ကွန်ဒိုမီနီယံဥပဒေ လာမည့်နှစ် အပြီးသတ် အတည်ပြုနိုင်မည်မှန်း - Property News in Myanmar from iMyanmarHouse.com
892 Views

ကွန်ဒိုမီနီယံဥပဒေ လာမည့်နှစ် အပြီးသတ် အတည်ပြုနိုင်မည်မှန်း

ဆောက်လုပ်ရေးဝန်ကြီးဌာနက ရေးဆွဲခဲ့သည့် ကွန်ဒိုမီနီယံ ဥပဒေမူကြမ်းသည် ယခုအခါတွင်ပြည်သူ့လွှတ်တော်သို့ တင်ပြထားခဲ့ပြီး ယင်းလွှတ်တော်မှတစ်ဆင့် အမျိုးသား လွှတ်တော်သို့ထပ်မံတင်ပြကာ ဥပဒေ၊ နည်း ဥပဒေများကို အပြီးသတ်အတည်ပြုနိုင်ရန် ဇန်န၀ါရီလတွင်ကျင်းပသွားမည့် လွှတ်တော်အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်သို့ ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောသည်။

"ပြည်သူ့လွှတ်တော်က အတည်ပြုပြီးရင် အမျိုးသားလွှတ်တော်ကိုပို့ပါတယ်။ ဒီတစ်ခေါက် လွှတ်တော်အစည်းအဝေးက ပြီးသွား ပြီဖြစ်တဲ့အတွက် ကွန်ဒိုမီနီယံ ဥပဒေက နောက်လာမယ့် အစည်းအဝေးမှပဲ ဆွေးနွေး နိုင်တော့မယ်။ လာမယ့်အစည်းအဝေးမှာ ပြည်ထောင်စုလွှတ်တော်ကို တင်ပြပြီး အတည်ပြုနိုင်မယ်" ဟု ၎င်းက ပြောသည်။

သို့သော် ကွန်ဒိုမီနီယံဥပဒေမူကြမ်းတွင် အားနည်းချက်များရှိနေသည့်အတွက် ပြန်လည် ပြင်ဆင်ရေးဆွဲမှုတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် လွှတ်တော်နှစ်ရပ်၏ ပြင်ဆင်အတည်ပြုချက်များမှာ ကွဲလွဲမှုများရှိခဲ့သည့်အတွက် ပြည်ထောင်စုလွှတ်တော် တွင်သာ ဆုံးဖြတ်နိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

"လွှတ်တော်နှစ်ရပ်ရဲ့ ဒီဥပဒေမူကြမ်းကို ပြင်ဆင်တာ အတည်ပြုတာ မတူတဲ့အတွက် ပြည်ထောင်စုလွှတ်တော်မှာ ဆုံးဖြတ်ရမယ်။ သူတို့ဆုံးဖြတ်ချက်နဲ့ ကိုယ့်ဆုံးဖြတ်ချက်က မတူတော့ လွှတ်တော်နှစ်ရပ်ပေါင်းပြီး ရှင်းရ မယ်" ဟု ဦးဖုန်းမြင့်အောင်က ပြောသည်။ သို့သော် ပြည်သူ့လွှတ်တော်သို့တင်ပြချိန်တွင် ကွန်ဒိုမီနီယံ ဥပဒေမူကြမ်း၌ အားနည်းချက်များ ရှိခဲ့ခြင်းကြောင့် ပြင်ဆင်ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းဦးက ပြောသည်။

"သူ့ဥပဒေရဲ့ ရည်ရွယ်ချက်နဲ့ မကိုက်ညီတဲ့ အချက်တွေပါလာလို့ ပြင်ဆင်ရတဲ့အချက် တွေ တော်တော်များများ ရှိခဲ့ပါတယ်။ ပြင်ဆင် အတည်ပြုပြီးတော့ အမျိုးသား လွှတ်တော်ကို တင်ပြခဲ့တာပါ"ဟု ၎င်းကပြောသည်။

အမျိုးသားလွှတ်တော်က ကွန်ဒိုမီနီယံဥပဒေမူကြမ်းတွင်ပါဝင်သည့် လိုက်နာရမည့်အချက်များ၌ ကွန်ဒိုတည်ဆောက်ရာတွင် နေထိုင်မည့်သူများ၏ မြေယာအားစု ပေါင်းပိုင်ဆိုင်မှုနှင့် အခန်းပိုင်ဆိုင်မှု ခိုင်မာခြင်း များအတွက် အဓိကထား ရေးဆွဲသင့်ကြောင်း ဦးဖုန်းမြင့်အောင်က ပြောသည်။

"ကွန်ဒိုတည်ဆောက်ထားတဲ့ မြေကြီးကို စုပေါင်းပိုင်ဆိုင်တာကို ကွန်ဒိုမီနီယံလို့ ခေါ်တာ၊ လူတွေက ကွန်ဒိုဆိုရင် အထပ်မြင့် ရမယ်လို့ ထင်နေတာ၊ အထပ်က ပြဿနာမဟုတ်ဘူး။ အရေးကြီးတာကစုပေါင်း ပိုင်ဆိုင်မှုစနစ်ကို ဥပဒေအဖြစ် အကောင်အထည်ဖော်စေချင်တာ။ နောက်ပြီး အခန်း ပိုင်ရှင်တွေ မြေကြီးကိုစုပေါင်း ပိုင်ဆိုင်တဲ့အတွက် အခန်းပိုင်ဆိုင်မှု ပိုခိုင်မာမယ်။ ပြင်ဆင်တာတွေ ပြုပြင်တာတွေ လုပ်တဲ့အခါ လွယ်ကူမယ်" ဟု ၎င်းက ပြောသည်။

လက်ရှိ ကွန်ဒိုမီနီယံဥပဒေမူကြမ်းအတွက် လွှတ်တော်နှစ်ရပ်က အတည်ပြုချက်များ ကွဲလွဲနေသည့်အပေါ် ပြည်ထောင်စုလွှတ်တော်၏ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းရမည်ဖြစ်သော် လည်းဥပဒေမူကြမ်းပြီးစီး၍ နည်းဥပဒေများ ထွက်ပေါ်လာပါက သက်ဆိုင်ရာ တိုင်းဒေသ ကြီးအစိုးရများက ဆက်လက်ကိုင်တွယ်သွား မည်ဖြစ်သည့်အတွက် နိုင်ငံတော်၏ကိုင်တွယ် မှုပိုင်းမှာလည်းအရေးကြီးကြောင်း အထပ်မြင့် အဆောက်အအုံစီမံကိန်း အရည်အသွေး ထိန်းချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းမြင့်က မြန်မာတိုင်း(မ်)ကိုပြောသည်။

"ကွန်ဒိုတိုက်ခန်းတစ်ခုက ပိုင်ဆိုင်မှုပိုင်း ရော၊ ထိန်းသိမ်းမှုပိုင်းရော အခြေခံအားဖြင့် အရေးကြီးသလို နိုင်ငံတော်ပိုင်းကလဲ အရေး ကြီးတယ်။ ရန်ကုန်မှာဆိုရင် ရန်ကုန်မြို့တော် စည်ပင်သာယာရှိတယ်။ အိုးအိမ်၊ ပြည်သူ့ ဆောက်လုပ်ရေးရှိတယ်။ အဲဒါကြောင့် အစိုးရ ဌာနပိုင်းဆိုင်ရာတွေနဲ့မြေယာဥပဒေတွေဘက်ကလဲ သင့်တင့်တဲ့ စည်းကမ်းတွေ ဥပဒေ တွေ ဆက်ပြီးထုတ်ဖို့လိုတယ်။ဥပဒေပြီးသွား ရင် သက်ဆိုင်ရာအစိုးရတွေက ကိုင်တွယ်မှာဖြစ်တဲ့အတွက် အဲဒီဘက်က မပြတ်သားရင် ကွန်ဒိုမီနီယံဥပဒေထွက်ဖို့ကလည်း မဖြောင့် ဖြူးနိုင်ဘူး" ဟု ၎င်းကပြောသည်။

ကွန်ဒိုမီနီယံဥပဒေသည် လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်၍ အကောင်အထည်ဖော်ရန် ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ကြိုးစားခဲ့သော်လည်း လွယ်ကူစွာ မပြီးမြောက် ခဲ့ပဲ ပြီးခဲ့သည့် ၂၀၁၃ခုနှစ်မှသာ ဥပဒေကြမ်း ကို ရေးဆွဲနိုင်ခဲ့ခြင်းဖြစ်ပြီး ယင်းဥပဒေသည် မြန်မာနိုင်ငံအတွက် လိုအပ်သည့်ဥပဒေ တစ်ခုဖြစ်ကြောင်း ဦးသန်းမြင့်က ပြောသည်။

"ကွန်ဒိုမီနီယံဥပဒေက တိုင်းပြည်အတွက် အရမ်းအရေးကြီးပါတယ်။ ဒီဥပဒေရှိလာခဲ့ရင် ဆောက်လုပ်ရေး လုပ်ငန်းတွေ ပိုမိုဖွံ့ဖြိုး တိုးတက်လာမယ်" ဟု ၎င်းကပြောသည်။ သို့သော် လက်ရှိမြန်မာနိုင်ငံတွင် ကွန်ဒို အဆောက်အအုံထက် တိုက်ခန်းအဆောက် အအုံများသာ ပိုမိုများပြားသောကြောင့် တိုက်ခန်း လွှဲပြောင်းရယူခြင်း ဥပဒေကို ဦးစွာ အကောင်အထည်ဖော်သင့်ကြောင်းတော်ဝင် မိသားစုဆောက်လုပ်ရေးကုမ္ပဏီ ဥက္ကဋ္ဌ ဦးကို ကိုထွေးက ပြောသည်။ ၏

"ကွန်ဒိုမီနီယံ ဥပဒေထက် တိုက်ခန်း လွှဲပြောင်းယူခြင်းဥပဒေကို ပိုရေးဆွဲသင့်တယ်။ ဒီမှာကတိုက်ခန်းတွေကအများကြီးရှိပြီး ဒီတိုက်ခန်းမှာနေတဲ့သူတွေရဲ့ ပိုင်ဆိုင်မှု ခိုင်ခိုင်မာမာရှိဖို့ကလိုအပ်ပါတယ်။ ပိုင်ဆိုင်မှု ခိုင်မာသွားပြီဆိုရင် တိုက်ခန်းကို တရားဝင် လွှဲပြောင်းရောင်းချနိုင်မယ်။ဝယ်ယူနိုင်မယ်။ အဲဒီအချိန်ကျရင်လည်း နိုင်ငံတော်က အခွန်ရ မယ်။ ဒါကြောင့် တိုက်ခန်းလွှဲပြောင်းရယူခြင်း ဥပဒေကလည်း လက်ရှိအခြေအနေနဲ့ ပိုပြီးလိုအပ်နေပါတယ်" ဟု ၎င်းက ပြောသည်။

Credit: mmtimes

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 02 Aug To 03 Aug

Inno City Special Sales Event

ERC Luxury Condo
Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service