အိမ်ခြံမြေဈေးကွက်တွင် အရောင်းအေးပြီး အငှားဈေးကွက် ပိုသွက်နေ - Property News in Myanmar from iMyanmarHouse.com
1355 Views

အိမ်ခြံမြေဈေးကွက်တွင် အရောင်းအေးပြီး အငှားဈေးကွက် ပိုသွက်နေ

ရန်ကုန်မြို့၏ အိမ်ခြံမြေဈေးကွက် အနေအထားသည် ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း အမြင့်ဈေး အတက်ဈေးများဖြင့် အရောင်းအဝယ် ပြုလုပ်နေကြရာမှ ၂ဝ၁၄ နှစ်ကုန်ပိုင်းခန့်တွင် အိမ်ခြံမြေ အရောင်းအဝယ် တန့်သွားသည့် အနေအထား ရှိလာကြောင်း အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းများထံမှ ရရှိသော သတင်းများအရ သိရသည်။

ယင်းကဲ့သို့ အိမ်ခြံမြေ အရောင်းအဝယ် အေးသွားသော်လည်း အိမ်ဝယ်ယူရန် လက်လှမ်းမမီနိုင်သည့် ငွေကြေးမတတ်နိုင်သူ အများအပြား ရှိနေသည့်အတွက် ရန်ကုန်မြို့၏ အိမ်အငှားဈေးကွက်မှာမူ သွက်လျက်ရှိနေသည်ဟု သိရသည်။

“မြန်မာနိုင်ငံမှာ အိမ်ခြံမြေဈေးနှုန်းတွေ ပြီးခဲ့တဲ့ နှစ်ပိုင်းအတွင်းက တော်တော်လေး တက်ခဲ့ပေမယ့် အခုတော့ ငြိမ်သွားပြီ။ ဒါပေမဲ့ ကြီးမားတဲ့ ဈေးကွက်တွေတော့ ကျွန်တော် မသိဘူး။ ကျွန်တော်တို့ကတော့ ၃ဝဝ၊ ၄ဝဝ၊ ၅ဝဝ လောက်နဲ့ အရောင်းအဝယ်ဖြစ်တဲ့ ဈေးကွက်တွေ လေ့လာကြည့်တဲ့အခါ အေးသွားတာ တွေ့ရတယ်။ ဒီလောက်ကြီးတော့ မဟုတ်ဘူး။ အရောင်းအဝယ်တော့ ဖြစ်နေသေးတယ်” ဟု မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှု အသင်းဝင် counselling အိမ်ခြံမြေ အထွေထွေရောင်းဝယ်ရေးနှင့် ဥပဒေအကြံပေးဖြစ်သူ ဦးအောင်တင်က ပြောကြားသည်။

အလားတူ ၂ဝ၁၄ ခုနှစ်အတွင်း အိမ်ခြံမြေဈေးကွက်မှာ တည်ငြိမ်သည်ဟု ဆိုနိုင်သော်လည်း အခွန်နှုန်းထားသစ်များ ထုတ်ပြန်မှုကြောင့် ဈေးကွက်အနည်းငယ် အေးစက်ခဲ့ကြောင်း၊ သို့သော်လည်း ဒီဇင်ဘာ အစောပိုင်း ကာလများတွင် အိမ်ခြံမြေ အရောင်းအဝယ် အနည်းငယ် သွက်လာကြောင်းလည်း အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းများထံမှ သိရသည်။

“အဝယ်ထက်စာရင် အငှားကို ပိုကြည့်ကြတယ်။ တိုက်ခန်း၊ ကွန်ဒို၊ ရုံးခန်းအငှားတွေ ပိုဖြစ်ပါတယ်။ နိုင်ငံခြားသားတွေလည်း ရုံးခန်းအငှား ရှိပါတယ်။ အငှားဈေးကွက် ကောင်းတယ်လို့ပဲ ဆိုရမှာပါ” ဟု အာရှမြေ အိမ်ခြံမြေဝန်ဆောင်မှု လုပ်ငန်းမှ ကိုစိုင်းလီက ဆိုသည်။

ဒဂုံ၊ မင်္ဂလာတောင်ညွန့်မြို့နယ် နှစ်နေရာတွင် ငှားရမ်းနေထိုင်မှု ပိုမိုများပြားနေပြီး အငှားဈေး အနေဖြင့် တိုက်ခန်းတစ်ခန်းလျှင် ကျပ်နှစ်သိန်းမှ ငါးသိန်းဝန်းကျင်၊ လုံးချင်း ကျပ်သိန်း ၄ဝ မှ ၁ဝဝ ကြား၊ ကွန်ဒို ကျပ် ၁၅ သိန်းဝန်းကျင်အထိ ဖြစ်နေကြောင်း သိရသည်။

တောင်ဥက္ကလာ မြို့နယ်အတွင်း ငှားရမ်းနေထိုင်သူ တစ်ဦးဖြစ်သည့် မစိုးစိုးဝင်းက “အစ်မငှားနေတဲ့ ဆယ်ပေလုံးချင်း အိမ်လေးကို တစ်လနှစ်သိန်း ပေးရတယ်။ မနှစ်ကငှားတဲ့ ဈေးပေါ့။ ဆက်နေမယ်ဆိုရင် ဈေးထက်တက်မယ်တဲ့။ ဒီဆယ်ပေအိမ်လေးကို အစ်မတို့ အနေနဲ့လည်း ဈေးထပ်ပိုပေးပြီး မနေနိုင်တော့ဘူး။ အခုက ဝေးရင်ဝေးပါစေ သာကေတ၊ သန်လျင်တို့ တောင်ဒဂုံတို့မှာပဲ နည်းနည်းလေး ပိုကျယ်မယ့်နေရာကို ပြောင်းနေတော့မယ်။ အခုနောက်ပိုင်း အိမ်ငှားတွေ တော်တော်များများက နှစ်ရှည်မငှားပေးချင်ဘူး။ အများဆုံး တစ်နှစ်လောက်ပဲ စာချုပ်ပေးချုပ်တယ်။ ဈေးကစားချင်တဲ့ သဘောတွေ ပါမှာပေါ့” ဟု ၎င်းကဆိုခဲ့သည်။

ထို့အပြင် တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ သန်လျင်၊ မှော်ဘီ၊ အင်းစိန်၊ ၇ မိုင်၊ ၈ မိုင် အစရှိသည့် မြို့နယ်များကို အငှားစုံစမ်းမှုများ များပြားနေပြီး လုံးချင်းအိမ် တစ်အိမ်လျှင် ငှားရမ်းနေထိုင်မှု ဈေးနှုန်းမှာ ကျပ်သိန်း ၂ဝ မှ ၁ဝဝ ကြား ပေါက်ဈေးရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၁၅ ရာခိုင်နှုန်း အခွန်ဆောင်ပါက ဝင်ငွေရလမ်း ဖော်ပြစရာမလိုဘဲ အိမ်ခြံမြေတိုက်တာ အဆောက်အအုံများ ဝယ်ယူခွင့်ပေးထားသည့် စနစ်အား ကာလအတန်ကြာ ကျင့်သုံးခဲ့ပြီး ယင်းကာလအတွင်း အိမ်ခြံမြေဈေးနှုန်းသည် အတက်အကျ ပုံစံဖြင့် သွားနေခဲ့သည်။ သို့သော် ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်လောက်မှစ၍ အိမ်ခြံမြေဈေးနှုန်းသည် တဖြည်းဖြည်း တက်ရိပ်ပြလာပြီး အစိုးရသစ်လက်ထက် စီးပွားရေးတံခါး ဖွင့်လိုက်ပြီးနောက် အရှိန်အဟုန်ဖြင့် မြင့်တက်လာခဲ့သည်။ ၂ဝ၁ဝ လောက်တွင် တစ်ဧကလျှင် ကျပ်သိန်း ၂ဝဝဝ နှင့် ၂၅ဝဝ ဝန်းကျင်လောက်သာရှိသော လှိုင်သာယာစက်မှုဇုန်တွင် လက်ရှိအချိန်တွင် တစ်ဧကလျှင် သိန်း ၅ဝဝဝ ကျော် ၆ဝဝဝ လောက်အထိ မြင့်တက်လာခဲ့သည်။ ယခင်က ကျပ်သိန်း ၁ဝဝဝ ဝန်းကျင်ရှိသော မင်္ဂလာဒုံစက်မှုဇုန်တွင် ယခုအခါတွင် ကျပ်သိန်း ၃ဝဝဝ ခန့်ရှိကြောင်း သိရသည်။ ယင်းကဲ့သို့ မြင့်တက်လာခြင်းသည် နိုင်ငံရေးအရ ပွင့်လန်းလာနိုင်သည့် အလားအလာများကို မျှော်ကိုး၍ ဈေးတက်လာခြင်းဖြစ်ပြီး လက်ရှိအချိန်တွင်လည်း ၂ဝ၁၅ နောက်ပိုင်း အခင်းအကျဉ်းအား မျှော်လင့်နေကြကြောင်း သိရှိရသည်။

Credit: eleven

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service