တံတားဦးတွင် အဆင့်မြင့်စီးပွားရေးဇုန် တည်ဆောက်သွားမည် - Property News in Myanmar from iMyanmarHouse.com
1515 Views

တံတားဦးတွင် အဆင့်မြင့်စီးပွားရေးဇုန် တည်ဆောက်သွားမည်

မြန်မာ့ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးမှု အများနှင့်သက်ဆိုင်သော ကုမ္ပဏီသည် မန္တလေးတိုင်း ဒေသကြီး
တံတားဦးမြို့နယ်ရှိ မြေဧက ၂,၀၀၀ ကျော် နေရာတွင် ဟိုတယ်ဇုန်များ၊ အထွေထွေစီးပွားရေးဇုန်
များ၊ အပန်းဖြေ အဆင့်မြင့် ပန်းခြံများ၊ လူနေအိမ်များနှင့် အဆင့်မြင့် အိမ်ရာများပါဝင်မည့် တံတား
ဦးစီမံကိန်းကို စတင် အကောင်အထည်ဖော်သွားမည် ဖြစ် ကြောင်း ဇန်န၀ါရီလ ၁၀ ရက်နေ့တွင်
ပြုလုပ် သည့် လုပ်ငန်းစတင်ဆောင်ရွက်ခြင်း ဖွင့်ပွဲအခမ်အနားတွင် အဆိုပါ အများပိုင်ကုမ္ပဏီ
ဥက္ကဋ္ဌ ဦးရန်ဝင်းက ပြောသည်။

"ဒီတံတားဦး စီမံကိန်းကြီးကို မန္တလေး တိုင်းဒေသကြီးရဲ့ ခွင့်ပြုချက်နဲ့အတူ ဒေသခံ ရွာသူရွာသား
တွေရဲ့ ပူးပေါင်းဆောင်ရွက်မှု နဲ့ လုပ်ငန်းစတင်ဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်။ အခုချိန်ကစပြီး
လမ်းဖောက်တာတွေ၊ မြေညှိတာတွေစတင်သွားမှာပါ။ ကျွန်တော်တို့ ရေးဆွဲထားတဲ့ စီမံကိန်း
Master Planအတိုင်း ခြောက်နှစ်အတွင်း ပြီးစီးအောင် စီစဉ်ထားပါတယ်" ဟု ၎င်းကပြောသည်။

တံတားဦးစီမံကိန်းကို ဆောင်ရွက်ရာတွင် စီမံကိန်း Master Plan ရေးဆွဲခြင်းနှင့် စီမံကိန်း
အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဟူ၍ နှစ်ပိုင်းခွဲ ဆောင်ရွက်သွားမည်ဖြစ်ပြီး Master Plan
ရေးဆွဲခြင်းကို နိုင်ငံတကာ ကုမ္ပဏီ များက စိစစ်ရွေးချယ်ခဲ့ကြောင်း ၎င်းက ပြောသည်။

"Master Plan ရေးဆွဲဖို့အတွက် နိုင်ငံတကာက ကုမ္ပဏီငါးခုကို တင်ဒါခေါ်ယူခဲ့ပြီး တစ်ခုကို
ရွေးချယ်ခဲ့ပါတယ်။ Master Plan ထဲမှာ မြေနေရာ အသုံးချမှုကိုလည်း ဖွံ့ဖြိုး တိုးတက်မှုဆောင်
ရွက်ရေး စီမံကိန်းနေရာနဲ့ လယ်ယာစိုက်ပျိုးမြေတွေ၊ ရေလှောင်ကန်တွေ၊ ဓာတ်အားပေးစက်ရုံတွေ
ပြုလုပ်မယ့်စီမံကိန်း နေရာဆိုပြီး နှစ်ပိုင်းခွဲထားပါတယ်" ဟု ဦးရန်ဝင်းက ပြောသည်။

ထို့ပြင် ရေးဆွဲထားသည့် Master Plan အရ အကောင်အထည်ဖော် ဆောင်ရွက်မှုမှာ အနည်းဆုံး
ခြောက်နှစ်ခန့်ကြာမည်ဖြစ်ပြီး စီမံကိန်းအတွင်းပါရှိမည့် ဟိုတယ်ဇုန်နှင့် ဟိုတယ်နှင့် ဆက်စပ်သည့်
လုပ်ငန်းများ အတွက် ပထမအဆင့်အဖြစ် နှစ်နှစ်အတွင်း ဆောင်ရွက်သွားမည်ဖြစ်သည်။

စီမံကိန်း တစ်ခုလုံး ပြီးစီးသည့် အချိန်တွင် နိုင်ငံတကာ အဆင့်မီ ကြယ်ငါးပွင့်ဟိုတယ် အလုံး ၂၀
ခန့် ပေါ်ထွက်လာမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ အဆိုပါ စီမံကိန်းသည် ခရီးသွားလုပ်ငန်း
ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဟိုတယ်ဇုန် များကို ပြုလုပ်သွားမည်ဖြစ်သော်လည်း ဒေသခံပြည်
သူများ၏ လူနေမှု အဆင့်အတန်း ကိုလည်း ပိုမိုမြှင့်တင်ပေးရန် အခြား စီးပွားရေးဇုန်များ၊ အိမ်ရာ
များအပြင် စီမံကိန်း အကောင်အထည်ဖော်လာပြီး နောက်ပိုင်း တွင်လည်း ယင်းဧရိယာအတွင်း
ဒေသခံ တောင်သူများ၏ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများဖြင့် နိုင်ငံခြားခရီးသွား ဧည့်သည် များ
ကို သဘာဝအခြေခံခရီးသွားလုပ်ငန်း (Eco-Tourism) အဖြစ် ဆွဲဆောင်သွားနိုင် မည်ဖြစ်ကြောင်း
မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးဌာန ၀န်ကြီးဦးမြင့်သန်းက ပြောသည်။

ထို့ပြင် တံတားဦးစီမံကိန်းဧရိယာသည် ယဉ်ကျေးမှုအမွေအနှစ်များရှိသည့် မန္တလေးမြို့နှင့် အနီးစပ်
ဆုံးတွင်တည်ရှိခြင်း၊ တံတားဦး လေဆိပ်၊ စစ်ကိုင်းတောင်၊ မင်းကွန်း၊ အင်းဝ နန်းမြို့ဟောင်း၊ မယ်နု
အုတ်ကျောင်း၊ ဗားဂရာကျောင်းတို့နှင့် နီးစပ်ခြင်းတို့ကြောင့် နိုင်ငံခြား ၀င်ငွေများစွာ ရှာဖွေပေးနိုင်
သော စီမံကိန်း တစ်ခု ဖြစ်လာနိုင်ကြောင်း ဟိုတယ်နှင့် ခရီး သွားလာရေးလုပ်ငန်း ၀န်ကြီးဌာန
ပြည်ထောင် စုဝန်ကြီး ဦးဌေးအောင်ကပြောသည်။ တံတားဦးစီမံကိန်း မြေနေရာအတွက် ဒေသ
ခံများနှင့် ညှိနှိုင်းခဲ့ပြီး လယ်မြေပေးအပ် သူများအား နစ်နာကြေးအဖြစ် တစ်ဧကလျှင် ကျပ်သိန်း
တစ်ရာဖြင့် ငွေပေးချေကာ လယ်သုံး ဧကအပ်နှံသူများကို စီမံကိန်းပြီးစီးသည့် အချိန်တွင် အဆိုပါ
ဧရိယာအတွင်း မြို့ပြ မြေကွက်များတွင် ပေ ၄၀x၆၀ မြေကွက် တစ်ကွက်ကိုလည်း ပြန်လည်ပေး
အပ်သွား မည်ဖြစ်ကြောင်း မန္တလေးဟိုတယ်ဇုန် ဥက္ကဋ္ဌ ဦးမြင့်အောင်က ပြောသည်။

"လက်ရှိမှာတော့ ဒေသခံတွေ လာအပ်တဲ့ မြေဧက ၂,၁၈၀ ကျော်ရှိပါပြီ။ ကျွန်တော်တို့ ဒီစီမံကိန်း
ကို လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတည်းက ခွင့်ပြုမိန့်ရထားခဲ့ပြီး ဒေသခံတွေ နဲ့ ညှိနှိုင်းလာခဲ့တာပါ။
ကျွန်တော်တို့ ဘက်ကလည်း လာအပ်တဲ့သူတိုင်းကို နစ်နာကြေးအနေနဲ့ လက်ရှိပေါက်ဈေးထက်
မြင့်တဲ့ ဈေးနဲ့ဖြတ်ပြီး တစ်ဧကကို သိန်းတစ်ရာပေးခဲ့ပါတယ်။ အရင်တုန်းကတော့ နစ်နာကြေးကို
တစ်ဧက သိန်း ၅၀ ကနေ ၇၀ ဆိုပြီး ပေးခဲ့တာပါ။ ဒါပေမဲ့ အခုနောက်ဆုံး သိန်းတစ်ရာနဲ့ ဆုံးဖြတ်
ပြီး အားလုံးကို တန်းတူ ပေးပါတယ်" ဟု ၎င်းကပြောသည်။ အဆိုပါတံတားဦးစီမံကိန်း အကောင်
အထည်ဖော်ရန် သဘောတူညီခဲ့ပြီး လယ်မြေ များကို ကျေနပ်လက်ခံစွာပေးအပ်ခဲ့ပြီး နစ်နာ ကြေး
ကိုလည်း သဘောတူကြောင်း ဒေသခံ များကပြောသည်။

"ဒီစီမံကိန်းကြီးအတွက် ကျွန်တော်တို့ လယ်တွေကို နစ်နာကြေးပေးတာနဲ့ ပတ်သက် ပြီး ကျေနပ်
ပါတယ်။ ကျွန်တော်တို့လယ်တွေ ကလည်း တကယ်တမ်းမှာ အလုပ်လည်း သိပ်မဖြစ်ပါဘူး။ တစ်
နှစ်မှ သုံးသိန်း၊ ငါးသိန်း လောက်မြတ်တာပါ။ တစ်ခါတလေလည်း အရှုံးပေါ်ပါသေးတယ်။ အခု
ဒီနေရာမှာ ဒီစီမံကိန်းကြီးလုပ်မှာ ဆိုတော့ ကျွန်တော်တို့ လည်း အဆင်ပြေတယ်။ လယ်ရောင်း
လိုက်တဲ့ ပိုက်ဆံကလည်း အဆင်ပြေပါတယ်" ဟု ဒေသခံတစ်ဦးဖြစ်သူ ဦးလှသိန်းက ပြောသည်။

သို့သော် ဧရာဝတီမြစ်ကမ်းဘေးနှင့်နီးသော လယ်မြေများမှာ လုပ်ငန်းဖြစ်ထွန်း သည့်အတွက်
တစ်ဧကလျှင်ကျပ်သိန်းတစ်ရာ ထက် ပိုမိုပေးသင့်ကြောင်း စီမံကိန်း နယ်မြေအတွင်းပါဝင်သော
လယ်သမား ဦးသိန်းစိုးက မြန်မာတိုင်း(မ်)ကို ပြောသည်။ "ကျွန်တော်က လယ်ခြောက်ဧကမှာ
သုံးဧကအပ်ပြီးပါပြီ။ ကျွန်တော်တို့နေရာက လယ်မြေတွေက ဧရာဝတီမြစ်ဘေးကဆိုတော့ အရမ်း
တန်ဖိုးရှိပါတယ်။ လုပ်စားလို့ ကောင်းပါတယ်။ အဲဒါကြောင့် တစ်ဧက သိန်းတစ်ရာကတော့ သိပ်
အဆင်မပြေဘူး။ အတွင်းပိုင်းက လယ်မြေတွေကတော့ လုပ်ငန်းလုပ်စား လို့ မကောင်းဘူး" ဟု
၎င်းကပြောသည်။

လက်ရှိတွင် စီမံကိန်းနယ်မြေအတွင်း မြေညှိခြင်း၊ ရေကာတာနှင့် ရေထိန်း၊ မြေထိန်း နံရံများပြုလုပ်
ခြင်း စသည့်အခြေခံအဆင့် များကို စတင်ပြုလုပ်လျက်ရှိသည်။ တံတားဦး စီမံကိန်း၏ တည်နေရာ
သည် မန္တလေးတိုင်း ဒေသကြီး ကျောက်ဆည်ခရိုင် တံတားဦးမြို့မှ နှစ်မိုင်ခန့်အကွာ တံတားဦး-မြို့
သာ ကားလမ်းဘေး မိုင်တိုင်အမှတ် (၅၀၄၊၃) တွင် တည်ရှိခြင်းဖြစ်သည်။

Credit: Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)

Upcoming Property Events

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

From 27 Sep To 28 Sep

18th Property and Car Expo

THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service