ဒုတိယ စီးပွားရေးမြို့တော် အဖြစ် မင်းဓမ္မစီမံကိန်း အကောင်အထည်ဖော်ရန် ခက်ခဲနေ - Property News in Myanmar from iMyanmarHouse.com
1932 Views

ဒုတိယ စီးပွားရေးမြို့တော် အဖြစ် မင်းဓမ္မစီမံကိန်း အကောင်အထည်ဖော်ရန် ခက်ခဲနေ

ရန်ကုန်မြို့၏ ဒုတိယ စီးပွားရေးမြို့တော်အဖြစ် အကောင်အထည်ဖော်ဆောင်မည့် မင်းဓမ္မစီမံကိန်းတွင် စည်ပင်ပိုင်မြေ အနည်းငယ်သာ ပါဝင်နေပြီး ကာကွယ်ရေးဝန်ကြီးဌာနနှင့် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက အများစု ပိုင်ဆိုင်ထားသဖြင့် အကောင်အထည်ဖော်ဆောင်ရန် အခက်အခဲများ ရှိနေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ အကြံပေး မြို့ပြစီမံကိန်းပညာရှင် ဒေါက်တာကျော်လတ်က ပြောကြားသည်။

ရန်ကုန်မြို့တော်၏ လက်ရှိမြို့လယ် စီးပွားရေး ဗဟိုဌာနဖြစ်သည့် ဆူးလေအနီးတစ်ဝိုက်မှာ ယာဉ်သွားလာမှု၊ လူနေထိုင်မှုများ သိပ်သည်းကျပ်တည်းလာခြင်းကြောင့် တိုးပွားလာမည့် လူဦးရေအတွက် ဒုတိယမြို့လယ် စီးပွားရေးဗဟိုဌာန မြို့တော် ခွဲထုတ်ရန် မဖြစ်မနေ လိုအပ်လာသည့်အတွက် မြောက်ပိုင်းခရိုင် မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မစီမံကိန်းကို အကောင်အထည်ဖော်သွားရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း ဒေါက်တာကျော်လတ်က ပြောကြားသည်။

အဆိုပါ မင်းဓမ္မစီမံကိန်းမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် နီးကပ်နေခြင်းကြောင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံများ များပြားစွာ ဆောက်လုပ်နိုင်ပြီး ဒုတိယစီးပွားရေး မြို့တော်အဖြစ် အသက်ဝင်လာပါက လက်ရှိကြုံတွေ့နေရသည့် ယာဉ်ကြောပိတ်ဆို့မှု ပြဿနာကို တစ်ဖက်တစ်လမ်းမှ လျှော့ချနိုင်မည်ဖြစ်ကြောင်း ဒေါက်တာကျော်လတ်က ဆိုသည်။

ဒုတိယ စီးပွားရေးမြို့တော် မင်းဓမ္မစီမံကိန်းကို မြေအကျယ်အ၀န်းဧက ၄၀၀ ကျော်ပေါ်တွင် တည်ဆောက်သွားရန် စီစဉ်ထားပြီး ကနဦး အနေဖြင့် မြေဧက ၅၀ ကျော်ပေါ်တွင် ငါးနှစ်အတွင်း အကောင်အထည် ဖော်ဆောင်သွားရန် စီစဉ်ထားကာ ဟိုတယ်၊ ရှော့ပင်းမောလ်များ၊ အဆင့်မြင့် လူနေအဆောက်အအုံများ ပါဝင်မည်ဖြစ်သည်။

အဆိုပါနေရာတွင် ၀င်ထွက်သည့်လမ်းများအား ကောင်းမွန်အောင် ပြုလုပ်သွားမည်ဖြစ်ပြီး သီးသန့်ကားလမ်းကြောင်းများလည်း ပြေးဆွဲစေမည် ဖြစ်သည်။
အဆိုပါ စီမံကိန်းအတွက် ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များကို တင်ဒါခေါ်ယူ လုပ်ကိုင်စေမည်ဖြစ်သော်လည်း စီးပွားရေးမြို့တော်အဖြစ် အကောင်အထည် ဖော်ဆောင်ရန်မှာ စည်ပင်ပိုင်မြေ နည်းပါးနေသည့်အတွက် စီမံကိန်း အကောင်အထည်ဖော်ဆောင်နိုင်ရန် နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

“ရန်ကုန်မြို့ရဲ့ စီးပွားရေးမြို့တော် ဆူးလေအနီးတစ်ဝိုက် တစ်နေရာတည်းမှာ မထားဘဲ ဖြန့်လိုက်ရန် အဆင်ပြေသွားမယ်။ အခု မင်းဓမ္မလမ်းနားမှာ တစ်ခုလုပ်ဖို့ ရှိတယ်။ သို့သော် အခက်အခဲတွေက စည်ပင်ပိုင်မြေက ဧက ၄၀ လောက်ပဲ ရှိတယ်။ ကျန်တဲ့ဟာတွေက ကာကွယ်ရေးဝန်ကြီးဌာနကလည်း ဧက ၂၀၀ လောက်ပိုင်တယ်။ ဆည်မြောင်းကလည်း ပိုင်တယ်။ ဒါတွေကို တစ်ပူးတစ်ပေါင်းတည်း ဆောင်ရွက်လို့ကလည်း မရဘူး။ သူတို့ကလည်း သူတို့ဟာသူတို့ လုပ်ဖို့ရှိတယ်။ ဆိုတော့ အခက်အခဲလေးတွေ ရှိတယ်” ဟု ဒေါက်တာကျော်လတ်က ဆိုသည်။

Credit: eleven media group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service