တန်ဖိုးနည်းအိမ်ရာ အများအပြား ပေါ်ထွက်ရန် အစိုးရ၏ ငွေကြေးစိုက်ထုတ်မှုနှင့် အာမခံစနစ်များ လိုအပ် - Property News in Myanmar from iMyanmarHouse.com
1023 Views

တန်ဖိုးနည်းအိမ်ရာ အများအပြား ပေါ်ထွက်ရန် အစိုးရ၏ ငွေကြေးစိုက်ထုတ်မှုနှင့် အာမခံစနစ်များ လိုအပ်

အခြေခံလူတန်းစားများ၊ လူလတ်တန်းစားများနှင့် အိမ်ရာ လိုအပ်ချက်ရှိနေသူများအတွက် နေထိုင်မှုအဆင်ပြေ ချောမွေ့စေရန်တန်ဖိုးနည်းအိမ်ရာစီမံကိန်းများကို ဖော်ဆောင်သည့်နေရာတွင်”နိုင်ငံ တော်အနေဖြင့်အိမ်ရာဆောက်လုပ်မည့် မြေနေရာပေးရုံမျှဖြင့် မပြီး ပြတ်သေးဘဲ ဆောက်လုပ်မှုကုန်ကျ စရိတ်အတွက် ငွေကြေးစိုက်ထုတ် ပေးရမည့်အပြင် အိမ်ရာ ဆောက် လုပ်ပြီးစီးပါကလည်း ဘဏ်များနှင့် ချိတ်ဆက်ကာဝယ်ယူသူတို့ နှစ်ရှည်စနစ်ဖြင့် ငွေပေးချေနိုင်ရေးအတွက် အာမခံစနစ်များ ချမှတ်ပေးရန်ပါ လိုအပ်သည်”ဟု အိမ်ခြံမြေ ကျွမ်းကျင် သူများနှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။

နေစရာအမှန်တကယ် လိုအပ် နေသူများအတွက် လှိုင်သာယာ မြို့နယ်အတွင်း တည်ဆောက်ကာ နောက်ဆုံး ချထားပေးခဲ့သည့် ရွှေ လင်ပန်း တန်ဖိုးမျှတ အိမ်ရာစီမံ ကိန်းတွင် အမှန်တကယ် ရောင်းချ ပေးနိုင်သည့် အခန်းပေါင်း ၂ဝဝ ကျော်သာ ရှိသော်လည်း တိုက်ခန်း ဝယ်ယူရန်အတွက် လျှောက်ထားသူ စုစုပေါင်း တစ်သိန်းဝန်းကျင်ခန့် အထိ ရှိခဲ့သည်။ ထိုသို့ ဖြစ်ရခြင်းကို ကြည့်လျှင် ရန်ကုန်နယ်နိမိတ် အတွင်း အိမ်ရာလိုအပ်သူ အများအပြားရှိနေပြီးထိုသို့လိုအပ်မှု ပြည့်ဝ အောင် ဖြည့်ဆည်းပေးနိုင်မှု မရှိသည် ကို အထင်အရှား ဖော်ပြနေသည့် သက်သေပြချက်ပင် ဖြစ်ကြောင်း အိမ်ခြံမြေ ကျွမ်းကျင်သူများက ပြော ဆိုသုံးသပ်ကြသည်။

”နေရာတကာ အစိုးရအားကိုး တာတော့ မဟုတ်ဘူး။ ဒါပေမယ့် ဒီလိုကိစ္စမှာ အစိုးရက တာဝန်ယူ စီစဉ်ပေးရင် အကောင်းဆုံးပေါ့” ဟု ရွှေလင်ပန်းတန်ဖိုးနည်း အိမ်ရာ လျှောက်လွှာတင်ထားသူတစ်ဦး ဖြစ် သည့် ကိုမြင့်အောင်က ပြောသည်။

”နိုင်ငံတကာမှာဆိုရင် နေမယ့်လူကဘဏ်မှာသွားလျှောက်ပြီး ဝယ်လို့ရတယ်။ ကြားက အစိုးရက တော့ သူ့ရဲ့ အလုပ်အကိုင်ပေါ် မူတည်ပြီး သူ့ကို ၁ဝ နှစ်ပေးမလား၊ နှစ် ၂ဝ ရောင်းမလားဆိုတာဆုံးဖြတ်ပြီးဘဏ်ကိုအာမခံပေးရတယ်။ ပြီးရင် အစိုးရမြေမှာ ဆောက်ထားတဲ့ အိမ်ရာမှာ တက်နေရုံဘဲ။ ငွေပေးချေ တဲ့ ကိစ္စတွေကို ဆောက်တဲ့ ကုမ္ပဏီ တွေနဲ့ ဘဏ်က သူ့အလုပ် သူလုပ် သွားတယ်။ အစိုးရကတော့အကျိုးအမြတ်မရှိဘဲ မြေပေးလိုက်ရတာ တော့ ရှိတယ်။

အမှန်တကယ် တန်ဖိုး မျှတအိမ်ရာစီမံကိန်းတွေ ပေါ်စေချင် ရင်တော့ အစိုးရရဲ့ စိုက်ထုတ်ကုန်ကျ မှုတွေ လုပ်ကို လုပ်မှရမယ်”ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဒေါက်တာညိုညိုသင်းက ပြောသည်။

Credit : Thetradetimesmedia

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။

Upcoming Property Events

From 24 May To 25 May

The Rich Villa

The Rich Villa
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service