အငြိမ်းစားဝန်ထမ်း၊ အစိုးရဝန်ထမ်းနှင့် တိုင်းပြည်အတွက် အသက် စွန့်လွှတ် ခဲ့သူ၏ မိသားစုနှင့် ကိုယ်အင်္ဂါစွန့်လွှတ်သူများအတွက် မြရည်နန္ဒာ တန်ဖိုးနည်းအိမ်ရာများကို ရောင်းချပေးမည် - Property News in Myanmar from iMyanmarHouse.com
783 Views

အငြိမ်းစားဝန်ထမ်း၊ အစိုးရဝန်ထမ်းနှင့် တိုင်းပြည်အတွက် အသက် စွန့်လွှတ် ခဲ့သူ၏ မိသားစုနှင့် ကိုယ်အင်္ဂါစွန့်လွှတ်သူများအတွက် မြရည်နန္ဒာ တန်ဖိုးနည်းအိမ်ရာများကို ရောင်းချပေးမည်

မန္တလေးခရိုင်အတွင်းနေထိုင်သည့် သက်ပြည့် /နှစ်ပြည့် အငြိမ်စားဝန်ထမ်းများ၊ တာဝန်ထမ်းဆောင်ဆဲ ဝန်ထမ်းများ(ဝန်ထမ်းလုပ်သက် ၂၅နှစ်နှင့် အထက် ရှိသူများ)နှင့် အထက်ရှိသူများ၊ တိုင်းပြည်အတွက် အသက်စွန့်လွှတ် ခဲ့သူများ၏ မိသားစုများနှင့်ကိုယ်အင်္ဂါ စွန့်လွှတ်ခဲ့သူများအတွက် အိမ်ခန်း လျှောက်လွှာ များကို ဇန်နဝါရီ ၁၂ ရက်မှစတင်၍ ၃ဝရက်ထိ စတင် ရောင်းချပေးလျက်ရှိကြောင်း မန္တလေး မြို့တော်စည်ပင်သာယာရေးကော် မတီမှ အဆောက် အအုံနှင့် ကုန်ရုံဌာနမှ ဌာနမှူးက ပြောသည်။

မန္တလေးမြို့ချမ်းမြသာစည် မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်နှင့် အောင် သာယာရပ်ကွက် အကွက်အမှတ် (မမ-၁၅) နှင့် (မမ-၂၆) တွင် မန္တလေး မြို့တော်စည်ပင်သာယာရေးကော် မတီမှ အခန်းပေါင်း ၁၃၄၄ခန်း ပါဝင်သည့်တန်ဖိုးနည်း အိမ်ရာများ ကို ၂၀၁၃ခုနှစ် စက်တင်ဘာမှ စတင်၍ တစ်နှစ်တာအတွင်း ဆောက် လုပ်ပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ မြရည်နန္ဒာတန်ဖိုး နည်းအိမ်ရာစီမံကိန်းတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ ရဲစခန်း၊ ကျန်းမာ ရေး(ဆေးခန်း)၊ မီးသတ်စခန်း၊ အားကစားကွင်းစသည့် ရပ်ကွက် အင်္ဂါရပ်နှင့်အညီ သက်ဆိုင်ရာအဆောက် အအုံများထား ရှိနိုင်ရန် ဆောင်ရွက်လျက်ရှိပြီး တိုက်ခန်းအား လုံးရောင်းချပြီးချိန်တွင် သွားလာရေး အဆင်ပြေ လွယ်ကူစေရန်အတွက် ဘတ်စ်ကားလိုင်းများ ပြေးဆွဲပေး ခြင်းများ စီစဉ်ဆောင်ရွက်ပေးသွား မည်ဖြစ်သည်။

''တန်ဖိုးနည်းအိမ်ရာလျှောက် ထားသူအားလုံး မန္တလေးခရိုင်အတွင်း နေထိုင် သူဖြစ်ပြီး ကိုယ်ပိုင်အိမ်ရာ မရှိသူ ဖြစ်ရမယ်။ အိမ်ထောင်တစ်စုလျှင် တစ်ဦးသာလျှောက်ထား ခွင့်ရှိပါတယ်၊ လျှောက်ထားရင် အငြိမ်းစား ပင်စင်စာအုပ်၊ အိမ်ထောင် စုလူဦးရေစာရင်း၊ မိတ္တူပူးတွဲတင်ပြ ရမှာ ဖြစ်ပါတယ်''ဟု အဆောက် အအုံနှင့် ကုန်ရုံဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မြရည်နန္ဒာတန်ဖိုးနည်းအိမ်ရာစီမံကိန်းကို အရစ်ကျငှား၊ ဝယ်စနစ် နှင့် လက်ငင်းဝယ်စနစ်စသည်ဖြင့် ဝယ်ယူ နိုင်မည်ဖြစ်ပြီး ယင်းစနစ်သည် ကြိုပွိုင့်စနစ်မဟုတ်ဘဲ ငှား၊ ဝယ် Hire Purchase စနစ်ကို ငါး နှစ်နှင့်ရှစ်နှစ် အတွင်း ဘဏ်အတိုး ဖြင့် ဝယ်ယူနိုင်မည်ဖြစ်သည်။

မြရည်နန္ဒာတန်ဖိုးနည်းတိုက်ခန်းရှိ အိမ်ရာများကို ရှစ်ခန်းတွဲ ၄၈၄ စတုရန်းပေ၊ ၅၇၂ စတုရန်း ပေ၊ လေးခန်းတွဲ ၅၅၄ ဒသမ ၅ စတုရန်းပေတည်ဆောက်ထား ရာ အကွက် အမှတ် (မမ-၁၅)သည် ရ ဒသမ ၆ရ ဧကကျယ်ဝန်းပြီး ရှစ်ခန်း တွဲ လေးထပ် ၂ရလုံးတည်ဆောက်ထား ပြီး အကွက် အမှတ်(မမ-၁၆)သည် ၅ ဒသမ ၄၀ ဧက ကျယ်ဝန်းပြီး လေး ခန်းတွဲ လေးထပ်အလုံး ၃၀ တည်ဆောက် ထားသည်။ တန်ဖိုးနည်း အိမ်ရာရှိ တိုက်ခန်း ၁၃၄၄ခန်းတွင် မြေညီထပ် ၁၃ဝကျော်ပါရှိပြီး လက်ရှိတွင် မြေညီထပ်လျှောက်ထားသူ ၂၂၉ ဦးရှိရာ အချိုးကျညီညီမျှမျှ ရောင်းချနိုင်ရန် မဲစနစ်ဖြင့် ဒီဇင်ဘာ ၂၂ရက်တွင် ရောင်း ချသည့် အစီအစဉ်တွင် မြေညီထပ်အခန်း ၃၀ ကျော်သာ ရောင်းချပေးခဲ့ပြီး ကျန် နေရာနှင့် အခန်းများကို မဲစနစ်ဖြင့် ဆက်လက်ရောင်းချပေးသွားမည် ဖြစ် သည်။

မြရည်နန္ဒာတန်ဖိုးနည်းအိမ်ရာများသည် ကျပ်သိန်း ၆၀ မှ ကျပ်သိန်း ၁၃ဝထိ အထပ်မြင့်နေရာပေါ် မူ တည်၍ ဈေးရှိပြီး ဘဏ်ဖြင့်ချိတ်ဆက် ဝယ်ယူပါက တိုက်ခန်းတန်ဖိုး၏ ၃၀ ရာခိုင်နှုန်းကို ကနဦးပေးသွင်း၍ ငါး နှစ်အတွင်း ကျန်ရှိသောတိုက်ခန်း တန်ဖိုးငွေပမာဏ၊ ဘဏ်အတိုး ရှစ်ရာခိုင်နှုန်း၊ ကော်မရှင် ခ တစ်ရာခိုင်နှုန်း တို့ကို ဆက်လက်ပေးသွားရမည် ဖြစ်သည်။

မြရည်နန္ဒာတန်ဖိုးနည်းအိမ်ရာလျှောက်လွှာများကို တစ်စောင်လျှင် ၅၀ဝကျပ်ဖြင့်ဝယ်ယူ၍ မန္တလေး မြို့တော် စည်ပင်သာယာရေးကော်မတီသို့ ဇန်နဝါရီ ၃ဝရက်နောက်ဆုံး ထားပေးပို့လျှောက်ထားရမည်ဖြစ် ကြောင်း သိရသည်။

Credit : Democracytoday‬

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ

Upcoming Property Events

From 24 May To 25 May

The Rich Villa

Mingalar Market
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service