နှုတ်တစ်ရာ စာတစ်လုံး - Property Knowledge in Myanmar from iMyanmarHouse.com
2138 Views

နှုတ်တစ်ရာ စာတစ်လုံး

Knowledge | Posted by Zarni Kyaw

လူရယ်လို.ဖြစ်လာလျှင် မိမိ၏ ဘဝခရီးလမ်းဝယ် ငွေကြေး၊ ပစ္စည်း နှင့် အခြားသောကိစ္စရပ်များအတွက် စာချုပ်စာတမ်းများ ချုပ်ဆိုရမည်မှာ မလွဲပေ။ ထိုသို.ချုပ်ဆိုရာတွင် ဥပဒေနှင့်ညီညွတ်မှ ဆုံးရှုံးမှုနှင့် ကင်းဝေးပေမည်။

တချို.လူများသည် အိမ်ခြံမြေဝယ်ယူရာ၌လည်းကောင်း၊ ကိစ္စကြီးငယ် ဆောင်ရွက်ရာ၌လည်းကောင်း တတ်ကျွမ်းနားလည်သည့် ရှေ.နေရှေ.ရပ်များကို ညဏ်ပူဇော်ခ သိန်းချီးပေး၍ ဌားကြလေသည်။ တချို.လူများမှာမူ အသင့်ရိုက်နိုပ်ထားသည့် စာချုပ်များ ဝယ်ယူ၍ အလွယ်တကူ ချုပ်ဆိုကြသည်။ ပိုင်ဆိုင်မှု အားနည်းသည့်ကိစ္စနှင့်ကြုံတွေ.က ဆုံးရှုံးမှု နှင့် ရင်ဆိုင်ကြရလေသည်။

စာချုပ်ချုပ်ဆိုရာ၌ အဓိကအချက် (၃) ချက် ရှိပါသည်။ ပထမအချက်မှာ ပိုင်ဆိုင်မှုစာရွက်စာတမ်းများ မှန်မမှန်၊ ဒုတိယအချက်မှာ လက်ရှိပိုင်ရှင် ဟုတ်မဟုတ်နဲ. သက်ဆိုင်ရာဥပဒေများနှင့် ညီညွတ်မှု ရှိမရှိ ဖြစ်လေသည်။

တချို.လူများသည် ပစ္စည်း (အိမ်၊ မြေ၊ တို်က်ခန်း) ၏ အနေအထားကို ဂဃဏန မသိဘဲ အခြားသူများချုပ်ဆိုသည့် စာချုပ်နမူနာအတိုင်း ချုပ်ဆိုကြလေသည်။ နောင်တွင် ပိုင်ရှင်မဟုတ်သူထံမှ ဝယ်မိသဖြင့် ဆုံးရှုံးကြရလေသည်။

ကျွမ်းကျင်ရာလိမ္မာဆိုသလို စာချုပ်ရာ၌လည်း သူ.အတတ်ပညာနှင့်သူ ရှိလေသည်။ တချို.က အရပ်ကတိစာချုပ်များကို စာချုပ်တန်ဖိုးကြီးကြီးနဲ.ချုပ်မှ ခိုင်မာတယ်။ စာချုပ်နောက်ကြောမှာ ကိုယ်တိုင်ထုတ်ဝေတဲ့ စာချုပ်ဖြစ်မှ တရားဝင်တယ်။ ပြီးတော့ စာချုပ်နောက်ကြောမှာ စာရေးရင် တရားမဝင်းဘူးဟု ဆိုကြလေသည်။ တကယ်တော့ တံဆိပ်ခေါင်းခွန်အက်ဥပဒေက ပြဌာန်းသည်.အတိုင်း သတ်မှတ်တံဆိပ်ခေါင်းခွန်းထမ်းဆောင်မှသာ တရားဝင်ပါသည်။ လျော့နည်းလျှင်သာ အခက်တွေ.နိုင်ပါသည်။ သို.သော် ဥပဒေအရ ဆုံးရှုံးမှု မရှိနိုင်ပါ။ ပြီးတော့ယင်းဥပဒေတွင် ကိုယ်တိုင်ထုတ်မှ နောက်ကျောတွင် အဘောတူညီချက်များ မရေးရဟု ပြဌာန်းမထားပါ။

သိန်းပေါင်းသောင်းချီတန်သည့် အိမ်ခြံမြေ အရောင်းအဝယ်စရန်ငွေပေးကတိစာချုပ်ကို အရပ်ကတိစာချုပ်(၆)ကျပ်တန် (ယခု ၆၀၀ိ/ ) ဖြင့်ချုပ်ဆိုလျှင် ဥပဒေနှင့်ညီ၍ ခိုင်မာပါသည်။ မှတ်ပုံတင်စာချုပ် ချုပ်ဆိုက တံဆိပ်ခေါင်းခွန် ၇% ၊ နယ် ၅% (မှတ်ချက် ။ ။ အချိန်နှင့်အမျှ ဈေးနှုန်း ပြောင်းနိုင်ပါသည်) သတ်မှတ်သဖြင့် တံဆိပ်ခေါင်းခွန် သိန်းချီ၍ ထမ်းဆောင်ရပါမည်။ ဤခြားနားချက်ကို သတိချပ်ဖို.လိုပါသည်။

တစ်ဖန် ပိုင်ရှင်ဟုဆိုရာ၌ လက်ရှိအမည်ပေါက်ပိုင်ရှင် ဖြစ်ရပါမည်။ မပိုင်သူက ရောင်း၍မရပါ။ လင်းမယား နှစ်ဦး အမည်ပေါက်က နှစ်ဦးစလုံး ပါဝင်ရပါမည်။ လင်း (သို.မဟုတ်) မယားကွယ်လွန်က အမွေခံလင် (သို.မဟုတ်) မယားဖြစ်ရပါမည်။ မိဘနှစ်ပါး ကွန်လွန်က အမွေခံကိတ္တိမ သားသမီးအပါအဝင် သားရင်းသမီးရင်းများ၊ အမွေမီမြေးနှင့် အမွေမမီမြေးများ ပါဝင်ရပါမည်။ အချို.လက်ရှိ နေထိုင်သူ အိမ်ဌားနှင့် ကျုးကျော်သူများထံမှ ဝယ်ယူမိသဖြင့် နစ်နာဆုံးရှုံးသူများလည်း မနည်းပေ ။

တချို.လူများမှာ အရေးပေါ်ငွေလိုသဖြင့် အခြားသူအမည်ပေါက်ပိုင်ဆိုင်သည့် အိမ်မြေ/ တို်က်ခန်းများကိုနိုတြီပါဝါဖြင့် ရောင်းဝယ်ကြရာ ပိုင်ရှင်ဖြစ်သူမှ ထိုသူအား ပါဝါပေးထားခြင်းမရှိသဖြင့် ဝယ်သူမှာ ဆုံးရှုံးနစ်နာရလေသည်။

ဆိုဦးအံ့ ၊ တချို.မြေရှင်များသည် ကန်ထရိုက်တာနှင့် အခန်းပေးအခန်းယူစနစ်ဖြင့် မိမိပိုင်မြေပေါ်တွင် ကန်ထရိုက်တိုက်သစ် ဆောက်လုပ်၍ စာချုပ်ရာ၌ တိုက်သစ်ပေးအပ်မည့် ရက်စွဲမပါသဖြင့် တရားစွဲမရ ဖြစ်ကြရလေသည်။ တချို.ကန်ထရိုက်တို.သည် တိုက်သစ်ဆောက်ရန်အတွက် မြေရှင်ထံမှ ဂရန်မူရင်းနှင့် အထွေထွေကိုယ်စာလှယ်လွှဲစာများ ယူထားကြပြီး ၊ တိုက်သစ်မဆောက်သည့်အပြင် ထိုမြေကွက်ကို ရောင်းချပေါင်းနှံကြသည့်အတွက် မြေရှင်များ နစ်နာကြရလေသည်။ မြေရှင်အနေဖြင့် GP ကို ပေးသာပေးလိုက်ရသည်။ GP တွင် မည်သည့်အချက်များပါသည်ကို မသိပေ။ သိအောင်လည်း မကြိုးစား ။

စာချုပ်ချုပ်ဆိုရာတွင် ပဋိညာန်ဥပဒေကို အဓိကထား၍ ချုပ်ဆိုကြရပါသည်။ ပျက်ပြယ်သည့်အချက်များမှ လွှဲ၍ နှစ်ဖက် မိမိဖြစ်ချင်သည့်အချက်များကို ချုပ်ဆိုနိုင်ပါသည်။ ပြည့်စုံလေ ကောင်းလေပါပဲ ။ နှုတ်တရား စာတစ်လုံးဆိုသလို နောင်တွင်ပြဿနာဖြစ်က စာချုပ်ပါအချက်များအတိုင်း လိုက်နာကြရလေသည်။

Credit : winningland

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service