စတော့ရှယ်ယာဈေးကွက်စတင်ပါက အိမ်ခြံမြေဈေးကျဆင်းနိုင် - Property News in Myanmar from iMyanmarHouse.com
1594 Views

စတော့ရှယ်ယာဈေးကွက်စတင်ပါက အိမ်ခြံမြေဈေးကျဆင်းနိုင်

မြန်မာနိုင်ငံတွင် စတော့ ရှယ်ယာဈေးကွက် ထူထောင် လိုက်ပါက အိမ်ခြံမြေဈေးနှုန်းများ ကျဆင်းလာနိုင်ကြောင်း ဘဏ္ဍာ ရေးဝန်ကြီးဌာနဒုဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြောသည်။

စတော့ရှယ်ယာဈေးကွက်စတင်ထူထောင်လိုက်သည့်အ တွက် အဓိကရရှိမည့် အကျိုးကျေး ဇူးသုံးခုမှာ ကုမ္ပဏီများသည်ငွေ ကြေးအရင်းအနှီးကို ရှယ်ယာ ရောင်းခြင်းဖြင့် အလွယ်တကူရရှိ နိုင်ခြင်း၊ သာမန်ပြည်သူများသည် သေးငယ်သော ငွေကြေးရင်းနှီး မြှုပ်နှံမှုပြုလုပ်နိုင်သည့် အခွင့်အရေးရှိခြင်းနှင့် ရှယ်ယာဝယ်ယူ ထားခြင်းဖြင့်ငွေကြေးစုဆောင်းရာတွင် ငွေကြေးဖောင်းပွမှုမှ ကာ ကွယ်နိုင်ခြင်းတို့ဖြစ်သည်။

‘‘စတော့ ထောင်လိုက်ရင်အိမ်ခြံမြေမှာရင်းနှီးမြှုပ်နှံတာတွေ လျော့သွားမယ်။ရင်းနှီးမြှုပ်နှံမှု တွေလျော့သွားရင် ဈေးနည်းနည်း ကျလာနိုင်တယ်။ စတော့ဈေး ကွက်စလိုက်တော့ ရင်းနှီးမြှုပ်နှံမှု ဈေးကွက် ပေါ်သွားတဲ့အတွက် အိမ်ခြံမြေမှာ မြှုပ်နှံတာတွေလျော့သွားနိုင်တယ်’’ဟု ဒေါက်တာ မောင်မောင်သိမ်းကပြောသည်။


ရန်ကုန်စတော့အိတ်ချိန်းကိုယခုနှစ်ကုန်ဖြစ်သော အောက်တိုဘာတွင် စတင်မည်ဆိုထားသည့်အတွက် စတော့ဈေး ကွက်၌ ရင်းနှီးမြှုပ်နှံသူများငွေကြေးရင်းနှီးရန် ကုမ္ပဏီများစွာ ရွေးချယ်နိုင်ခြင်းမရှိသေးသည့်အတွက် စတော့ဈေးကွက်ကြောင့် ယခုတစ်နှစ်လုံးတွင် အိမ်ခြံမြေဈေးကွက်ကိုသက်ရောက်မှုရှိလာမည်မဟုတ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များကပြောသည်။

စတော့ထူထောင်လိုက် သည့်အတွက် စီးပွားရေးလုပ်ငန်း များ ကြီးမားလာပြီး စီးပွားရေးတိုး တက်လာမည်ဖြစ်သကဲ့သို့ သာမန် ပြည်သူများမှာ ရင်းနှီးမြှုပ်နှံမှုအ ပြင် အလုပ်အကိုင်အခွင့်အလမ်း များရရှိနိုင်သည့်အပြင် ရင်းနှီးမြှုပ် နှံမှုရှာဖွေရန် လွယ်ကူ လာသည့်အတွက် စီးပွားရေးလုပ်ငန်းများ တိုး ချဲ့လာနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အကျိုးကျေးဇူးများအပြင် စတော့ဈေးကွက်ဖြစ်လာရန် စိန် ခေါ်မှုများစွာရှိနေသည်။စိန်ခေါ်မှုများတွင် ပြည်သူလူထုကို အသိပညာပေးလုပ်ငန်းများစွာ လုပ်ကိုင်ရမှုများခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုများအတွက် ဆုံးရှုံးနိုင်မှုအတွက် စိန်ခေါ်မှုများလည်းရှိနေသည်။

ရန်ကုန်စတော့ရှယ်ယာဈေး ကွက်ထူထောင်ရန်စတော့ဈေး ကွက်ကြီးကြပ်ရေးအဖွဲ့SECMကိုလည်းဖွဲ့ထားပြီးရုံးပိုင်းဆိုင်ရာအဖွဲ့များကိုလည်းဘဏ္ဍာရေးဝန်ကြီးဌာနမှဝန်ထမ်းများနှင့်စာရင်း စစ်ချုပ်ရုံးမှဝန်ထမ်းများအားသင်တန်းပေး၍ အမှတ်ကောင်းသူများ ကို ရွေးချယ်ထားကြောင်းသိရ သည်။

အဆိုပါ SECMအဖွဲ့အခြေ စိုက်ရုံးပြုလုပ်ရန် တင်ဒါများခေါ် ယူထားပြီးဖြစ်ရာ ပြုပြင်မှုများ လည်း ဆောင်ရွက်နေပြီဖြစ်ပြီး ရုံးခန်းဖွင့်လှစ်ဆောင်ရွက်တော့ မည်ဖြစ်သည်။ ယခင်မြ၀တီဘဏ်ပထမနှင့်ဒုတိယထပ်တွင်စတော့ဈေးကွက်ပြုလုပ်ရန် ပြုပြင်ပြီးကန်ထရိုက်ကိုရွေးချယ်ပြီးဖြစ်၍ ပြင်ဆင်ခြင်းကို ဇွန်လကုန်အပြီးလုပ်ဆောင်မည် ဖြစ်ကြောင်းသိရသည်။

Credit : 7Day Daily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service