အလွန်ကြီးမားသော ပေကျင်းလေဆိပ်သစ်ကြီး စတင်တည်ဆောက် - Property News in Myanmar from iMyanmarHouse.com
689 Views

အလွန်ကြီးမားသော ပေကျင်းလေဆိပ်သစ်ကြီး စတင်တည်ဆောက်

တရုတ်နိုင်ငံသို့ အ၀င်အထွက် ခရီးသွားလာမှုများ အလွန်များပြားလာသောကြောင့် တရုတ်နိုင်ငံသည် လက်ရှိလေဆိပ်ကို တိုးချဲ့ရန် လိုအပ်လာရာ အလွန်ကြီးမားသည့် နိုင်ငံတကာ လေဆိပ်သစ်ကို ပေကျင်းမြို့၌ ဒီဇင်ဘာ ၂၆ ရက်တွင် စတင်တည်ဆောက်လျက်ရှိကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာများက ဖော်ပြသည်။

လက်ရှိ ပေကျင်း နိုင်ငံတကာလေဆိပ်သည် ကမ္ဘာပေါ်တွင် ဒုတိယမြောက် ခရီးသွားလာမှုအများဆုံး လေဆိပ် ဖြစ်သော်လည်း ကြန့်ကြာမှုအများဆုံး လေဆိပ်ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် အစီရင်ခံစာ တစ်ရပ်အရ သိရသည်။ ပေကျင်းလေဆိပ်တွင် ရာခိုင်နှုန်း ၂၀ ထက် ပို၍နည်းသော လေကြောင်းခရီးစဉ်များသာ စီစဉ်ထားသည့်အတိုင်း အမှန်တကယ် ထွက်ခွာနိုင်သည်ဟု ဆိုသည်။

လေ့လာချက်များအရ ပေကျင်းမှထွက်ခွာသည့် လေကြောင်းခရီးစဉ်များ၏ ၄၂ ရာခိုင်နှုန်းခန့်သည် ၄၅ မိနစ် သို့မဟုတ် ယင်းထက်ပိုကြာပြီးမှ ထွက်ခွာနိုင်ကြောင်း သိရသည်။ ယခုလက်ရှိ လေဆိပ်သည် အကန့်အသတ်များ ရှိနေသောကြောင့် နေ့စဉ်ပိုမိုလိုအပ်သော လေကြောင်းခရီးစဉ်ပေါင်း ၃၀၀ နှင့် ခရီးသည်ပေါင်း ၁၀ သန်းခန့်ကို ကိုင်တွယ်နိုင်ခြင်းမရှိဟု သက်ဆိုင်ရာအာဏာပိုင်များက ပြောကြားခဲ့သည်။

ယခု လေဆိပ်အသစ်သည် ပေကျင်းမြို့တောင်ပိုင်းတွင်ရှိပြီး ၂၀၂၅ ခုနှစ်သို့အရောက်တွင် နှစ်စဉ် ခရီးသည်ပေါင်း ၇၂ သန်းကို ကိုင်တွယ်နိုင်ရန်အတွက် ဒီဇိုင်းရေးဆွဲထားကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။ လေဆိပ်တည်ဆောက်မှု လုပ်ငန်းသည် ယွမ်ငွေ ဘီလျံ ၈၀ (အမေရိကန်ဒေါ်လာ ၁၃ ဘီလျံ) ကုန်ကျလိမ့်မည်ဟု ခန့်မှန်းထားပြီး ငါးနှစ်အတွင်း အပြီးတည်ဆောက်မည်ဟု ဆိုသည်။ အဆိုပါ လေဆိပ်သည် နှစ်စဉ် လေကြောင်းခရီးစဉ်ပေါင်း ၆၂၀,၀၀၀ ကို ကိုင်တွယ်နိုင်လိမ့်မည်ဟု ဆိုသည်။

ဂျက်လေယာဉ် ထုတ်လုပ်ရေး ကုမ္ပဏီဖြစ်သော Air Bus က ၂၀၂၃ ခုနှစ်တွင် ခရီးသည် အရေအတွက်အရ ကမ္ဘာ့အကြီးဆုံး ပြည်တွင်းလေကြောင်း ခရီးစဉ်ဈေးကွက်အဖြစ် တရုတ်သည် အမေရိကန်ကို ကျော်လွန်သွားလိမ့်မည်ဖြစ်ကြောင်း ယခုလအတွင်း ပြောကြားခဲ့သည်။ ပေကျင်းတွင် မြို့တောင်ပိုင်း၌ ပိုမိုသေးငယ်သော အခြားခရီးသည် ပို့ဆောင်ရေး လေဆိပ်တစ်ခုလည်း ရှိသေးပြီး တရုတ်၏ ထိပ်တန်းစီးပွားရေးစီမံချက် အေဂျင်စီဖြစ်သော NDRC က ယခုလေဆိပ်သစ် စီမံကိန်းကို ယခုလအတွင်း အတည်ပြုခဲ့ခြင်း ဖြစ်သည်။

Credit: eleven media group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service