ရန်ကုန်တွင် အိမ်ရာ စီမံကိန်း (၁၀) ခု ထပ်မံ ဖော်ဆောင်မည် - Property News in Myanmar from iMyanmarHouse.com
1980 Views

ရန်ကုန်တွင် အိမ်ရာ စီမံကိန်း (၁၀) ခု ထပ်မံ ဖော်ဆောင်မည်

ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၁၅- ၂၀၁၆ ခုနှစ် ဘဏ္ဍာနှစ် အတွင်း အိမ်ရာ စီမံကိန်း (၁၀) ခုထပ်မံ ဖော်ဆောင် သွားမည် ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး အစိုးရ အဖွဲ့ ထံမှ သတင်း ရရှိသည်။ အဆိုပါ အိမ်ရာ များတွင် တန်ဖိုးမျှတ အိမ်ရာ၊ တန်ဖိုးနည်းအိမ်ရာနှင့် တန်ဖိုးလတ် အိမ်ရာ စသည်တို့ ပါဝင်မည် ဖြစ်ပြီး၊ ယင်းစီမံကိန်းများအား မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက် သွားမည် ဖြဖ်ကြောင်း သိရသည်။ ဒီစီမံကိန်းတွေ အတွက် မြေနေရာက ရွေးချယ်ပြီး သွားပြီ။ အိမ်ရာ လိုအပ်ချက်တွေ လျော့စေဖို့ အတွက် အတတ်နိုင်ဆုံး ဆောင်ရွက် နေတာ ဖြစ်တယ် ဟု ရန်ကုန် တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံးမှရုံး အဖွဲ့မှူး တစ်ဦးက ပြောသည်။ ၂၀၁၅- ၂၀၁၆ ဘဏ္ဍာနှစ်တွင် အကောင်အထည် ဖော်မည့် အိမ်ရာ စီမံကိန်း များမှာ ဒဂုံ ဆိပ်ကမ်း မြို့နယ်၊ ရွှေလီလမ်းနှင့် ပုဏ္ဏမီလမ်းရှိ မြေနေရာ၊ ကမ်းနားလမ်းနှင့် ရွှေလီလမ်းရှိ မြေနေရာ၊ တောင်ဒဂုံ မြို့နယ်တွင် Town Centre အပိုင်း (၃) အိမ်ရာ စသည်တို့ ဖြစ်ကြောင်း သိရသည်။

ထို့အပြင် သုဝဏ္ဏ (၂၅) ရပ်ကွက် အိမ်ရာ၊ မင်္ဂလာဒုံမြို့ ပုလဲ ဥယျာဉ်နှင့် ပျဉ်းမပင်လမ်း အိမ်ရာ၊ သန်လျင်မြို့ရှိ အောင်ချမ်းသာ အပိုင်း (၂) အိမ်ရာ တို့ ဖြစ်သည်။ အိမ်ရာတွေများလာ တာတော့ ဟုတ်ပါ ပြီ။ အမှန်တကယ် ၀င်ငွေနည်း ၀န်ထမ်းတွေနဲ့ အိမ်ရာ မရှိသေးတဲ့ အခြေခံ လူတန်းစားတွေ အတွက် ဖြစ်ဖို့တော့လိုတယ်။ အခု ရောင်းနေတဲ့ အိမ်ရာတွေဆို ၀င်ငွေနည်းတဲ့ သူတွေ အနားမကပ် နိုင်ဘူး ဟု ရွှေလင်ပန်း အိမ်ရာ လျှောက်ထားသူ ကုမ္ပဏီဝန်ထမ်း ကိုအောင်ဇော်လတ် က ဆိုသည်။

အဆိုပါ အိမ်ရာ စီမံကိန်း (၁၀) ခုမှ အခန်းပေါင်း (၂၀၀၀၀) ကျော်ထွက်ရှိ လာမည် ဖြစ်ပြီး၊ နှစ်နှစ် အတွင်း အပြီးသတ် ဆောက်လုပ်ရန် စီစဉ် ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံးမှ သိရသည်။ထို့အပြင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ယူ ဆောင်ရွက်မည့် မြောက်ဥက္ကလာ အိမ်ရာ၊ ရွှေပြည်သာ အိမ်ရာနှင့် ဒဂုံအရှေ့ အိမ်ရာ တို့ကိုလည်း ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

Credit: messenger

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service