ဆင်ခြေဖုံး ရပ်ကွက်များတွင် မြေကွက်များ ဈေးလျှော့ရောင်းလာ - Property News in Myanmar from iMyanmarHouse.com
6251 Views

ဆင်ခြေဖုံး ရပ်ကွက်များတွင် မြေကွက်များ ဈေးလျှော့ရောင်းလာ

ရန်ကုန်မြို့စွန်၏ ဆင် ခြေဖုံးရပ်ကွက်များတွင် မြေကွက် ဝယ်လိုအားသိသိသာသာနည်း ပါးလာသဖြင့် ဈေးလျှော့ရောင်း နေရကြောင်း အိမ်ခြံမြေအကျိုး ဆောင်များကပြောသည်။

‘‘မြေကွက်တော်တော်များ များအရောင်းအဝယ်မဖြစ်တာ လနဲ့ချီနေပြီ။ တချို့ကတော့ ကြာ လေဈေးကျလေဖြစ်မှာစိုးလို့ စော စော ထုတ်ရောင်းနေတယ်’’ ဟု မြောက်ဥက္ကလာပ မလိမင်းအိမ် ခြံမြေအကျိုးဆောင် ကိုဆိုင်းမိုင်ဘရိုင်ကပြောသည်။

အထူးသဖြင့် မြောက်ဥက္ကလာပ၊ မြောက်ဒဂုံ၊ ထောက်ကြန့်၊ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ ထန်းတပင်မြို့နယ်များရှိ မြို့စွန်မြေကွက်အချို့တွင် အရောင်းအဝယ် အေးနေသောကြောင့် အများစုမှာ ငွေပေါ်စေရန်ရသည့် ဈေးဖြင့်ထုတ်ရောင်းနေကြသည်ဟုဆိုသည်။

မြန်မာနိုင်ငံ၏ အိမ်ခြံမြေ ဈေးကွက်သို့ အဓိကဝင်ရောက် အရောင်းအဝယ်လုပ်နေသောတရုတ်လူမျိုးအများစုသည် တရုတ်နိုင်ငံတွင် လာဘ်ပေးလာဘ်ယူတိုက်ဖျက်ရေးကို ဦးစားပေးလုပ်ဆောင်လာသဖြင့် အိမ်ခြံမြေဈေးကွက်သို့ ဝင်ရောက်ရင်းနှီးမြှုပ်နှံရန် ခက်ခဲလာကြောင်း Lucky Joint အကျိုးဆောင်ကုမ္ပ ဏီမှ ဦးသန်းစိုးကပြောသည်။

စက်တင်ဘာ၌ ဖျက်သိမ်းခဲ့သည့် ရန်ကုန်မြို့သစ် စီမံကိန်း ဂယက်ကြောင့်လည်းမြို့စွန်များရှိ သိန်းသောင်းချီတန်မြေကွက်များအရောင်းအဝယ် မရှိသလောက် နည်းပါးသွားကြောင်းစိုင်းခွန်နောင် အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီ မှ ဦးစိုင်းခွန်နောင်ကပြောသည်။

‘‘ပြီးခဲ့တဲ့အပတ်က ဂျပန်က ကားဆားဗစ်စင်တာ အကြီးကြီး တစ်ခုဖွင့်ဖို့ မြို့စွန်ဘက်မှာ မြေ လာရှာတယ်။ ဈေးကြီးတော့ ပဲခူး ဘက်ကိုရောက်သွားတယ်’’ ဟု ဦးစိုင်းခွန်နောင်ကပြောသည်။

သိန်းရာကျော်တန်မြေကွက် အချို့ ဈေးအနည်းငယ်ကျပြီး အရောင်းအဝယ်ဖြစ်သော်လည်း သိန်းထောင်ချီတန်မြေကွက်များ မှာ ဈေးလျှော့ရောင်းမှု မရှိဘဲ တင်းခံနေကြောင်း ပြည်တွင်း အိမ်ခြံမြေဈေးကွက်မှ သိရသည်။

Credit: 7 day daily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service