ဂိုဒေါင် အဖြစ် အသုံးပြုသည့် မြေ ကွက်လပ်များ အမှန်တကယ် လုပ်ငန်း လုပ်ပါက စိစစ် ခွင့်ပြုမည် - Property News in Myanmar from iMyanmarHouse.com
1185 Views

ဂိုဒေါင် အဖြစ် အသုံးပြုသည့် မြေ ကွက်လပ်များ အမှန်တကယ် လုပ်ငန်း လုပ်ပါက စိစစ် ခွင့်ပြုမည်

စက်မှုဇုန်များ အတွင်းမှ မြေနေရာများ ၀ယ်ယူ ထားပြီး ဂိုဒေါင် အဖြစ် အသုံးပြုသည့် မြေကွက်လပ် များအား အမှန်တကယ် လုပ်ငန်း လုပ်ကိုင်မှု ရှိပါက သိမ်းယူမည့် စာရင်းမှ စိစစ် ခွင့်ပြုပေး သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ထံမှ သတင်း ရရှိသည်။ ထိုကဲ့သို့ ခွင့်ပြုမှုများ လုပ်ဆောင် နိုင်ရန် အတွက် စက်မှုဇုန် အလုပ် အမှုဆောင် အဖွဲ့များ အပါအ၀င် တိုင်းဒေသကြီး အစိုးရ အဖွဲ့ တာဝန် ရှိသူများက မြေပြင် စစ်ဆေးမှုများ လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

ကျွန်တော်တို့ အဓိက ထားပြီး စိစစ်တာ ကတော့ မြေနေရာတွေ ၀ယ်ထားတဲ့ ဂိုဒေါင်တွေရှိ ပါတယ် ဆိုပြီး အကြောင်းပြမှုတွေ ရှိတယ်။ ဒါကို ယခင် တုန်းက မလုပ်ခဲ့ဘူး ဆိုရင် အခု ကျွန်တော်တို့ ထံကို လျှောက်လွှာ တင်ပြီးမှ လုပ်ဆောင်မယ် ဆိုရင်လည်း ခွင့်ပြုသွား မှာပါ။ အမှန်တကယ် လုပ်ကိုင် လာစေဖို့ အတွက် တွန်းအားပေးတဲ့ အနေနဲ့ ဒီအစီအစဉ်ကို လုပ်တာပါ ဟု တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးကျော်စိုး က ပြောသည်။

လက်ရှိ အခြေအနေတွင် ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ စက်မှုဇုန် (၂၉) ခုအနက် လုပ်ငန်း လုပ်ကိုင်ခြင်း မရှိသည့်မြေလွတ် ဧရိယာ (၄၀၀၀) ကျော် ရှိနေပြီး အဆိုပါ အနက်မှ လုပ်ငန်းသုံး ဂိုဒေါင် အဖြစ် အသုံးပြုမှု ဂိုဒေါင်ပေါင်း (၂၀၀၀)ကျော် ရှိရာ အစိုးရ အဖွဲ့သို့ လာရောက် လျှောက် ထားမှု (၁၄၀၀) ခန့်သာ ရှိသေးကြောင်း ၎င်းက ဆက်လက် ပြောသည်။

ကျွန်တော်တို့ အနေနဲ့က အစိုးရ အဖွဲ့ကို တင်ပြတဲ့ နေရာမှာ လုပ်ငန်း လုပ်ကိုင်ခြင်း ရှိမရှိ ဆိုတာကို လုပ်ငန်းရှင်က ကိုယ်တိုင် လုပ်သည် ဖြစ်စေ၊ ငှားစားတာပဲ ဖြစ်စေ ခွင့်ပြုပေးဖို့ လိုတယ်လို့ ဆိုထား ပါတယ်။ အဲဒီ နှစ်မျိုးလုံးနဲ့ ကင်းလွတ်တယ် ဆိုရင်တော့ အစိုးရ အဖွဲ့ရဲ့ ဆုံးဖြတ်ချက် အတိုင်းပဲ ဟု လှိုင်သာယာ စက်မှုဇုန် ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ပြောသည်။တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ စက်မှုဇုန်များ အတွက် မြေကွက် ၀ယ်ယူ ထားပြီး အမှန်တကယ် လုပ်ငန်း လုပ်ကိုင်ခြင်း မရှိသည့် မြေ ကွက်လပ်များ၊ ဂိုဒေါင် အလွတ် များအား နိုင်ငံပိုင် ပြန်လည် သိမ်းဆည်း သွားမည် ဖြစ် ကြောင်း ဒီဇင်ဘာလ ဆန်းပိုင်းက ကြေညာချက် ထုတ်ပြန် ခဲ့သည်။

Credit: messenger

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment
Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service