လွှတ်တော်နှစ်ရပ် သဘောထားကွဲလွဲနေသည့် ကွန်ဒိုမီနီယမ် ဥပဒေကို ပြည်ထောင်စု လွှတ်တော်တွင် ဆက်လက်ဆွေးနွေး အတည်ပြုနိုင်ရန် လုပ်ဆောင်သွားမည် - Property News in Myanmar from iMyanmarHouse.com
914 Views

လွှတ်တော်နှစ်ရပ် သဘောထားကွဲလွဲနေသည့် ကွန်ဒိုမီနီယမ် ဥပဒေကို ပြည်ထောင်စု လွှတ်တော်တွင် ဆက်လက်ဆွေးနွေး အတည်ပြုနိုင်ရန် လုပ်ဆောင်သွားမည်

ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ရေးဆွဲခဲ့ပြီး အမျိုးသားလွှတ်တော် နှင့် ပြည်သူ့လွှတ်တော်အကြား တွင် သဘောထားကွဲလွဲမှုများ ရှိနေ သည့် ကွန်ဒိုမီနီယမ် ဥပဒေမူကြမ်းကို မကြာမီကျင်းပသည့် ပြည်ထောင်စု လွှတ်တော်သို့ တင်ပြကာ အတည် ပြုနိုင်ရန် လုပ်ဆောင်သွားမည်ဖြစ် ကြောင်း လွှတ်တော်ကိုယ်စားလှယ် များထံမှ သိရသည်။

”အမျိုးသားလွှတ်တော်နဲ့ ပြည် သူ့လွှတ်တော်နဲ့ အတည်ပြုချက် တွေက မတူလို့ ပြည်ထောင်စု လွှတ်တော်ကို တက်မှာပါ။ အမျိုး သားလွှတ်တော်က ခြောက်ထပ်ကို ကွန်ဒိုအဖြစ် သတ်မှတ်တယ်။ မြန်မာ ပြည်မှာ ဆောက်လုပ်ရေးလုပ်တဲ့ လူတွေအတွက် အထပ်မြင့်တွေ တော်တော်များများက အဆင်သင့် မဖြစ်ကြသေးဘူး။ စုပေါင်းပိုင် အဆောက်အအုံကို ၁၂ ထပ်အစား ခြောက်ထပ်ထားလိုက်တော့ ဥပဒေ အရ ပိုပြီး ကျယ်ပြန့်သွားတယ်”ဟု အမျိုးသားလွှတ်တော်တွင် ကွန်ဒိုမီနီ ယမ် ဥပဒေမူကြမ်းကို ပါဝင်ဆွေးနွေး ခဲ့သည့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က The Trade Times ကို ပြောသည်။

ပြည်သူ့လွှတ်တော်မှ အတည် ပြုထားသည့် ကွန်ဒိုမီနီယမ် ဥပဒေ မူကြမ်းတွင် ကွန်ဒိုတစ်ခုအဖြစ် သတ်မှတ်ရန် ၁၂ ထပ် ပါရှိရမည်ဟု သတ်မှတ်ထားသော်လည်း အမျိုး သားလွှတ်တော်ကမူ ခြောက်ထပ်နှင့် မြေအကျယ်အဝန်း ပေ ၂ဝဝ ပတ် လည်ဟု သတ်မှတ်အတည်ပြုခြင်း ကြောင့် လွှတ်တော်နှစ်ရပ်အကြား ကွန်ဒိုမီနီယမ် ဥပဒေနှင့် ပတ်သက် သည့် သဘောထားကွဲလွဲမှုများကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ ပြီး လွှတ်တော်ကိုယ်စားလှယ်များမှ ဆွေးနွေးကာ အမြန်ဆုံး အတည်ပြု သွားမည်ဖြစ်သည်။

ယခင်က စုပေါင်းပိုင် အဆောက် အအုံနှင့် ပတ်သက်ပြီး ဥပဒေ၊ နည်း ဥပဒေများ တိတိကျကျ ပြဋ္ဌာန်းထား ခြင်းမရှိခဲ့သည့်အတွက် မြေရှင်၊ ကန်ထရိုက်နှင့် အခန်းနေထိုင်သူများ အကြား ပြဿနာများဖြစ်ပွားမှုများ အများအပြား ပေါ်ထွက်လာခဲ့သည့် အတွက် ကွန်ဒိုမီနီယမ် ဥပဒေအသစ် သာ ပြဋ္ဌာန်းအတည်ပြုပြီး ဖြစ်ပါက နေထိုင်သူများ၏ ပိုင်ဆိုင်မှု၊ သားစဉ် မြေးဆက် နေထိုင်မှုနှင့် ရောင်းဝယ် နိုင်သည့် အခွင့်အရေးများ ပိုမိုရရှိလာ နိုင်သည်။

”အခုထွက်လာနိုင်တဲ့ ကွန်ဒို မီနီယမ် ဥပဒေအသစ်က တကယ်နေ မယ့် သူတွေကိုပဲ အသာပေးထားပါ တယ်။ ဥပဒေ ထွက်လာတာကြောင့် နိုင်ငံခြားသားတွေလည်း နေထိုင်ရ တာ အဆင်ပြေသွားမယ်”ဟု ဦးဖုန်း မြင့်အောင်က ပြောသည်။

ကွန်ဒိုမီနီယမ် ဥပဒေမူကြမ်း တွင် ဖော်ပြထားချက်များအရ ယင်း အဆောက်အအုံတွင် နေထိုင်သူများ အနေဖြင့် မြေပိုင်ဆိုင်ခွင့်များ ရရှိ လာနိုင်မည့်အပြင် နိုင်ငံခြားသားများ လည်း ကွန်ဒိုမီနီယမ်များကို တရား ဝင် ပိုင်ဆိုင်လာနိုင်သည့်အတွက် လွှဲပြောင်းရောင်းချနိုင်သည့် အခွင့် အရေးများ ရရှိလာနိုင်သော်လည်း လေးလွှာနှင့်အထက် အထပ်များကို သာ တရားဝင်ပိုင်ဆိုင်ခွင့် ရရှိနိုင်မည် ဖြစ်သည်။

ပြည်ပမှ မြန်မာနိုင်ငံအတွင်းသို့ လာရောက်လုပ်ကိုင်သည့် နိုင်ငံခြား သားများ ရေရှည် လာရောက် လုပ်ကိုင် နေထိုင်နိုင်ရန်အတွက် ကွန်ဒိုမီနီယမ် ဥပဒေအသစ်အရ လမ်းပွင့်သွားစေခဲ့သော်လည်း ယင်း ဥပဒေပြဋ္ဌာန်းနိုင်ခြင်း မရှိသေးသည့် ယခုအချိန်တွင်မူ နိုင်ငံခြားသား များ၏ မြေပိုင်ဆိုင်ခွင့်နှင့် အဆောက် အအုံပိုင်ဆိုင်နိုင်ခွင့်များကို တရားဝင် ပြဋ္ဌာန်းထားခြင်း မရှိသေးကြောင်း သိရသည်။

”နိုင်ငံခြားက လာဆောက်တဲ့ ကွန်ဒိုတွေက တစ်ပေပတ်လည်ကို ဒေါ်လာ ၃၅ဝ၊ ၃၈ဝ၊ ၃ဝဝ လောက် ရောင်းနေတော့ တွက်ကြည့်လိုက် ရင် များနေသေးတယ်။ ဥပဒေတွေ မရှိသေးတဲ့အတွက် နိုင်ငံခြားမှာ ဆိုရင် ဒီကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံမှု တွေက နှစ် ၂ဝ လောက်မှ ပြန်ရ တယ်။ ဒီမှာကတော့ အများဆုံး သုံးနှစ်နဲ့ ငွေပြန်ပေါ်တော့ ပျော်ပျော် ကြီးကို ရင်းနှီးမြှုပ်နှံကြတာပေါ့။ ကွန်ဒိုမီနီယမ် ဥပဒေကိုလည်း တချို့ ရင်းနှီးမြှုပ်နှံသူတွေက စောင့်နေတဲ့ အနေအထား ရှိတယ်”ဟု မြန်မာ နိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း (ဗဟို) မှ အထွေထွေအတွင်းရေးမှူး ဒေါ်မို့မို့အောင်က ပြောသည်။

Credit: thetradetimes

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ

Upcoming Property Events

From 24 May To 25 May

The Rich Villa

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service