တန်ဖိုးနည်း၊ တန်ဖိုးမျှတအိမ်ရာတည်ဆောက်မှုလုပ်ငန်းများကို အစိုးရက အကြမ်းဖျင်းသာ ရှင်းလင်းသဖြင့် ဝေဖန်မှုများ ထွက်ပေါ် - Property News in Myanmar from iMyanmarHouse.com
1017 Views

တန်ဖိုးနည်း၊ တန်ဖိုးမျှတအိမ်ရာတည်ဆောက်မှုလုပ်ငန်းများကို အစိုးရက အကြမ်းဖျင်းသာ ရှင်းလင်းသဖြင့် ဝေဖန်မှုများ ထွက်ပေါ်

ရန်ကုန်နယ်နိမိတ်အတွင်း တန်ဖိုးနည်းနှင့် တန်ဖိုးမျှတ လူနေ အိမ်ရာများ ဆောက်လုပ်ရာတွင် အစိုးရဘက်က ပွင့်လင်းမြင်သာမှု ရှိစွာ ထုတ်ပြန်ရှင်းလင်း ကြေညာခြင်း မရှိဘဲ အကြမ်းဖျင်း ရှင်းလင်းမှုများ သာ ပြုလုပ်သဖြင့် လွှတ်တော်ကိုယ် စားလှယ်များကြား ဝေဖန်မှုများ ဖြစ်ပေါ်လျက်ရှိသည်။

ရန်ကုန်မြို့တော်အနှံ့၌ တန်ဖိုး မျှတ အိမ်ရာစီမံကိန်းများကို မြို့ရွာ နှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီတို့က ယင်းတို့၏ အစီ အစဉ်အသီးသီးဖြင့် တည်ဆောက် ပေးရာတွင် နိုင်ငံတော်အစိုးရအနေ ဖြင့် အဆောက်အအုံဆောက်လုပ် မည့် မြေနေရာစိုက်၍ ဆောက်လုပ် ရေးကုမ္ပဏီများက ငွေစိုက်သည့် စနစ်ဖြင့် ပူးပေါင်းလုပ်ဆောင်သည် ဟု ပြည်သူများအား အကြမ်းဖျင်းသာ အသိပေးထားပြီး ထိုသို့ အကျိုးတူ ပူးပေါင်းလုပ်ဆောင်ရာတွင် အစိုးရ နှင့် ကုမ္ပဏီတို့ မည်သည့်ခွဲဝေမှု ပုံစံ အချိုးအစား၊ မည်သည့်စနစ်များဖြင့် အတူတကွ ပူးပေါင်းလုပ်ဆောင်နေ သည်ဟု ရှင်းရှင်းလင်းလင်း ထုတ် ဖော်ပြောကြားခြင်း မရှိသဖြင့် တည် ဆောက်ရေးလုပ်ငန်း ပူးပေါင်းလုပ် ကိုင်ရန် စိတ်ဝင်စားသည့် လုပ်ငန်း ရှင်များအနေဖြင့် မည်သို့ လုပ်ဆောင် ရမည်ဟု ဆုံးဖြတ်ချက်မချနိုင် ဖြစ်နေ ရကြောင်း သိရသည်။

”၃ဝး၇ဝ လား၊ ၅ဝး၅ဝ လား ဆိုတာ မပြောတဲ့အပြင် လွှတ်တော် မှာလည်း နောက်လုပ်မယ့် တန်ဖိုး မျှတအိမ်ရာစီမံကိန်းတွေအကြောင်း ကို အကြမ်းဖျင်းပဲ တင်ပြလာလို့ ပွင့် လင်းမြင်သာမှု နည်းတယ်။ အန်တီ့ မိတ်ဆွေ ဘဏ်လုပ်ငန်းရှင် နှစ်ဦး လောက်ကလည်း တကယ်လို့သာ အစိုးရက ပါလာရင် သူတို့ဘက်က လည်း ဒီလုပ်ငန်းမှာ ဝင်လုပ်ပေးဖို့ တော်တော်စိတ်ဝင်စားနေတယ်”ဟု ဗဟန်းမြို့နယ် မဲဆန္ဒနယ်မှ တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းက ပြောသည်။

အရှေ့တောင်အာရှနိုင်ငံများ တွင် ပါဝင်သည့် ထိုင်း၊ မလေးရှား နှင့် စင်ကာပူနိုင်ငံတို့၌ အခြေခံလူ တန်းစားများနှင့် လူလတ်တန်းစား များအတွက် တန်ဖိုးမျှတအိမ်ရာ စီမံ ကိန်းများကို အလုံးအရင်းဖြင့် အကောင် အထည်ဖော်ရာတွင် အစိုးရက မြေ စိုက်ကာ ဘဏ်များ၏ အရင်းအနှီး ဖြင့် ဆောက်လုပ်စေပြီး အခန်းဝယ် ယူလိုသူများက ယင်းတို့၏ အလုပ် အကိုင်ခိုင်မာမှုကို ပြသလျက် နှစ်ရှည် စနစ်များဖြင့် အရစ်ကျ ငွေပေးချေ ဝယ်ယူနိုင်သည့်အပြင် အလွယ်တကူ ပြန်လည်ရောင်းချနိုင်ခွင့်နှင့် အခန်း စီမံခန့်ခွဲမှုများကိုလည်း တိုက်ခန်း နေထိုင်သူများက တိုက်သာယာရေး ကော်မတီနှင့် ညှိနှိုင်းကာ အရစ်ကျ ပေးချေမှုဖြင့် အလွယ်တကူစီမံခန့်ခွဲ နိုင်ကြောင်း သိရသည်။

”နိုင်ငံတော်ပိုင်မြေတွေမှာ ပြည် သူတွေအတွက် ကန်ထရိုက်စနစ် တွေနဲ့ ဆောက်ပြီး ရောင်းရင် ဈေးက အပြင်ကထက် သက်သာလိမ့်မယ်။ ကန်ထရိုက်တွေကို မြို့ပြင်က မြေ ကွက်တွေမှာ အိမ်ရာဆောက်ခိုင်းပြီး ပြည်သူတွေကို ချပေးရမယ်။ အဲဒီ အပြင် သူတို့ကို ချထားပေးတဲ့နေရာ ကနေ မြို့ထဲကို သွားလာရေး အဆင် ပြေအောင်လည်း လုပ်ပေးရမယ်။ နိုင်ငံတော်က မြေအပြင် ငွေကြေး စိုက်ထုတ်မှုတွေကိုလည်း လုပ်ပေးမှ အဆင်ပြေနိုင်လိမ့်မယ်” ဟု မြန်မာ နိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း ဗဟိုမှ အထွေထွေအတွင်းရေးမှူး ဒေါ်မို့မို့အောင်က ပြောသည်။

Credit: thetradetimes

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service