ထားဝယ်အထူးစီးပွားရေးဇုန် ပထမအဆင့် မြေလေးစတုရန်းမိုင်တွင် စတင်မည် - Property News in Myanmar from iMyanmarHouse.com
952 Views

ထားဝယ်အထူးစီးပွားရေးဇုန် ပထမအဆင့် မြေလေးစတုရန်းမိုင်တွင် စတင်မည်

ထားဝယ်အထူးစီးပွား ရေးဇုန် ကနဦးစီမံကိန်း၏ ဧရိယာ မှာ ၄၅ စတုရန်းမိုင် ရှိသော်လည်း တစ်ဆင့်ချင်းစီ အကောင်အ ထည်ဖော်သွားမည်ဖြစ်ပြီး ပထမ ဆုံးခွင့်ပြုမည့် ဧရိယာ ၄ မိုင်ကျော် ပတ်လည်ရှိကြောင်း ထားဝယ်အ ထူး စီးပွားရေးဇုန် တည်ဆောက် ရေး အထူးလုပ်ငန်းအဖွဲ့မှ သ တင်းရရှိသည်။

‘‘ဇုန်အေကို ပထမဆုံးစဖြစ် မှာပါ။ အဲဒါပြီးမှ တစ်ခုချင်းစီ အ ကောင်အထည်ဖော်မှာပါ။ အ ကုန်လုံးစပြီး အကောင်အထည် ဖော်မှာမဟုတ်ပါဘူး’’ ဟု အဆိုပါ လုပ်ငန်းအဖွဲ့မှ အကြီးတန်းတာ ၀န်ရှိသူတစ်ဦးက ပြောသည်။

ကနဦးစီမံကိန်းအကောင် အထည်ဖော်မည့်နေရာမှာ ပုဂေါ် ဇွန်းကျေးရွာမြောက်ဘက်နှင့် ရလိုင်ကျေးရွာအနောက်ဘက် တွင်ရှိသော ဥယျာဉ်ခြံမြေများဖြစ် ပြီး အဆိုပါမြေများကို ဇုန်အေ၊ ဘီ၊ စီ၊ ဒီ သတ်မှတ်၍ အဆင့် လိုက်အကောင်အထည်ဖော်သွားမည်ဟု အထက်ပါပုဂ္ဂိုလ်က ပြော သည်။

တစ်နှစ်ကျော် ရပ်နားခဲ့ သော ထားဝယ်အထူးစီးပွားရေး ဇုန်ကို ပြန်လည်စတင်ရန် ဒီဇင် ဘာ ဒုတိယပတ်တွင် ဒုသမ္မတ ဦးဉာဏ်ထွန်းနှင့် ၀န်ကြီးများအဖွဲ့ သည် ထားဝယ်အထူးစီးပွားရေး ဇုန်အကောင်အထည်ဖော်မည့် နေရာသို့လာရောက်ကြည့်ရှုခဲ့ကြ သည်ဟု သတင်းရရှိသည်။

‘‘ဒုတိယသမ္မတကတော့ လာကြည့်သွားတာပဲ။ ရွာသား တွေနဲ့တော့ မတွေ့သွားဘူး။ ရပ် ကျေးဥက္ကဋ္ဌတွေပဲ သွားတယ်။ လိုက်သွားတဲ့သူတွေကလည်း အင်္ဂလိပ်လိုပြောတော့ နားမလည် ဘူးလို့ ပြောတယ်။ ဒုသမ္မတလာ ကြည့်တဲ့နေရာတွေက လျော် ကြေးတစ်ပြားမှ မရသေးတဲ့နေရာ တွေ’’ ဟု ရလိုင်ကျေးရွာသား ဦး လေးလွင်က ပြောသည်။

တစ်နှစ်ကျော်ကြာ ရပ်နား ထားသော အဆိုပါစီမံကိန်းတွင် လျော်ကြေးပေးရမည့် သိမ်းဆည်း ပြီး မြေယာမြောက်မြားစွာရှိပြီး လျော်ကြေးပေးချေရေးနှင့် ပတ် သက်၍ ထားဝယ်အထူးစီးပွားရေး ဇုန်ရှိရာ ကျေးရွာဒေသခံများကို သက်ဆိုင်ရာ အာဏာပိုင်များက နိုဝင်ဘာ ၁၉ ရက်၌ လာရောက် တွေ့ဆုံမေးမြန်းခဲ့သည်မှလွဲ၍ ယနေ့အချိန်ထိ လာရောက်တွေ့ ဆုံခဲ့ခြင်းမရှိဟု ကျေးရွာသားများ က ပြောသည်။

မူလရင်းနှီးတည်ဆောက်သူဖြစ်သော အီတာလျံ-ထိုင်း ကုမ္ပဏီထွက်ခဲ့ပြီးနောက် စီမံကိန်းကို ရပ်နားထားသည်မှာ တစ်နှစ်နီးပါးရှိပြီဖြစ်၍ စီမံကိန်းမရပ်နားမီ ရင်းနှီးမြှုပ်နှံငွေကြေး လိုအပ်ချက်ကြောင့် လျော်ကြေးကိစ္စများ မပြီးပြတ်ဘဲ ရှိနေသေးသည်။

စီမံကိန်းရပ်ဆိုင်းပြီးမှ ထိုင်းအစိုးရ သစ်လက်ထက်တွင် အကောင်အထည်ဖော်ရန် ဆုံးဖြတ်ခဲ့သော အဆိုပါစီမံကိန်း၏ကနဦးစီမံကိန်းကို ရင်းနှီးတည်ဆောက်သူအဖြစ်မှ နုတ်ထွက်ခဲ့သော အီတာလျံ-ထိုင်းကုမ္ပဏီကအကောင်အထည်ဖော်မည်ဖြစ်ပြီး စီမံကိန်းတွင် နှစ်လမ်းသွားကားလမ်း၊ ဆိပ်ကမ်းငယ်၊ စက်မှုဇုန်ငယ်၊ လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းနှင့် မြို့ပြစီမံကိန်း၊ ရေပေးဝေရေးနှင့် ဆက်သွယ်ရေးလုပ်ငန်းများပါဝင်မည်ဖြစ်သည်။

မြန်မာ-ထိုင်း နှစ်နိုင်ငံ အစိုး ရက ထားဝယ်အထူးစီးပွားရေး ဇုန်တွင် ဂျပန်နိုင်ငံကို ရင်းနှီးမြှုပ်နှံ ရန် ဖိတ်ခေါ်ခဲ့သော်လည်း ဂျပန် နိုင်ငံက ရင်းနှီးမြှုပ်နှံမှု မပြုလုပ်မီ သုတေသနလုပ်ငန်းသုံးခု လုပ် ဆောင်ရန် အမေရိကန် ဒေါ်လာ ခုနစ်သိန်းသာ ထောက်ပံ့ခဲ့သည် ဟု သတင်းရရှိသည်။

အဆိုပါ သုတေသနလုပ်ငန်း သုံးခုတွင် ယခု စက်မှုလုပ်ငန်း စီမံကိန်းသည် မဲခေါင်၊ အိန္ဒိယ စီးပွားရေးစင်္ကြံလမ်း တောင်ဘက် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အ ကူပြုမှုရှိ၊ မရှိ ထားဝယ်ဖွံ့ဖြိုးတိုး တက်ရေး နည်းပညာပိုင်းတွင် ဂျပန်၏ မည်သည့်လုပ်ငန်းများ ရင်းနှီးမြှုပ်နှံမည်နည်းနှင့် ထား ၀ယ်အထူးစီးပွားရေးဇုန်တွင် အ စိုးရနှင့် ပုဂ္ဂလိက မည်သည့်နည်း လမ်းဖြင့် ပူးပေါင်းဆောင်ရွက် မည်စသည့် သုတေသနသုံးခုကို ယခုနှစ် အောက်တိုဘာတွင် စ တင်ပြုလုပ်နေပြီဖြစ်သည်။

Credit: 7 day daily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service