အိမ်ခန်းအငှားဝယ်စနစ် အကောင်အထည်ဖော်ရန် စည်ပင်ဘတ်ဂျက်အခြေအနေအရ မဖြစ်နိုင်သေး - Property News in Myanmar from iMyanmarHouse.com
956 Views

အိမ်ခန်းအငှားဝယ်စနစ် အကောင်အထည်ဖော်ရန် စည်ပင်ဘတ်ဂျက်အခြေအနေအရ မဖြစ်နိုင်သေး

လစဉ် အိမ်လခ ပေးချေသည့် ပုံစံများဖြင့် နှစ်အပိုင်းအခြားတစ်ခု တွင် အိမ်ရာပိုင်ဆိုင်သွားမည့် အငှား ဝယ်စနစ်ဖြင့် ပြည်သူများ၏ အိမ်ရာ လိုအပ်ချက်ကို ဖြည့်ဆည်းပေး လိုသော်လည်း ဘတ်ဂျက်အခြေ အနေအရ လတ်တလောတွင် တန်ဖိုး မျှတ အိမ်ရာစီမံကိန်းများကိုသာ လုပ် ကိုင်နေရကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

အများပြည်သူ အိမ်ရာ လိုအပ် ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် ပြည်ထောင်စု အစိုးရက ရေးဆွဲနေသည့် National Housing Plan တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက် National Housing Plan များအရ နေထိုင်သူများက လစဉ် အိမ်လခပေးချေပြီး နှစ်အပိုင်း အခြားအလိုက် အိမ်ရာပိုင်ဆိုင်နိုင် သည့် အခွင့်အရေးကိုပါ ထည့်သွင်း ရေးဆွဲထားသော်လည်း ဘတ်ဂျက် အခြေအနေအရ လတ်တလော၌ တန်ဖိုးမျှတ အိမ်ရာစီမံကိန်းများကို သာ အကောင်အထည်ဖော်နိုင် သည့် အခြေအနေတွင် ရှိသည်ဟု ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောသည်။

”အခု လောလောဆယ် တတ် နိုင်တာကတော့ low cost project လေးတွေပဲ လုပ်ပြီး အများပြည်သူ ကို ရောင်းချပေးနိုင်တဲ့ အနေအထား ပဲရှိပါတယ်။ ဒီလိုအငှားဝယ်စနစ်နဲ့ ဆောက်မယ့် အိမ်ရာတွေအတွက်က ရေရှည်ရင်းနှီးမြှုပ်နှံဖို့ လိုတယ်။ YCDC ရော၊ မြို့ရွာနဲ့ အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာနတို့အပြင် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကလည်း နေတဲ့ သူတွေကို လစဉ်အိမ်ငှားခ ပေးသွင်း စေပြီး အခန်းတန်ဖိုးကျေရင် အပိုင် ပေးတဲ့စနစ်က အကောင်းဆုံးဖြစ်ပါ တယ်။ အိမ်ငှားခကိုလည်း အရစ်ကျ ပေးချေတဲ့ သဘောမျိုးနဲ့ ကျေရင် အပိုင်ရသွားတဲ့စနစ် လုပ်ဖို့ လိုတယ် ဆိုတာ ကျွန်တော်တို့ သဘောပေါက် သလို လက်ခံပါတယ်။ အခုလော လောဆယ်တော့ တတ်နိုင်တဲ့ ငွေ နဲ့ပဲ တန်ဖိုးမျှတ အိမ်ရာတွေကို လုပ်နိုင်သေးတယ်”ဟု ၎င်းကပြော သည်။

ရန်ကုန်မြို့တော် စည်ပင်သာ ယာရေး ကော်မတီအနေဖြင့် အစိုးရ အဖွဲ့၏ ငွေကြေးဖြင့် ရပ်တည်နေ ခြင်း မဟုတ်ဘဲ မြို့တော်နေပြည်သူ များထံမှ ကောက်ခံရရှိသည့် ငွေ ကြေးဖြင့်သာ ရပ်တည်နေသည့် အဖွဲ့ အစည်းတစ်ခု ဖြစ်သည့်အလျောက် ယင်းငွေများဖြင့် လမ်းများ ခင်းခြင်း၊ တံတားများ တည်ဆောက်ခြင်း စသည့် မြို့ပြဆိုင်ရာ လိုအပ်ချက်များ ကို ဖြည့်ဆည်းနေရကြောင်း၊ အငှား ဝယ်စနစ် အသုံးပြုလုပ်ဆောင် မည့် အိမ်ရာများကို အမြောက်အမြား တည်ဆောက်ရန်မှာမူ ငွေကြေး ကုန်ကျမှု မြောက်မြားစွာ ကျခံသုံးစွဲရ မည်ဖြစ်သည့်အတွက် ရန်ကုန်မြို့ တော် စည်ပင်သာယာရေး ကော်မတီ အနေဖြင့် ဘဏ္ဍာရေးပိုင်းဆိုင်ရာအရ အခက်အခဲများ ရှိနေကြောင်း သိရ သည်။ အငှားဝယ်စနစ်ဖြင့် အိမ်ရာများ ကို အမြောက်အမြား ဆောက်လုပ် နိုင်ခြင်း မရှိသေးသော်လည်း အစိုးရ ပိုင် မြေကွက်များပေါ်တွင် ပြင်ပ ဆောက်လုပ်ရေးကုမ္ပဏီများအား တင်ဒါစနစ်ဖြင့် ရွေးချယ် ဆောက် လုပ်စေပြီး ပြန်လည် ရောင်းချပေး သည့် တန်ဖိုးမျှတ အိမ်ရာစီမံကိန်း များကို ဆက်လက်၍ အကောင် အထည်ဖော် လုပ်ကိုင်နေသည့် အပြင် ထပ်မံ၍လည်း အိမ်ရာစီမံကိန်း များကို အသစ်ထပ်မံဖော်ထုတ်သွား မည်ဖြစ်ကြောင်း သိရသည်။

”ကျွန်တော်တို့က ကိုယ့်ပိုက်ဆံ နဲ့ ကိုယ်ရပ်တည်ရတဲ့အတွက် လမ်း တံတားတွေ၊ ရေပေးစနစ်တွေမှာ လည်း သုံးရတယ်။ အမှိုက်ကားတွေ ဈေးတွေမှာလည်း ပြင်ရတယ်။ Housing project ကိုလည်း တတ်နိုင်တဲ့ ငွေနဲ့ပဲ လုပ်ရတယ်” ဟု ၎င်းက ပြောသည်။

တန်ဖိုးမျှတ အိမ်ရာစီမံကိန်း အသစ်ဖြစ်လာမည့် ရွှေပြည်သာ တန်ဖိုးမျှတ အိမ်ရာစီမံကိန်းတွင် ရှစ်ခန်းတွဲ ခြောက်ထပ်တိုက် လေး လုံးကို အသစ်ထပ်မံ တည်ဆောက် မည်ဖြစ်ပြီး စည်ပင်သာယာရေး ကော်မတီအနေဖြင့် ဘဏ္ဍာငွေ ခိုင်မာ လာသည်နှင့်အမျှ ယင်းအခန်းများ တွင် နေထိုင်သူများကို အငှားဝယ် စနစ်များဖြင့် ချထားပေးနိုင်ရန် စီစဉ် ထားသော်လည်း ယင်းသို့ပြုလုပ်ရန် မှာ ဘဏ္ဍာငွေ ရရှိမှုအခြေအနေ အပေါ်၌ မူတည်ကြောင်း ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော် မတီထံမှ သိရသည်။

Credit: thetradetimes

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service