ကျမ်းကျိန်လွှာ - Property Knowledge in Myanmar from iMyanmarHouse.com
3890 Views

ကျမ်းကျိန်လွှာ

Knowledge | Posted by Aye Myat Thu

“အိမ်ခြံမြေ ဆရာကြည်စိုး ရောက်လာပြီလား ၊ ထိုင်ကွ” လို. သင်တန်းသားဆရာဝန် ဒေါက်တာကျော်ထိုက်ဦး နှတ်ခွန်းဆက်လိုက်ပါသည်။ သူလက်ထဲမှာ ဖတ်လက်စ ကြေးမုံသတင်းစာကိုတော့ မချပါ။တစ်ခုခု သိချင်နေပုံ ရပါသည်။

ကျွန်တော်က “သူငယ်ချင်း ဆရာဝန် …..ဘာထူးလို.လဲကွ” လို.မေးလိုက်တော့… “ထူးလှတယ်လို.တော့ မဟုတ်ပါဘူးကွာ ၊ တစ်ခု သတိထားမိတာက မြို.တော်စည်ပင်က ‘ကန်.ကွက်နိုင်ကြောင်း’ ကြော်ငြာတွေပဲကွ၊ အားလုံးသော ကြော်ငြာတွေက တို.လေ့လာနေတဲ့ အိမ်ခြံမြေကိစ္စနဲ. ဆိုင်တယ်၊ ပြီးတော့ တူညီတာ တစ်ခုလည်း တွေ.နေရတယ်၊ အဲဒါ ကြော်ငြာတိုင်းမှာ ပါတဲ့ “ကျမ်းကျိန်လွှာ” တွေပဲ သူငယ်ချင်း။

“ဂရန်ပျောက်ဆုံးကြောင်း ကျမ်းကျိန်လွှာ၊ မြေးတော်စပ်ကြောင်း ကျမ်းကျိန်လွှာ၊ သမီးတော်စပ်ကြောင်း ကျမ်းကျိန်လွှာ၊ တစ်ဦးတည်းသောဇနီး တော်စပ်ကြောင်း ကျမ်းကျိန်လွှာ၊ ခင်ပွန်းတော်စပ်ကြောင်း ကျမ်းကျိန်လွှား၊ ပါမစ် ပျောက်ဆုံးကြောင်း ကျမ်းကျိန်လွှာ၊ မူရင်းဂရန် ပျက်စီးကြောင်း ကျမ်းကျိန်လွှာ၊ ပါဝါပေးသူ သက်ရှိထင်ရှား ရှိကြောင်း ကျမ်းကျိန်လွှာတဲ့။” “စုံလှချည်လား သူငယ်ချင်းရဲ. ၊ ပြီးတော့ သူတို.အားလုံးက မြေကွက် မြေပုံ ရဖို.၊ ဂရန်အသစ် ပြန်ရဖို.၊ အမွေဆက်ခံခွင့် အတွက် မြေပုံ မြေရာဇဝင် ရဖို. လျှောက်ထားကြတာ၊ မြို.တော်စည်ပင်ကလည်း တစ်ခုချင်းကို ကန်.ကွက်ရန် ရှိမရှိ သတင်းစာမှာ ထည့်ပေးရတယ်ကွ ၊ မင်းတို.အိမ်ခြံမြေလုပ်ငန်းက ရှုပ်တော့ ရှုပ်သားပါလားကွ ၊ ဒီတော့ ဒီလိုမျိုး ကျမ်းကျိန်လွှာအကြောင်း မသိသေး၊မကျွမ်းသေးရင် ‘မြေဝယ်ရောင်း’ လုပ်လို. မရနိုင်သေးဘူး ဆိုတဲ့ သဘောလား၊ ဆရာကြည်စိုး ရယ် …ရှင်းစမ်းပါဦး”

“မှန်တယ် ၊ သူငယ်ချင်း ပြောတာမှန်တယ် ၊ ကျမ်းကျိန်တဲ့ ကိစ္စတွေက နေရာတိုင်းမှာ ရှိနေတာမို. အိမ်ခြံမြေ ဝယ်ရောင်းလို အရေးကြီးတဲ့ လုပ်ငန်း လုပ်ကိုင်မယ့် သူတွေက ပိုလို.နားလည်သင့်တယ်၊ ကောင်းကောင်း နားလည်သင့်တယ်ပေါ့ သူငယ်ချင်း ၊ ဒါဆို ခုမနက်တော့ ကျမ်းကျိန်ခြင်း အကြောင်းကို ငါအသေအချာ ရှင်းပြပါ့မယ် သူငယ်ချင်း” မှတ်ရတာ လွယ်အောင် အပိုဒ်ခွဲပြီး ပြောသွားပါ့မယ်၊

• ကျမ်းကျိန်လွှာတွေဟာ ဥပဒေ အရတော့ သက်သေခံ မဝင်ဘူး၊ ဒါပေမဲ့ တန်ဖိုးအလွန်ကြီးတယ်၊ သူမပါရင်မဖြစ်သလောက်ပါပဲ၊

• အမှန်တရားတွေ၊ မှန်တာတွေကို ကျမ်းကျိန်လိုက်ရင် အရမ်းအားသာမှုရှိလာတယ် (ဥပမာ - နိုင်ငံသားမှတ်ပုံတင် ပျောက်တဲ့ကိစ္စကို ပါစပ်နဲ. ပျောက်တယ် ၊ ပျောက်တယ်လို. ပြေနေမယ့်အစား ကျမ်းကျိန်ထားလိုက်ရင် ပြောရ ဆိုရတာ အားသာလာတာပေါ့။)

• ကျမ်းကျိန်လို. ရတယ် ဆိုပြီး မမှန်မကန် ကျမ်းကျိန်ကြရင် ရတော့ရတယ် ၊ အလိမ်ပေါ်တဲ့အခါမှာ ကိုယ်လမ်ညာမိတဲ့အပြစ် အလိုက်ဒဏ်ခံရတော့မယ်၊ အပြစ်ဒဏ်က ထောင်ခုနှစ်နှစ်အထိတဲ့ ၊အနည်းဘူးနော်၊ ပြစ်မှုပုပ်မ ၁၉၃ တဲ.၊ မှတ်ထားသင့်ပါတယ်။

“ငါ ကြုံခဲ့ဖူးတာ ဥပမာတစ်ခု ပြောမယ် သူငယ်ချင်း ၊ တောင်ဥက္ကလာ (၃) ရပ်ကွက် က တို.သူငယ်ချင်း ဦးခင်မောင်မြင့် သေခဲ့တုန်းက သူ.ဇနီးက အမွေထိန်းသိမ်းခွင့် (ဆက်ခံခွင့်) သွားလျှောက်တဲ့အခါမှာ တရားရုံးက ကျမ်းကျိန်ခိုင်းပါတယ်၊ ဇနီး ဖြစ်သူက ကျမ်းကျိန်ပါ့မယ်လို. လုပ်တဲ့အခါ တရားရုံး တာဝန်ရှိသူက အရွယ်ရောက်ပြီး သားသမီး နှစ်ဦး ရှိနေလို. သူတို.ကိုပါ ကျမ်းကျိန်ရမယ်တဲ့။”

“အရွယ်ရောက်ပြီးသား သားသမီးနှစ်ယောက်က သူတို.အဖေ ဦးခင်အောင်မြင့် ပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို သူတို.အမေ ဆက်ခံရယူမှာကို ကန်.ကွက်ရန် မရှိပါဘူး၊ ကျေနပ်ပါတယ်လို. ကျမ်းကျိန်ကြရပါတယ်၊ သားသမီးတွေမှာ သြရသ အခွင့်အရေးဆိုတာ ရှိနေလို. ကျမ်းကျိန်ကြရတာလေ၊ သူတို.ကန်.ကွက်မယ် ဆိုလည်း ရနိုင်တယ် သူငယ်ချင်းရဲ.။”

“အဲဒီလို သားသမီးတွေကလည်း ကျမ်းကျိန် ၊ အမေကလည်း ကျမ်းကျိန်နဲ. အမွေထိန်းခွင့် ရတော့မယ် လို.မျှော်လင့်နေတုန်း ဦးခင်မောင်မြင့် မှာ ဘာညာကွိကွ ရှိနေလို.တဲ.ကွာ၊ သူ.အငယ် ကောင်းမလေးကို တရားဝင်ယူထားတာတဲ့၊ ပေါ်ပါလေရော၊ တရားရုံးက အဲဒီကိစ္စကို သိရှိကြောင်းထပ်ကျမ်းကျိန်ခိုင်းပြန်တယ်”

“ဒီတော့ ရသွားလားကြည်စိုးရဲ.”

“မပြီးသေးပါဘူးကွာ ၊ အဲဒီ စမောလ် ကောင်းမလေးကို တရားဝင်လက်ထက်စာချုပ်နဲ.အတူ ဆင့်ဆိုပြီး ဇနီးကြီး ဖြစ်သူက အမွေထိန်းတောင်းတာကို ကန်.ကွက်ရန် ရှိသလားလို. မေးတယ်၊ တော်သေးတာပေါ့၊ မကန်.ကွက်ရှာဘူး ၊သူတို.ချင်းက ညှိထားကြပြီးသားလေ ၊ အဲဒါနဲ.အငယ်မက မယားကြီး ဦးစီးပြီး အမွေဆက်ခံမှာကို ကျေနပ်ပါတယ်လို. ကျမ်းကျိန်လိုက်ရသေးတယ်၊ အဲဒီအခါကျမှ ဦးခင်အောင်မြင့်ရဲ. မယားကြီးက သူ.ခင်ပွန်းရဲ. အမွေဖြစ်တဲ. မြေကွက်နဲ.တိုက်ကို ဆက်ခံခွင့် ရသွားတယ်၊ အဲဒီတော့မှ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ တရားဝင် စာချုပ်စာတမ်းနဲ. အမည်ပြောင်းလို.ရသွားတာပေါ့ ၊ကဲ…သူငယ်ချင်းဆရာဝန် ၊ မင်းတော့ ဒီလို အရှုပ်မျိုးတော့ မလုပ်လောက်ပါဘူးနော်”

“ဟေ့ကောင်ကြည်စိုး … ကြားသွားမယ်” လို.ပြန်ဖြေပြီး ရယ်နေတယ်။ ဒီလို ဖြေတာက မရှိပါဘူးလို.ပြောတာလား၊ မသိမသာ ဝန်ခံတာလားတော့ မသိဘူး။ ကျွန်တော့်အလုပ်က ဆက်သင်ဖို.ပါပဲ။

“အဲဒီလို မိဘတွေ ဆုံးပါးကြလို. အမွေကိစ္စ ကျမ်းကျိန်ကြတဲ့အခါမှာ ဘုန်းကြီးဝတ်ထားတဲ့ သား (အမွေဆိုင်) က ဝင်ပြီး ကျမ်းကျိန်လို.မရဘူး၊ အမွေကို စွန်.လွှတ်ရတယ်၊ ဒါမျိုးငါကောင်းကောင်း ကြုံဖူးတယ်၊ အဲဒီလို ကျမ်းကျိန်လွှာတွေ အမျိုးမျိုးကို ဘယ်သူကမှ အပျင်းပြေ၊ ပျော်လို.ရွှင်လို. ကျမ်းကျိန်ကြတာ မဟုတ်ဘူးကွ၊ အမွေလိုချင်လို.၊ မြေကွက်နဲ.တိုက်ကို လိုချင်လို. ကျမ်းကျိန်ကြတာ၊ တရားရုံးမှာဘဲ ကျမ်းကျိန်ပြီးလို. ပြီးသွားပြီလို.တော့ မထင်လိုက်ပါနဲ.ဦး။”

“ငါ့အိမ်ခြံမြေ သင်းတန်းမှာ သင်တဲ့ စားသားက ‘အမွေကိစ္စကျိန်ကျိန်၊ ဘာကိစ္စပဲကျိန်ကျိန် မှတ်ပုံတင်ရန် အချိန်ကာလ လေးလမျှသာ ရှိပါသည်တဲ.’ ၊ တရားရုံးမှာ ပြုလုပ်ထားတဲ့ ကျမ်းကျိန်လွှာ တစ်စောင်ကို လေးလအတွင်း စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ မှတ်ပုံမတင်ခဲ့ဘူးဆိုရင် ပျက်ပြယ်သွားတယ်ကွ၊ တစ်ခါတစ်ခါ အဲဒီလို Date ကုန်နေတဲ့ကျမ်းကျိန်လွှာနဲ.လည်း မြေအရောင်းအဝယ်မှာ ပေါ်လာတတ်တယ်ကွနော်၊ သတိထားကြရမယ်”

“ဒီတော့ မှတ်ပုံတင်ထားတဲ့ကျမ်းကျိန်လွှာ တစ်စောင်ရဲ. သက်တမ်းကိုမေးလာရင် လိမ်ညာပြီး ကျမ်းကျိန်ပါတယ် ဆိုတဲ့ ပြသာနာသာပေါ်မလာနဲ.၊ ကျမ်းကျိန်လွှာတစ်စောင်ရဲ. သက်တမ်းဟာ အကန်.အသတ်မရှိပါဘူး ၊ ဥပမာ-ဦးဖြူ ဆိုသူက အမွေကိစ္စအတွက် မောင်နှအရင်းသုံးဦးသာ ရှိကြောင်းနဲ. ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်ကြောင်း ကျမ်းကျိန်ထားရင် မှန်တာ ကျိန်ဆိုထားတဲ့ ဒီကျမ်းကျိန်လွှာမျိုးရဲ. သက်တမ်းက အရှည်ကြီးပေါ့ကွာ၊ ဦးဖြူ သေတဲ့အထိပေါ့။”

“နောက်တစ်မျိုးလည်း မှတ်ပါဦးကွာ ၊ သူငယ်ချင်းရဲ.တူတော်မောင် ကိုသန်းစောလို စင်ကာပူမှာ အလုပ်သွားလုပ်နေတဲ့သူမျိုးက ကျမ်းကျိန်ချင်ရင် စင်ကာပူမှာ ရှိတဲ့ မြန်မာသံရုံးက သံအမတ်ကြီး ဒါမှမဟုတ် သံရုံးတာဝန်ခံရှေ.မှာ ကျမ်းကျိန်လို.ရတယ်၊ ဒါကိုမြန်မာပြည်က တရားရုံးတွေက လက်ခံပါတယ်၊ သံရုံး မရှိတဲ့ နိုင်ငံမှာ အလုပ်လုပ်နေတယ်ဆိုတဲ့ လူတွေကတော့ မြန်မာပြည် ပြန်လာခိုက်မှာပဲ ကျမ်းကျိန်ကြဖို. အခွင့်အရေး ရှိပါတယ် သူငယ်ချင်း၊ ဒါတွေကလည်း အိမ်ခြံမြေ ပိုင်ဆိုင်မှု ကိစ္စတွေမှာ အရေးကြီးလှပါတယ် သူငယ်ချင်း”

“ကြည်စိုးရေ …နေရာတကာမှာ လူလိမ်ဆိုတာ ရှိတတ်တာမို.လိမ်လည် ကျမ်းကျိန်ကြတဲ့ လူတွေက ဘယ်လိုလုပ်ပြီး ပြစ်ဒဏ်တွေနဲ. ကြုံကြရမှလဲကွ”

“အေး…ငါပြောပါ့မယ်ကွာ ၊ ဥပမာ-အမွေကိစ္စအတွက် အမွေဆိုင်တဲ့ မောင်နှမ တစ်ယောက်ယောက် လိမ်လည် ကျမ်းကျိန်တယ် ဆိုပါတော့၊ ဒါဆိုရင် ကျန်တဲ့မောင်နှမတွေက နစ်နာကြပြီးပေါ့ ၊ ဒီကိစ္စမျိုးမှာ ‘နစ်နာသူ မောင်နှမများ’ ကတရားလို လုပ်ပြီးတရားစွဲဆိုလို.ရတယ်၊ အတိုဆိုတော့ ‘နစ်နာသူက တရားလိုလုပ်နိုင်’ ပေါ့ကွာ ၊ ပြီးတော့ ရဲအရေးပိုင်တဲ့ အမှုကိစ္စတွေမှာ ကျမ်းကျိန်ပြီး အမှုက လွတ်အောင် လုပ်ကြတာမျိုးလည်း ရှိတတ်တယ်၊ အတိုပဲ မှတ်တော့ကွာ၊ ‘ရဲအရေးပိုင်မှု၊ ရဲက တရားလို’ ပေါ့။

“အချို.လိမ်ညာ ကျမ်းကျိန်ကြတာတွေမှာ နစ်နာသူလည်း မရှိကြဘူး၊ ရဲအရေးပိုင်တဲ့ အမှုတွေလည်း မဟုတ်ကြဘူးဆိုရင် အဲဒီလိုကိစ္စမျိုးတွေကို နိုင်ငံတော်က တရားလိုလုပ်ပြီး တရားစွဲဆိုခံကြရမှာပါကွာ၊ ဥပမာ-မှတ်ပုံတင်နဲ. မြေဂရန် မူရင်းများ ပျောက်ဆုံးသွားတယ်လို. လိမ်ညာ ကျမ်းကျိန်ပြီး ဂရန်အသစ်ထပ်မံထုတ်ယူဖို. ကြိုးစားတာမျိုးတွေလည်း ရှိတတ်ပါတယ်၊ ဘယ်သူမှတော့ မနစ်နာပါဘူး ၊ ဒါပေမဲ့ လိမ်ညာ ကျမ်းကျိန်ပြီး ဂရန်အသစ်ထပ်မံထုတ်ယူဖို. ကြိုးစားတာမျိုတွေလည်းရှိတတ်ပါတယ်၊ ဘယ်သူမှတော့ မနစ်နာပါဘူး ၊ ဒါပေမဲ့ လိမ်ညာကျမ်းကျိန်ပြီး မကောင်းမှုကို ပြုကြမှာမျိုးတွေပေါ့ ၊ ဒီလိုကိစ္စမျိုးတွေကျတော့ နိုင်ငံတော်က တရားလို လုပ်ပြီး တရားစွဲဆိုမှာပါ၊ နိုင်ငံတော်ဆိုတာကလည်း များသောအားဖြင့် ရဲနဲ.တရားရုံးကပါပဲ သူငယ်ချင်း။”

“ကဲ… သူငယ်ချင်း မြေဝယ်ရောင်း လောင်းအလျာကြီးရေ ၊ မြေပိုင်ဆိုင်မှုနဲ. ပါဝင်ပတ်သက်တဲ့ ကျမ်းကျိန်တဲ့အကြောင်းတွေ မင်းဘယ်လောက် သိသွားပြီးလဲတော့ ငါမသိဘူး ၊ ငါတော့ တော်တော်လေး ဗိုက်ဆာလာပြီကွာ ၊ တကယ်ဆာတာပါ ၊ ကျိန်ပြောရဦးမှာလားကွာ”

Credit: ကြည်စိုး (IC)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service