ခေတ်သစ်ကန်ထရိုက်တိုက်များနှင့် ဆောင်ရန်ရှောင်ရန် ဗဟုသုတများ - Property Knowledge in Myanmar from iMyanmarHouse.com
7906 Views

ခေတ်သစ်ကန်ထရိုက်တိုက်များနှင့် ဆောင်ရန်ရှောင်ရန် ဗဟုသုတများ

Knowledge | Posted by Si Thu Aung

လူဦးရေနေထိုင်မှု ပိုမိုသိပ်သည်းလာသောရန်ကုန်တိုင်းဒေသကြီးတွင် နေထိုင်ရန်အဆောက်အအုံလိုအပ်မှု၊ အလုပ်လုပ်ကိုင်ရန် အဆောက်အဦးလိုအပ်မှုမှာပို၍ပင်ကြီးမားလာခဲ့သည်။ထို့အပြင် အလုပ်အကိုင် အတွက်အာမခံချက်ရှိသောရန်ကုန်တိုင်းဒေသကြီးတွင်အခြားသောမြို့နယ်မှ အလုပ်သမားများမှာလည်းရန်ကုန်တိုင်းဒေသကြီးသို့ဝင်ရောက်အခြေချမှုများ ပြုလုပ်နေကြသည့်အတွက် လက်ရှိရန်ကုန်တိုင်းဒေသကြီးတွင်နေအိမ်၊ တိုက်ခန်း၊ အဆောက်အအုံတို့မှာရှိရင်းစွဲလူဦးရေနှင့် မလောက်ငမှုများပေါ်ပေါက်နေပေသည်။

လိုအပ်မှု မြင့်တက်လာသောနေအိမ်၊ တိုက်ခန်း၊ အဆောက်အအုံတို့အတွက် ယခုအခါတွင် ဆောက် လုပ်ရေးကုမ္မဏီတို့မှ ၎င်းဆောက်လက်စတိုက်ခန်းများကိုအရစ်ကျစနစ်ဖြစ်လည်းကောင်း၊ ဈေးနှုန်းသက် သာစွာဖြင့် လက်ငင်းငွေသားပေးချေမှုဖြင့်လည်းကောင်းရောင်းချပေးလျှက်ရှိပြီးအချို့သောကန်ထရိုက်များမှာမြေပိုင်ရှင်၊ ခြံပိုင်ရှင်တို့နှင့် ပူးပေါင်း၍ကန်ထရိုက်တိုက်များဆောက်လုပ်ရောင်းချပေးလျက်ရှိသည်။လူထုမှာလည်းမိမိတို့၏ငွေကြေးအင်အားနှင့်ကိုက်ညီသောအဆောက်အအုံ၊ တိုက်ခန်းတို့ကိုဝယ်ယူလျှက်ရှိကြသည်။ လက်ရှိရန်ကုန်တိုက်ခန်းအိမ်ရာဈေးကွက်တွင်အများဆုံရှိနေပြီး၊ ပြည်သူလူထုအများဆုံးဝယ်ယူနေသည်မှာကန်ထရိုက်တို့၏ဆောက်လက်စတိုက်ခန်းတို့ကိုကြိုတင်၍အရစ်ကျဝယ်ယူမှုပင်ဖြစ်ပါသည်။ထို့အတွက်တိုက် ခန်းဝယ်ယူလိုသောမိဘများအတွက်သိသင့်၊ သိထိုက်တာလေးများကို iMyanmarHouse.com အတွက် ရေးသားတင်ပြလိုက်ရပါသည်။

ရန်ကုန်မြို့၏အထပ်မြင့်အဆောက်အအုံစံနှုန်းသတ်မှတ်ချက်များ
လက်ရှိရန်ကုန်တိုင်းဒေသကြီး၏ အထပ်မြင့်အဆောက် အအုံသတ်မှတ်ချက်များတွင် လေးထပ်အထက်တိုက် များကိုအထပ် မြင့်အဆောက်အအုံဟုသတ်မှတ်ပြီးလေးထပ်အောက်တိုက်များကိုရိုးရိုးတိုက်နေအိမ်ဟုသတ်မှတ်ပေးထားသည်။ ထို့အတွက် လေးထပ်နှင့်အထပ်ရှိသော အထပ်မြင့်အဆောက်အအုံများ တည်ဆောက်ခြင်းကိုအကြီးတန်းလိုင်စင်ရအင်ဂျင်နီယာများကသာ ပြုလုပ်ဆောင်ရွက်ခွင့်ရှိပြီး၊ ရိုးရိုးလေးထပ် တိုက်များကိုအငယ်တန်းအင်ဂျင်နီယာများမှ တည်ဆောက်ခွင့်ရှိသည်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှအထပ်မြင့်အဆောက်အအုံတည်ဆောက်ခွင့် လျှောက်ထားမှုများကို ချထားပေးရာတွင်တည်ဆောက် မည့်အဆောက်အဦးနှင့် အင်ဂျင်နီယာများကိုစိစစ်ပြီးမှချထားပေးပြီး၊ လာရောက်လျှောက် ထားမှုတွင်အထပ် မြင့်အဆောက်အအုံကို တည်ဆောက်မည့်အင်ဂျင်နီယာမှာမည်သူဖြစ်ကြောင်းကိုတပါတည်းတင်ပြရသည်။ ကိုက်ညီမှုရှိမှသာအဆောက်အအုံတည်ဆောက်ခွင့်ကို မြို့တော်စည်ပင်မှတည်ဆောက်ခွင့်ပါမစ်ချထားပေးလေသည်။“ အဆောက်အဦး ဆောက်တော့မယ်ဆိုရင်တည်ဆောက်မယ့် အင်ဂျင်နီယာကအလွန်အရေးကြီးပါတယ်၊ သူတည်ဆောက်မယ့် အဆောက်အဦးအတွက် တာဝန်ယူမှုအပြည့်ရှိရမယ်။ ဆောက်လုပ်ခွင့်တွေ ကိုအကြီးတန်း/အငယ်တန်းအင်ဂျင်နီယာဆိုပြီးခွဲထားတယ်၊အငယ်တန်းအင်ဂျင်နီယာကအထက်မြင့်အဆောက် အအုံတည်ဆောက်ခွင့်မရှိဘူး၊ အကြီးတန်းအင်ဂျင်နီယာကအထပ်မြင့်ရောအထပ်နိမ့်ပါတည်ဆောက် ခွင့်ရှိတယ်”ဟုရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အဆောက် အအုံဌာနမှ တာဝန်ရှိသူတစ်ဦးကတည်ဆောက် ခွင့်ရအင်ဂျင်နီယာခွဲခြားထားမှုများကိုပြောကြားခဲ့သည်။

ကန်ထရိုက်တို့၏ လှိမ့်လုံးများ
သို့သော်အချို့သောကန်ထရိုက်များမှာမိမိတို့အမြတ်ကျန်စေရန်အတွက် ၎င်းတို့တည်ဆောက်မည့် အထက်မြင့်အဆောက်အအုံအတွက် အကြီးတန်းအင်ဂျင်နီယာကိုအသုံးပြုခြင်းမရှိဘဲစရိတ်သက်သာစေရန် အငယ်တန်းအင်ဂျင်နီယာများကိုသာအသုံးပြု၍တည်ဆောက်မှုများရှိ နေကြသည်။ ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီသို့တင်ပြသောစာရွက်စာတမ်းတွင် အကြီးတန်းအင်ဂျင်နီယာနာ မည်ပါရှိလာသော်လည်း လက်တွေ့တည်ဆောက်ရာတွင် အငယ်တန်းအင်ဂျင်နီယာများကိုသာအသုံးပြုကြသည်များရှိကြသည်။ “ကန်ထရိုက်တွေကအခုလက်ရှိမှာ(၈)ထပ်တိုက်တွေအများဆုံးဆောက်နေကြတယ်၊ ဒါပေမယ့်အများစုကအငယ်တန်းအင်ဂျင်နီယာတွေကိုသုံးကြတယ်၊ ဥပမာစည်ပင်ကိုဆောက်လုပ်ခွင့်တင်ရင် အကြီးတန်းအင်ဂျင် နီယာထောက်ခံချက်ပါမှရမှာလေဒီတော့နာမည်ရအကြီးတန်းအင်ဂျင်နီယာဆီကထောက်ခံချက်ဝယ်ပြီးတင် တာ၊တကယ်ဆောက်တော့ အငယ်တန်းအင်ဂျင်နီယာကဆောက်တာမျိုးပါ၊”ဟုဝါရင့်ကန်ထရိုက်တာတစ်ဦးမှ လက်ရှိကန်ထရိုက်တိုက်ဈေးကွက်ရှိနေပုံကိုပြောကြားခဲ့သည်။ “အငယ်တန်းအင်ဂျင်နီယာတစ်ဦးကအထပ် မြင့် အဆောက်အဦးကိုတည်ဆောက်ရင် တကယ်ကျွမ်းကျင်ရင်(၅)ထပ်၊(၆)ထပ်လောက်တော့သိပ်မသိသာပါဘူး၊ အဲဒါပေမယ့်(၈)ထပ်လောက်ဆောက်မယ်ဆိုရင်တော့ အန္တရာယ်ရှိနိုင်ပါတယ်၊ (၈)ထပ်ဆိုရင် အသုံးပြုရတဲ့ ratioတွေကလုံးဝကွာသွားပြီ၊ foundationတူးတဲ့အပိုင်းမှာတွက်ချက်မှုတွေကအကြီးတန်းအင်ဂျင်နီယာမှပဲတိကျလိမ့်မယ်၊ ဒါတောင် တချို့အကြီးတန်းအင်ဂျင်နီယာတွေကခိုတာတွေရှိသေးတယ်၊ အငယ်တန်းဆိုရင် အသုံးပြုရမယ့်ratioပါပျောက်သွားနိုင်တယ်”ဟု မြို့ပြအင်ဂျင်နီယာတစ်ဦးကသုံးသပ်ပြောကြားခဲ့သည်။ထို့အ ပြင်စီးပွားရေးသမားကန်ထရိုက်အချို့မှာမိမိတို့အတွက်အမြတ်များစွာကျန်ရှိစေရန်အတွက်အထပ်မြင့်အဆောက် အအုံဆောက်ရာတွင်အငယ်တန်းအင်ဂျင်နီယာကိုအသုံးပြုထားသော်လည်းအဆိုပါအငယ်တန်းအင်ဂျင်နီယာကိုပင် အချိန့်ပြည့်ကြပ်မတ်ခိုင်းခြင်းမရှိဘဲ၊ အချိန်ပိုင်းများသာခေါ်ယူအသုံးပြုနေမှုများရှိနေကြောင်းလည်းသိရသည်။လက်ရှိရန်ကုန်တိုင်းဒေသကြီးတွင် အကြီးတန်းအင်ဂျင်နီယာလိုင်စင်ရှိလူဦးရေမှာ (၁၉၁၈)ဦး နှင့် အငယ်တန်းအင်ဂျင်နီယာလိုင်စင်ရှိလူဦးရေမှာ(၉၂၀) ဦးရှိနေကြောင်းရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏စာရင်းများတွင်ဖော်ပြထားသည်။

ဝယ်ယူရန်မသင့်သောကန်ထရိုက်တိုက်များ
တည်ဆောက်နေသောအဆောက်အဦးတွင် လိုအပ်သည့်စံနှုန်းများ၊ သတ်မှတ်ထားသည့်စံနှုန်းများပြည့်မီမှုရှိ၊ မရှိကိုရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ စစ်ဆေးမှုများပြုလုပ်လျှက်ရှိပြီးစစ်ဆေးရာတွင် သတ်မှတ်စံနှုန်းများနှင့်ကိုက်ညီမှုရှိပါကတည်ဆောက်နေသည့်တိုက်၏အရှေ့ဘက်မျက်နှာစာတွင် အစိမ်းရောင်ဗီနိုင်းကိုကပ်ပေးထားပြီး၊ သတ်မှတ်စံချိန်၊ စံနှုန်းများနှင့် မကိုက်ညီသောဆောက်လက်စကန်ထရိုက် တိုက်များတွင် အနီရောင်ဗီနိုင်းအားတိုက်၏မျက်နှာစာတွင်ကပ်ပေးထားကြောင်းသိရသည်။ “ပြည်သူတွေ အရေအသွေးမပြည့်မီတဲ့အထပ်မြင့်အဆောက်အအုံတွေကိုမဝယ်သင့်ပါဘူး၊ ဘယ်လောက်ဈေးပေါပေါ အသက်အန္တရာယ်ရှိနိုင်ပါတယ်၊ အရည်အသွေးမပြည့်မီတဲ့ တိုက်တွေမဆောက်နိုင်အောင်လို့ ဆောက်လက်စတိုက်တွေကိုလိုက်လံစစ်ဆေးပေးနေပါတယ်၊ အရည်အသွေးမပြည့်မီတဲ့တိုက်ကိုအနီရောင်ဗီနိုင်းကပ်ထားပါတယ်၊ အနီရောင်ဗီနိုင်းကပ်ထားတဲ့ ဆောက်လက်စတိုက်တွေကိုကြိုပွိုင့်ပဲဖြစ်ဖြစ်၊ဘာပဲဖြစ်ဖြစ်မဝယ်ယူသင့်ပါ ဘူး၊ဆုံးရှုံးမှုများနိုင်တယ်” ဟုအထပ်မြင့်အဆောက်အအုံဌာနမှ တာဝန်ရှိသူတစ်ဦးကသုံးသပ်ပြောကြားခဲ့သည်။

ထို့အပြင် ယခင်ကဆောက်လုပ်နေသောကန်ထရိုက်တိုက်အချို့မှာဆောက်လုပ်ခွင့်ပါမစ်မကျသေးသော်လည်းဒဏ်ကြေးဆောင်၍ တည်ဆောက်မှုများရှိနေသည့်အတွက်စည်ပင်ကွင်းဆင်းစစ်ဆေးမှုမပြုနိုင်သည့်ကန်ထရိုက် တိုက်များလည်းရှိခဲ့သည်။တည်ဆောက်ခွင့်ပါမစ်ကျချိန်တွင် အဆောက်အဦးမှာပြီးစီးနေပြီဖြစ်၍ စစ်ဆေးမှုပျမ်း မျှသာပြုလုပ်ခဲ့ရသည်များရှိခဲ့သည့်အတွက် ယခုအခါဆောက်လုပ်ခွင့်ပါမစ်မကျခင်တည်ဆောက်ပါကဒဏ်ကြေးတိုးမြှင့်သတ်မှတ်လိုက်ခြင်းကြောင့် ဆောက်လက်စတိုက်များဖျက်သိမ်းသွားသည်မှာ (၁၇)လုံးမျှရှိပြီဖြစ်ကြောင်းသိရသည်။ထို့အပြင်သတ်မှတ်ချက်မပြည့်မီ၍ အရေးယူထားသည့်ကန်ထရိုက်တိုက်များမှာတိုက်(၁၈၉၀)လုံးအထိရှိခဲ့ကြောင်းသိရသည်။

ထို့အတွက် ကန်ထရိုက်တိုက်ဝယ်ယူမည့်သူများအနေဖြင့် အသေချာစိစစ်သင့်ပေသည်။ယခုရန်ကုန်မြို့ ၏တိုက်ခန်းဈေးနှုန်းများသိန်းရာကျော်ဖြစ်နေ၍မိမိဝယ်ယူသောတိုက်ခန်းအတွက်စိတ်ချမ်းသာမှုအပြည့်ရရှိ ရန်ဝယ်ယူစဉ်တွင် စုံစမ်းမေးမြန်းမှုများပြုလုပ်သင့်ပေသည်။ ထိုမှသာအရည်အသွေးမပြည့်မီသော၊ ပါမစ်မကျဘဲဆောက်လုပ်သောကန်ထရိုက်တိုက်များကိုဝယ်ယူခြင်းမှရှောင်ရှားနိုင်မည်ဖြစ်သည်။ထိုမှမဟုတ်လျှင် မိမိဝယ်ယူထားသောတိုက်မှာ ဖြိုချ၊ဖျက်သိမ်းစာရင်းတွင်ပါဝင်နေလိမ့်မည်။


(လမင်းအောင်) iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service