ဝေဝါးနေသည့် ၂၀၁၅ စီးပွားရေး အခြေအနေ နှင့် အိမ်ခြံမြေဈေးကွက် - Property Knowledge in Myanmar from iMyanmarHouse.com
2606 Views

ဝေဝါးနေသည့် ၂၀၁၅ စီးပွားရေး အခြေအနေ နှင့် အိမ်ခြံမြေဈေးကွက်

Knowledge | Posted by Hnin Ei Khin

၂၀၁၄ ခုနှစ်တစ်နှစ်တာ ကုန်ဆုံးသွားပြီးချိန် ၂၀၁၅ ခုနှစ် ရောက်လာချိန်မှာတော့ မြန်မာနိုင်ငံ ၏လက်ရှိ စီးပွားရေး အခြေအနေများ ကိုကြိုတင်ခန့်မှန်းပြီး
ရှေ့ဖြစ်ဟောကိန်း.ထုတ်ရန်ဆိုသည်မှာခက်ခဲနေသေးသည့်အခြေအနေဖြစ်နေသည်။

လက်ရှိနိုင်ငံရေးအခြအနေ၊ ပြည်တွင်း ၌ဖြစ်ပေါ်နေသော စီးပွားရေးဆိုင်ရာ ဂယက်များ၊ ပြည်ပ မှရင်းနှီးမြုပ်နှံပြီးသူတို့၏ ဈေးကွက် ဗျူဟာများ၊
ထပ်မံဝင်ရောက်လာဦးမည့် ပြည်ပရင်းနှီးမြှုပ်နှံမှုများ စသဖြင့် ဆက်စပ် တွေးကြည့်လျှင်မည်မျှ တည်ငြိမ်နိုင်မည်နည်းဆိုသည်မှာ ပဟေဠိတစ်ခု
ဖြစ်နေသည်။

မြန်မာနိုင်ငံ ၏လက်ရှိ စီးပွားရေးဆိုင်ရာကဏ္ဍ များနှင့်ဆက်သွယ်နေသော အရာများကို ယှဉ်ကြည့်လိုက်လျှင် အခြေခံလူတန်းစားများပြားခြင်း၊
တစ်ဦးချင်းဝင်ငွေနိမ့်ကျခြင်း၊ ဆင်းရဲချမ်းသာကွာဟမှုတစ်စတစ်စ ကြီးမားလာခြင်း၊ ငွေကြေးဖောင်းပွမှုနှုန်း (Inflation Rate) နှင့် လုပ်ခလစာနှုန်း (Wage Rate) မတည်ငြိမ်မှုတို့တွင်ပြဿနာရှိနေခြင်း၊ မည်သည့်ကဏ္ဍကို ဗဟိုပြုသတ်မှတ်လျက် မည်သို့သောနိုင်ငံ (ဥပမာ - စက်မှုနိုင်ငံ၊ စိုက်ပျိုးရေးနိုင်ငံ) ထူထောင်ရမည် ကိုအဖြေရှာမရသေးသော နိုင်ငံအနေဖြင့် ၂၀၁၅ ခုနှစ်၏ စီးပွားရေးကဏ္ဍ တိုးတက်ခြင်း၊
ဆုတ်ယုတ်ခြင်း ကို ရှေ့ဖြစ်ဟောကိန်းထုတ်ရန်မှာ မလွယ်ကူချေ။

မြန်မာနိုင်ငံ ၏လက်ရှိစီးပွားရေးကဏ္ဍတွင် မူဝါဒ အခြေတကျမရှိခြင်းက အကြောင်းတရား တစ်ခုနှယ်ဖြစ်နေသည်။ စီးပွားရေး နှင့်ပတ်သက်၍ မူဝါဒများအကြား၌
မည်သည့်အတွက် (Why)၊ မည်သူ့အတွက် (For Whom) နှင့် မည်သည့်အချိန် (When) တွင်မည်သို့သော (Which) မူဝါဒများ (Policies) ကို
ရေးဆွဲပေးရမည်နည်း ဆိုသည့်အချက်ကိုမည်သူ (Who) က ရုပ်လုံး ဖော်ပေးမည် ဆိုသည့် အချက်ငါးချက်ရှိပေသည်။ ပဲ့ကိုင်ပေးမည့်သူလည်း
လိုအပ်နေပြန်သည်။

ပြီးခဲ့သည့် နှစ်များအတွင်း စီးပွားစိန်ခေါ်မှုများကို ရင်ဆိုင်နိုင်ခဲ့ပြီး ဖြစ်သော်လည်း ယနေ့ ၂၀၁၅ ခုနှစ်တွင် ကြုံတွေ့လာနိုင်သည့် လူမှုစီးပွားရေးအခြေအနေ များအတွက် နူးညံ့သော ချုပ်ကိုင်ထိန်းသိမ်းမှု များကို စဉ်းစားထား ရပေတော့မည်။
လက်ရှိကုန်သည်ကြီးများ၏ ဈေးကွက် အလှုပ်အခတ်များကိုမထိန်းချုပ်နိုင်ပါက၂၀၁၅ ခုနှစ်၏ စီးပွားရေးသည် လိမ်ဖယ်လိမ်ဖယ် ဖြစ်နေဦးမည် ဟုမိမိမြင်သည်။

သည့်အတွက် နိုင်ငံ၏ဘဏ္ဍာငွေလိုအပ်နေမှုကို ထောက်ပံ့ပေးနိုင်သည့် ပုဂ္ဂလိက စီးပွားရေး ကဏ္ဍများ နည်းစနစ်တကျ ဖွံ့ဖြိုးတိုးတက်လာစေရေး အတွက်
အထောက်အကူဖြစ်စေနိုင်သော ဗျူရိုကရက်ယန္တယားများ၏ ဆောင်ရွက်ပေးနိုင်မှုသည် အစိတ်အပိုင်း တစ်ခုဖြစ်သကဲ့သို့
အခွန်ကောက်ခံမှုနှင့် အခွန်ငွေသုံးစွဲမှုတို့တွင်တည်ရှိနေပြီးသား ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများကို မထိခိုက်စေဘဲ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် အတွက် အထောက်အပံ့ ဖြစ်စေရန်ကိုသာ ဦးတည်ရပေမည်။

လက်ရှိ အချိန်အထိ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဆိုရာတွင် ပြည်ပရင်းနှီးမြှုပ်နှံမှုများ (FDI) နှင့် ပြည်ပနိုင်ငံများ၏ ဘဏ္ဍာရေး အကူအညီများပေါ်တွင် သာမှီခိုနေရသည်။ ယင်းတို့မှ ရရှိလာသော ဘဏ္ဍာငွေ များကိုလည်း ပြည်တွင်း ဘဏ္ဍာငွေလိုအပ်ချက်များတွင် အစားထိုးပေးနေရဆဲပင်ဖြစ်သည်။

အမှန်တကယ်အားဖြင့်ဆိုလျှင် ပြည်တွင်းရင်းနှီးမြှုပ်နှံမှု များကို ဇောင်းပေးပြီး နိုင်ငံသားများ၏ စုဆောင်းငွေပမာဏဖြင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့် လာသည်နှင့်အမျှ ပြည်ပနိုင်ငံများ၏ ဘဏ္ဍာရေး လိုအပ်ချက် အကူအညီ များကို တစ်စတစ်စ လျော့ချသွားနိုင်မည်ဖြစ်သည်။

လတ်တလော အနေအထားအရ ပြည်တွင်းတွင် နိုင်ငံသားများ၏ ရင်နှီးမြှုပ်နှံမှု အခန်း ကဏ္ဍမှာ နည်းပါးနေခြင်းကြောင့် ပြည်ပရင်းနှီးမြှုပ်နှံမှုကိုသာ
အားထားနေရသေးသည်။ အကျိုးဆက်က ပြည်ပရင်းနှီးမြှုပ်နှံမှုများကို အခြေပြုကာ ပြည်တွင်း အိမ်ခြံမြေဈေးကွက် မြင့်တက်လာခြင်းပင်။

ထို့ကြောင့် မြင့်တက်လာသော အိမ်ခြံမြေဈေးကွက် ကိုထိန်းချုပ်နိုင်ရန်ရည်ရွယ်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရ က၂၀၁၄ ခုနှစ်အောက်တိုဘာလ ၁ ရက်နေ့ မှာ သက်ဆိုင်ရာ နယ်မြေအလိုက် အိမ်ခြံမြေဈေးနှုန်း များကို ပုံသေ
သတ်မှတ်ပေးလိုက်သည်။ ယင်းနောက် အခွန်ကြီးကြပ်မှုစနစ် ပြုလုပ်ရန် ကြိုးစားခဲ့သည်။ သို့သော် အဆိုပါလုပ်ဆောင်မှုသည် အောင်မြင်သည် ဟု မဆိုသာခဲ့ချေ။

တရိပ်ရိပ်မြင့် တက်လာခဲ့သော အိမ်ခြံမြေဈေးနှုန်း သည် ယခု ၂၀၁၅ နှစ်ဆန်းပိုင်း အရောက်တွင်တော့ အသံနည်းနည်း ငြိမ်သွာသည် ဟုဆိုရပေမည်။
သို့သော် ယတိပြတ် ငြိမ်သွားသည်တော့ မဟုတ်သေးချေ။ ဝင်လာနိုင်သေးသည့် ပြည်ပရင်းနှီးမြှုပ်နှံမှုများ၊ ၎င်းတို့၏ စီးပွားရေးအောင်မြင်လာနိုင်မှု၊
ကျရှုံးလာနိုင်ခြေ၊ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအပြောင်းအလဲ စသဖြင့်သော အချက်များ ပေါ်တွင် မူတည်နေပေရာ ၂၀၁၅ ခုနှစ်အတွင်း မြန်မာ့စီးပွားရေး။
ယင်းနှင့်ဆက်နွယ်နေသော အိမ်ခြံမြေဈေးကွက် တို့ကိုပြောရန် စောနေသေးသည်။ ယင်းတို့ကြောင့်ကမ္ဘာ့စီးပွားရေးပြောင်းလဲမှု၊ အာရှစီးပွားပြောင်းလဲမှုများကို နိုင်ငံ၏ အပြောင်းအလဲများနှင့် နှိုင်းယှဉ်ပြီး ဟန်ချက်ညီနေစေမှသာ ယနေ့ ရင်ဆိုင်နေရသည့် အခြေအနေများကို ကျော်လွှားနိုင်ပေလိမ့်မည်။ နိဂုံးချုပ် ပြောလိုသည်မှ ၂၀၁၅
စီးပွားရေ အခြေအနေနှင့် ပြည်တွင်း အိမ်ခြံမြေဈေးကွက်သည် ဟန်ချက်ပေါ်တွင် မူတည်နေပါကြောင်းနှင့် ရှေ့ဖြစ်ဟောကိန်းထုတ်ရန်
ဝေဝါးနေပါကြောင်း။ ။

သုနောင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service