စက်မှုဇုန်မြေကွက် စီမံခန့်ခွဲမှုများကို စည်ပင်မှ လုပ်ဆောင်ပေးမည် - Property News in Myanmar from iMyanmarHouse.com
947 Views

စက်မှုဇုန်မြေကွက် စီမံခန့်ခွဲမှုများကို စည်ပင်မှ လုပ်ဆောင်ပေးမည်

စက်မှုဇုန်မြေကွက် အများအပြား၏ မြေစာရင်းများနှင့် စီမံခန့်ခွဲမှုများကို ယခုအခါ အိုးအိမ်ဦးစီးဌာနမှ လွှဲပြောင်းပေးလာသည့်အတွက်မြေကွက်ပိုင်ရှင်များအနေဖြင့် မြေစီမံခန့်ခွဲမှုကို လျှောက်ထားလာပါက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ လုပ်ထုံးလုပ်နည်းနှင့်အညီ လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

”အရင်စက်မှုဇုန် အားလုံးကိုမြို့ဦး (မြို့ရွာနဲ့ အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာန) က ကိုင်တယ်။ အခု စက်မှုဇုန် တော်တော်များများရဲ့ မြေစာရင်းတွေ၊ မြေပုံတွေကို စည်ပင်သာယာကို လွှဲပါပြီ။ စက်မှုဇုန်မှာ မြေကွက်ရထားတဲ့ သူက သူ့ရဲ့မြေကို စီမံခန့်ခွဲမှု လျှောက်လာရင် block map သူ့ကိုပေးထားလားဆိုတာ ကြည့်မယ့်အပြင်သူ့ရဲ့ ပိုင်ဆိုင်မှု အထောက်အထားတွေ၊ မြေစာရင်းတွေကို ကြည့်ပြီးကျွန်တော်တို့က လုပ်ဆောင်ပေးသွားမှာပါ”ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့ပြ စီမံခန့်ခွဲမှုနှင့် မြေစီမံခန့်ခွဲမှု ဌာနမှ ဌာနမှူးဦးသန်းလွင်ဦး က ပြောသည်။

စက်မှုဇုန်မြေကွက်များနှင့် အိမ်ရာ စီမံကိန်းများ၊ မြို့ကွက်သစ်များ၏မြေစီမံခန့်ခွဲမှုများကို ယခင်က မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှလုပ်ကိုင်ခဲ့သော်လည်း ယခုအခါရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ စာရွက်စာတမ်းများနှင့်စီမံခန့်ခွဲမှုများကို လွှဲပြောင်းပေးနေသော်လည်း အချို့သော စက်မှုဇုန်များ နှင့် အိမ်ရာစီမံကိန်းများမှာမူမြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာန၏ စီမံခန့်ခွဲမှုအောက်တွင် ကျန်ရှိနေဆဲဖြစ် သည်။

”ဒဂုံဆိပ်ကမ်းက ယုဇနအိမ်ရာနဲ့ စက်မှုဇုန် တချို့ကတော့ မြို့ရွာနဲ့အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာနရဲ့အစီအစဉ် နဲ့ ဆက်လက် ဆောင်ရွက်နေပါတယ်”ဟု ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းစက်မှုဇုန်ပေါင်း ၂၉ ဇုန်တွင် လုပ်ငန်းလုပ်ကိုင်ခြင်း မရှိသည့် မြေကွက် လွတ်ပေါင်း ၂,၃၃၉ ကွက်နှင့် ဂိုဒေါင်စုစုပေါင်း ၁,၂၉၉ လုံး ရှိနေကြောင်း၊ ယင်းမြေကွက်လွတ်များတွင် လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ၂ဝ၁၅ ခုနှစ်၊ ဖေဖော်ဝါရီလအထိ အကောင်အထည်ဖော်ခြင်းမရှိပါကလည်း မြေကွက်များအားပြန်လည်အပ်နှံရမည်ဖြစ်ကြောင်းရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ စက်မှုဇုန်များ စီမံခန့်ခွဲ ရေး ကော်မတီက ထုတ်ပြန်ထားသည့်အတွက်ယခုအခါ စက်မှုဇုန်များရှိ မြေကွက်လွတ်များပေါ်တွင် ခြံခတ်ခြင်း၊ စက်ရုံများဆောက်လုပ်ရန် ပြင်ဆင်ခြင်းတို့ ပြုလုပ်လာနေကြကြောင်းပြည်တွင်းစက်ရုံပိုင်ရှင်များနှင့် အိမ်ခြံမြေ အကျိုးဆောင်များထံမှ သိရသည်။

”စက်မှုဇုန်မြေတွေ အဝယ်ကတော့ သိသိသာသာ အေးလာတဲ့အပြင် ရောင်းမယ့် သူက များပြီးအဝယ် နည်းလာတယ်”ဟု အေးရိပ်စံ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ဒေါ်နီလာကျော်က လက်ရှိ စက်မှုဇုန် မြေကွက်များ၏ ဈေးကွက်အခြေအနေကို ပြောသည်။

Credit: thetradetimes

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service