကောင်းမွန်လှသောနေ ရာများကို ငှားရမ်းနေ သော အိမ်ရှင်များမှာ ငှားရမ်းခများကို သူတို့စိတ်တိုင်း ကျနှုန်းတစ်ခုသတ်မှတ်၍ ဈေးကစားနေကြသလို အိမ်ငှားပွဲစားများကလဲ အိမ်ငှားခနှုန်းထားမြင့်မှ ဝန်ဆောင်ခလဲပိုမိုရရှိလာအောင် အိမ် ငှားခနှုန်းထား များကို ထပ်မံဈေးကစား သဖြင့် အိမ်ငှားခဈေးနှုန်းများမှာ အဆမတန် မြင့်မား လာရလေသည်။

လသာလမ်းမတန်းပေါ်ရှိ မြေညီထပ်တိုက်ခန်းအငှား ဈေးနှုန်းများမှာ မနှစ်က ပေ (၂၀×၆၀) တစ်ခန်း လျှင် ကျပ် ၁၅သိန်းမှ သိန်း ၂ဝကြားရှိခဲ့ရာမှ ယခုနှစ်တွင် ကျပ်သိန်း ၅၀ မှသိန်း ၆ဝအကြား အငှားဈေးကွက် ရှိနေကြောင်း အိမ်ခြံမြေပွဲစားများထံမှ သိရသည်။

''အစ်မတို့က အရင်တုန်းက ကျောက်မြောင်းမှာ တစ်လတစ်သိန်း ခွဲခြောက်လစာချုပ်နဲ့လေးလွှာမှာ ငှား နေပါတယ်။ ခြောက်လလဲပြည့်ရော အိမ်ရှင်က နောက်ခြောက်လစာချုပ် ဖို့အတွက် တစ်လကိုနှစ်သိန်းထပ် တိုးတောင်းပါတယ်။ အစ်မတို့က နှစ်သိန်းမပေးနိုင်လို့ အခုဗဟန်းမှာ နှစ်လွှာမှာ တစ်လတစ်သိန်းရှစ် သောင်းနဲ့ထပ်ငှားနေပါတယ်။ ထပ်ငှားနေတော့ ပွဲစားခက တိုက်ခန်း ဈေးနှုန်းတစ်လစာထပ်ပေးရတဲ့ အတွက် နောက်ထပ်ပိုက်ဆံထပ်ကုန် ပါတယ်။ ရန်ကုန်မှာအိမ်ပိုင်မရှိတဲ့ အစ်မတို့လိုလူတွေဘဝက စိတ်ဆင်း ရဲဖို့ကောင်းပါတယ်''ဟု မသီတာက ပြောသည်။

အရှေ့ပိုင်းခရိုင် ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော်မတီ ဝင်တတ်သိပညာရှင်ဒေါက်တာစိုးထွန်းက ''အိမ်ငှားခ ဈေးနှုန်းတွေ မြင့်မားလာတာကိုထိန်းချုပ်ဖို့က တန် ဖိုးနည်းအိမ်ရာတွေ များများဆောက်ရမယ်။ အစိုးရကလဲ အိမ်ရာရောင်း တဲ့စနစ်တွေမဟုတ်ဘဲ အငှားချတဲ့စနစ်တွေဖော်ဆောင်ပေးရပါမယ်။ ဈေးနှုန်း သတ်မှတ်လို့တော့မလွယ်ကူပါဘူး။ အိမ်ငှားချင်တဲ့သူတွေက များနေပြီး အိမ်ကမရှိဘူး။ အစိုးရ အငှားချတဲ့ အိမ်ရာစီမံကိန်းဖော် ဆောင်ပေးမှသာ ဈေးနှုန်းတွေကျ ဆင်းပြီး အဆင်ပြေ မယ်လို့ထင်ပါ တယ်''ဟု ပြောသည်။

Credit: Democracytoday‬

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service